လူတွေဟာ မျှော်လင့်ချက်တွေ၊ ရည်ရွယ်ချက်တွေနဲ့ အသက်ရှင်နေထိုင်ကြရတာပါ။ ဘ၀မှာ ရည်ရွယ် ချက်ကြီးသူ၊ ရည်မှန်းချက်ကြီးသူတွေဟာ ပိုပြီးအောင်မြင်တတ်ကြသလို၊ ပျော်ရွှင်ကျေနပ်မှုကို လည်း ပိုပြီး ရရှိတတ်ကြပါတယ်။ ဒါပေမယ့် တခါတရံ ကျနော်တို့ဟာ ဘေးကြပ်နံကြပ်အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေ ပြောင်းလဲပစ်ရမလိုလို၊ ပျောက် ဆုံးကုန်သလိုလိုတွေအထိ ဖြစ်ကုန်တာမျိုးတွေလည်း ကြုံဖူးကြမယ်ထင်ပါတယ်။ တခါတရံ လက်နက်ချ အရှုံးပေးလိုက်ရတဲ့အထိဖြစ်ပြီး ဘ၀ပျက်သွားသူတွေတောင်မှ တွေ့မြင်ဖူးပါတယ်။ ဒီလိုအဖြစ်မျိုးတွေကို စိတ်အင်အားနည်းပါးသူတွေ အဖြစ်များတာတွေ့ရပါတယ်။ ရံခါ စိတ်အင်အားကြီးမားပါတယ်ဆိုတဲ့ လူတွေတောင်မှ မိမိဆန္ဒနဲ့ ဖြစ်လာတာ မကိုက်ညီတဲ့အခါမျိုးတွေမှာ စိတ်အပြောင်းအလဲတွေဖြစ်ကုန် တာမျိုးကိုလည်း တွေ့မြင်ကြားသိနေရပါတယ်။ ဒီတော့ မိမိရဲ့ရည်ရွယ်ချက်ပန်းတိုင်တွေကို လွယ်လွယ်နဲ့ မပျောက်ပျက်ရလေအောင် နေ့စဉ်အထပ်ထပ်တွေးပြီး ရောက်အောင်သွားမယ်၊ ဖြစ်အောင်လုပ်မယ် လို့ စိတ်မာန်သွင်းထားစေချင်ပါတယ်။ ဒီနေရာမှာ မိမိရည်ရွယ်ချက်ပန်းတိုင်တွေကို တကယ်တမ်းပြည့်စုံ လာစေမယ့် ဂမ္ဘီရနည်းလမ်းလေးတစ်ခု လက်ဆောင်ပေးလိုပါတယ်။ လွယ်လည်းလွယ်တာမို့ လုပ်ကြည့် စေချင်ပါတယ်။ လက်တွေ့လုပ်လို့ ချက်ချင်းကြီး မအောင်မြင်သေးရင်တောင်မှ အကျိုးမယုတ်ပါဘူး။ ဒီနည်းဟာ အနောက်တိုင်းဂမ္ဘီရနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အစီရင်သဘောတရားကိုတော့ အသေးစိတ်ရှင်းမပြတော့ပါဘူး။ လုပ်ရမယ့် နည်းလမ်းတွေကိုတော့ အသေးစိတ်ရှင်းပြပေးပါမယ်။

လပြည့်နေ့ မနက်ကနေ စတင်ပြီးလုပ်ဆောင်ရပါမယ်။ ဒီနေရာမှာ အချိန်အတိအကျမလိုအပ်ပေမယ့် အချိန်နဲ့ ကန့်သတ်ပြတာက ပိုပြီးဆင်ပြေနိုင်တာကြောင့် မနက် ၆ နာရီတိတိမှာ စတင်လိုက်ပါလို့ အကြံ ပြုပါရစေ … အချိန်ကတော့ မိမိစိတ်ကြိုက်ပြောင်းပါ။ ဒီမှာတော့ နမူနာအဖြစ် မနက် ၆ နာရီကိုပဲ စံထား ပါမယ်။ ပြီးတော့ မိုးရေစစ်စစ်လိုပါမယ်။ ဒါကတော့ မိုးတွင်းအခါမှာ မိုးရေခံယူထားမှပဲ အဆင်ပြေပါလိမ့် မယ်။ ကျန်တဲ့အချိန်တွေကတော့ မိုးမရွာတာမို့ အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ မိုးရေစစ်စစ်လို့ ပြောလိုက်တော့ တချို့က မိုးရေအတုရှိသေးလို့လားလို့ မေးချင်မေးလာနိုင်ပါတယ်။ ကျနော်ဆိုလိုတာက ဘာနဲ့မှ တဆင့်ခံယူထားတဲ့မိုးရေမဟုတ်ပဲ … တိုက်ရိုက်မိုးပေါ်က ကျလာတဲ့ မိုးရေကို ခွက်တစ်ခုခုနဲ့ တိုက်ရိုက်ခံယူထားရတဲ့ မိုးရေအမျိုးအစားကို ပြောတာပါ။ အိမ်ခေါင်မိုး၊ ရေတံလျောက်က ကျလာတဲ့ မိုးရေမျိုးမရပါဘူး။ ပြီးရင် မိုးရေထည့်ထားတဲ့ခွက်ထဲကို ရေသံကျောက်တစ်လုံးထည့်ပါ။ မြန်မာပြည်မှာ အလွယ်တကူ ရှာဖွေဝယ်ယူလို့ရပါတယ်။ အဲဒီခွက်ကို အိမ်ရှိ မိသားစုဝင်တွေ အနှောင့်အယှက်မပေးနိုင် တဲ့ နေရာတစ်ခုခုမှာ ထားပေးပါ။ ၃ ရက် ၃ ည ထားရပါမယ်။ ၄ ရက်မြောက်တဲ့ နေ့မနက်မှာ အဲဒီထဲက ကျောက်ကို ထုတ်ယူနိုင်ပါပြီ။ ဒီတော့ လပြည့်မနက် ၆ နာရီမှာ စတင်လုပ်ဆောင်ခဲ့တာမို့ … လပြည့် ကျော် ၃ ရက်နေ့ မနက် ၆ နာရီမှာ ကျောက်ကို ထုတ်ယူပေးရမှာဖြစ်ပါတယ်။ ထုတ်ယူထားတဲ့ကျောက်ကို မိမိသန်ရာလက်နဲ့ဆုပ်ကိုင်ထားရင်း မိမိရည်ရွယ်ထားတဲ့ ရည်ရွယ်ချက်ပန်းတိုင်ကို မြင်ယောင်ပေးပါ။ ဖြစ်လာဖို့လည်း ဆုတောင်းပါ။ ဖြစ်အောင်လုပ်မယ်လို့လည်း အဓိဋ္ဌာန်ပြုထားပါ။ ပြီးရင် ဆောင်ထားလိုက် ပါ။ အချိန်ရတိုင်း လက်ထဲဆုပ်ကိုင်ရင်း … စိတ်ကူးထဲမှာ ပြတ်ပြတ်သားသားမြင်ယောင်လာတဲ့အထိ လုပ်ဆောင်ပေးပါ။ လုပ်နည်းလေးကတော့ ဒါပါပဲ … အဆင်ပြေကြပါစေဗျာ …