ငွေကြေးကံမကောင်းသူတွေ၊ လာဘ်ပိတ်နေသူတွေ၊ စီးပွားရေးအကျပ်အတည်းဖြစ်နေသူတွေ၊ စျေး ရောင်းမကောင်းသူတွေ၊ ဆိုင်မှာ လူမဝင်လို့ စိတ်ဓာတ်ကျနေသူတွေအတွက် လွယ်လွယ်ကူကူနဲ့ ငွေကြေးလာဘ်လာဘတိုးတက်စေတဲ့ အဆောင်လုပ်နည်းလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်။ ဒီနည်းက လူတိုင်းလုပ်ဆောင်နိုင်ပါတယ်။ လုပ်ဆောင်နည်းတိတိကျကျ တင်ပြပေးပါမယ်။ ယုံယုံကြည် ကြည်နဲ့ တိတိကျကျလေး လိုက်လုပ်ပေးဖို့တော့ အထူးလိုအပ်ပါတယ်။ မဟုတ်ရင် ဘာအကျိုးမှ ထူးမှာ မဟုတ်ပါဘူး။ တိတိကျကျလိုက်လုပ်ပေးသူတွေအတွက်ကတော့ မုချ အကျိုးထူးမယ်လို့ အာမမခံပါ တယ်။

ပထမဆုံး လပြည့်နေ့နဲ့ တနင်္လာ တိုက်ဆိုင်တဲ့နေ့ရက်တစ်ခုကို ရှာပါ။ ( အဆင်မပြေသူများအတွက် ရိုးရိုး လပြည့်နေ့မှာလည်း စီရင်နိုင်ပါတယ်။ ဒါပေမယ့် တနင်္လာနဲ့တိုက်ဆိုင်တဲ့ လပြည့်နေ့က အကောင်းဆုံးပါ။ ရာသက်ပန်ဆောင်လို့ရတဲ့အဆောင်မို့ တိတိကျကျလိုက်လုပ်နိုင်ရင်အကောင်းဆုံးဖြစ်ပါတယ်။ ) အဲဒီနေ့ မရောက်ခင်ကတော့ အောက်ပါ လိုအပ်တဲ့ပစ္စည်းတွေကို ကြိုတင်ရှာထားဖို့ လိုအပ်ပါတယ်။

( ၁ ) အစိမ်းရောင်ဖယောင်းတိုင်တစ်တိုင် ( အရမ်းမသေးသင့်ပါ။ )

( ၂ ) ခရေသား ကောင်းကောင်းသန့်သန့် လက်တစ်ဆစ်စာ ( မသေးရ။ ပိုးအနာမပါစေရ )

( ၃ ) လက်ဖက်အသား ကွမ်းသီးလေးလုံးစာခန့်

( ၄ ) အညိုရောင်အပ်ချည်ကြိုးတစ်လံခန့်

( ၅ ) ခရေသားထွင်းရန် ဓားငယ်တစ်ချောင်း

( ၆ ) ဖယောင်းတိုင်တင်ထွန်းရန် လစ်ပိုပုလင်းတစ်လုံး ( အထဲမှာ ရေအပြည့်ထည့်ထားပါ။ )

( ၇ ) လင်ဗန်းခပ်ကြီးကြီးတစ်ချပ် ( အရမ်းမကြီးလဲ ရပါတယ်။ )

( ၈ ) ဖယောင်းတိုင်ပေါ်မှာ စာထွင်းရန် အပ်တစ်ချောင်း

လပြည့်နေ့ရောက်ပြီဆိုရင်တော့ မနက် ( ၉း၀၀ ) တိတိမှာ အစိမ်းရောင်ဖယောင်းတိုင်ပေါ်မှာ … “ သုခံ ဓနံ လာဘံ ဧဟိ ဧဟိ ” ဆိုတဲ့ ဂါထာကို အပ်နဲ့ရေးထွင်းပါ။ လင်ဗန်းအလယ်မှာ လစ်ပိုပုလင်းကို တင်ပြီး အပေါ်မှာ အစိမ်းရောင်ဖယောင်းတိုင်ကို ထွန်းပါ။ ပုလင်းရဲ့ရှေ့နောက်တောင်မြောက်အရပ်လေးမျက်နှာ မှာ လက်ဖက်အသားကို လေးပုံပုံပြီးထည့်ပါ။ တစ်ပုံကွမ်းသီးလုံးလောက်ဖြစ်ရပါမယ်။ ပြီးရင် လက်တစ် ဆစ်စာဖြတ်ယူထားတဲ့ ခရေသားကို ဆောင်လို့ကောင်းမယ့် အနေအထားဖြစ်အောင် ဓားငယ်ဖြင့် အချော သပ်ပါ။ အချောသပ်လို့ပြီးပြီဆိုရင် အလယ်ဗဟိုလောက်မှာ အထစ်လေးတစ်ခု ဖြစ်ပေါ်လာအောင် ဓားနဲ့ ရစ်ပြီးထွင်းပေးပါ။ ပြီးရင် အဲဒီအလယ်ရစ်မှာ အညိုရောင်အပ်ချည်ကြိုးကို ပတ်ချည်ပါ။ ခရေသားထွင်း တာရော၊ ကြိုးပတ်တာရော အားလုံးလုပ်နေချိန်မှာ “ သုခံ ဓနံ လာဘံ ဧဟိ ဧဟိ ” ဆိုတာကို အဆက်မ ပြတ်ရွတ်ဆိုပေးပါ။ ပြီးရင် အဲဒီခရေသားကို လင်ဗန်းထဲက ပုလင်းဘေးမှာ ကပ်ချထားပြီး ယနေ့မှစ၍ ငွေကြေးလာဘ်လာဘများ အဆက်မပြတ် ဝင်ပါစေ … လို့ အလေးအနက် ဆုတောင်းပါ။ ဆုတောင်းလို့ ကျေနပ်ပြီဆိုရင် ဖယောင်းတိုင်မီးကုန်တဲ့အထိ ထားလိုက်ပါ။ ဖယောင်းတိုင်မီးကုန်ရင်တော့ ခရေသား လေးကိုယူပြီး ပိုက်ဆံအိတ်ထဲ ( ဒါမှမဟုတ် ) ပိုက်ဆံထားတဲ့ အံဆွဲထဲထည့်ထားလိုက်ပါ။ အဲဒီအဆောင် ထည့်ထားတဲ့အချိန်ကစပြီး ငွေကံပွင့်လန်းလာတာကို မျက်ဝါးထင်ထင်တွေ့ရပါလိမ့်မယ်။