ကျနော့်ဆီမှာ Rune ပညာသင်ကြားနေတဲ့ ညီငယ်တစ်ယောက်က "Rune ပညာအရ ပြောစကားနားမထောင်တဲ့ သားသမီးကို ထိန်းချုပ်ရမယ်ဆိုရင် ဘယ်လိုလုပ်နိုင်မလဲ?" ဆိုတဲ့မေးခွန်းတစ်ခုကိုမေးလာပါတယ်။ ဒါနဲ့ သူ့ကိုရှင်းပြရင်း မိတ်ဆွေတို့လည်း လိုအပ်မှာပဲ ဆိုတဲ့အတွေးနဲ့ ဒီကနေပါတင်ပေးလိုက်ပါတယ်။ ပုံထဲမှာအသုံးပြုထားတဲ့ Rune သင်္ကေတတစ်ခုခြင်းစီရဲ့ ​အသုံးပြုခဲ့ရခြင်းအကြောင်းကို မကျဥ်းမကျယ်လေးအရင် ရှင်းပြပေးပါတယ်။

✅ Algiz ✅

ဒီ Rune သင်္ကေတက အကာအကွယ်စွမ်းအင်နဲ့ ကောင်းချီးမင်္ဂလာကိုပေးပါတယ်။

✅ Raidho ✅

ဒီ Rune သင်္ကေတက အဆိုးမြင်စိတ်တွေကို ချေဖျက်ပေးတယ်။

✅ Sowilo ✅

ဒီ Rune သင်္ကေတက စွမ်းအင်တွေကို သိမ်းဆည်းပေးတယ်။

✅ Laguz ✅

ဒီ Rune သင်္ကေတက ပင်ကိုယ်စွမ်းအင်ကို တိုးမြှင့်ပေးတယ်။

✅ Berkano ✅

ဒီ Rune သင်္ကေတက ကလေးတွေကိုကာကွယ်ပေးတယ်။

✅ Gebo ✅

ဒီ Rune သင်္ကေတက ကလေးနဲ့မိဘကြားက ဆက်ဆံရေးကို အဆင်ပြေအောင်ဖန်တီးပေးတယ်။
ဒီတော့ Rune Formula အရ ဒီ တံဆိပ်ဟာ ...

👉 မလိမ္မာတဲ့သားသမီး
👉 အဆိုးမြင်စိတ်များနေတဲ့သားသမီး
👉 ပြောစကားနားမထောင်တဲ့သားသမီး

တွေကို ကုစားနိုင်ပါတယ်။ ဒီနည်းလမ်းအရ မိဘနဲ့သားသမီးကြားက ဆက်ဆံရေးကို ပြေလည်အောင်ထိန်းညှိပေးခြင်း၊ သားသမီးကိုကာကွယ်ပေးခြင်းစတဲ့ Rune စွမ်းအင်တွေကြောင့် ကလေးအပေါ် ထိခိုက်နစ်နာခြင်းမျိုးလည်း မရှိနိုင်ပါဘူး။

အသုံးပြုနည်း

မလိမ္မာတဲ့ သားသမီးရဲ့ ဓာတ်ပုံနောက်ကျောမှာ ဒီသင်္ကေတကို ခဲတံနဲ့ တူညီအောင် ကူးရေးပါ။ အဲ့ဒီလိုရေးဆွဲရမယ့်နေ့ဟာ တနင်္လာနေ့ ဖြစ်ရပါမယ်။ အချိန်အတိအကျတော့ မလိုအပ်ပါဘူး။ အဲ့ဒီလိုရေးပြီးတဲ့အခါ ပုလင်းအညိုရောင်တစ်လုံးထဲကို ဓာတ်ပုံလိပ်ပြီးထည့်လိုက်ပါ။ အဲ့ဒီပုလင်းကို အဖုံးပိတ်ပြီး အဲ့ဒီကလေးရဲ့ အိပ်ခန်းထဲမှာထားပေးလိုက်ပါ။
ကလေးကို မသိစေချင်ရင်တော့ ပုလင်းဝှက်ထားပေါ့။ သိလည်း ဘာမှတော့မဖြစ်ပါဘူး။ ဒါပေမယ့် ရှုပ်တယ်ဆိုပြီး ဖယ်ပစ်မှာစိုးလို့ပါ။ အစီရင်ကတော့ ဒါပါပဲ။