ဒီနေရာမှာ ဗဟုသုတအဖြစ် အနောက်တိုင်းသားတို့ရဲ့ ထူးထူးဆန်းဆန်းငွေခေါ်နည်းလေးတစ်ခုကို ဒီမှာ သင်ပြပေးပါမယ်။ ဒီနည်းအတွက် …

( ၁ ) ဖယောင်းတိုင်အစိမ်းတစ်တိုင် ( အတိုင်သေးလောက်ဆိုရပါတယ်။ )

( ၂ ) သစ်ကြံပိုးခေါက်တစ်ခု ( လိုလိုပိုပို သုံးခုလောက်ဆောင်ထားပါ။ )

( ၃ ) ခဲတံတစ်ချောင်း ( အသစ်ဖြစ်ရင် ပိုကောင်းပါတယ်။ )

( ၄ ) စာရွက် အလွတ်တစ်ရွက် ( လိုအပ်သလောက်ပဲဖြတ်ယူထားပါ။ A4 တရွက်လုံးမလိုပါ။ )

( ၅ ) မီးခြစ်တစ်လုံး ( ဘာမီးခြစ်ဖြစ်ဖြစ်ပါ။ )

( ၆ ) ကြွေပန်းကန်ပြားသေးတစ်ချပ်

( ၇ ) သဲအပြည့်ထည့်ထားတဲ့ခွက်တစ်ခု

ဒီနည်းကို လဆန်းပိုင်းတွေမှာ လုပ်ဆောင်ပေးရပါမယ်။ လေအဝင်အထွက်၊ အလင်းအဝင်အထွက် ကောင်းတဲ့ပြီး သင့်တော်လောက်တဲ့ အခန်းမှာ ဒီအစီရင်ကို လုပ်နိုင်ပါတယ်။ ဖြစ်နိုင်ရင် အနှောင့် အယှက်ကင်းတဲ့နေရာမှာ တကိုယ်တည်း လုပ်ဆောင်ပေးပါ။ စာရွက်ပေါ်မှာ ဖယောင်းတိုင်နဲ့ ခြောက် ထောင့်ကြယ်ပုံကို ရေးဆွဲလိုက်ပါ။ သစ်ကြံပိုးခေါက်ပေါ်မှာ အောက်ပါစာတမ်းကို ခဲတံနဲ့ရေးပါ။

I love money, and money loves me.

ပြီးရင် Avacado ( အဗာခါဒိုး ) ဆိုတဲ့ အသံကို ဆက်တိုက်ရွတ်ဆိုရင်း … သစ်ကြံပိုးခေါက်ကို မီးရှို့ လိုက်ပါ။ သစ်ကြံပိုးခေါက်ကို မီးရှို့ရတဲ့နေရာမှာ အခက်အခဲတချို့ရှိနိုင်ပါတယ်။ ဒီတော့ တခုလုံး ပြာ ကျအောင် ချနေစရာမလိုအပ်ပါဘူး။ ပြာနည်းနည်းရပြီဆိုရင်ပဲ အဆင်ပြေပါပြီ။ လိုချင်တာက အဲဒီက ပြာဖြစ်ပါတယ်။ ရလာတဲ့ပြာကို ကြွေပန်ကန်းပြားထဲ ရနိုင်သလောက် ထည့်ထားပါ။ ပြီးရင် … အဲဒီပြာ နဲ့ စာရွက်ပေါ်က ဖယောင်းနဲ့ရေးထားတဲ့ကြယ်ကို ပွတ်ပေးပါ။ ကြယ်ရေးဆွဲထားတဲ့ မျဉ်းကြောင်းတွေ အပေါ်မှာပွတ်ပေးရမှာဖြစ်ပါတယ်။ ဒီအခါ စာရွက်ဖြူပေါ်မှာ ကြယ်ပုံဟာ ထင်ရှားပြီးပေါ်လာမှာဖြစ်ပါ တယ်။ ဒီလိုပေါ်လာပြီဆိုရင်တော့ Avacado ( အဗာခါဒိုး ) ရွတ်နေတာကို ရပ်လိုက်လို့ရပါပြီ။ အဲဒီစာရွက်ကို ကြယ်ဘက်အထဲထားပြီး လိပ်လိုက်ပါ။ သဲအပြည့်ထည့်ထားတဲ့ခွက်မှာ အဲဒီစာရွက် လိပ်လေးကို စိုက်ထူပြီး အမွှေးတိုင်မီးရှို့သလို မီးရှို့ပေးရင်း … ငွေကြေးလာဘ်လာဘတွေရရှိဖို့ ဆုတောင်းပေးရမှာဖြစ်ပါတယ်။ ဒီအစီရင် အစအဆုံးပြုလုပ်ချိန်က မကြာပါဘူး။ ရေးပြနေလို့သာ ကြာသလိုရှိနေတာပါ။ အနောက်တိုင်းယုံကြည်သူများကတော့ လပြည့်ရောက်တိုင်း ဒီအစီရင်ကို လုပ်လေ့လုပ်ထရှိကြပါတယ်။ ဒီအစီရင်မှာ ထူးခြားတာက အစိမ်းရောင်ဖယောင်းတိုင်ကို လုံး၀ မထွန်းပါဘူး။ မီးထွန်းဖို့ ဖယောင်းတိုင်လိုအပ်ရင် အခြားဖယောင်းတိုင်ကိုသာ အသုံးပြုတတ်ကြပါ တယ်။ အများအားဖြင့် … မီးခြစ်နဲ့သာ မီးရှို့မှုအစအဆုံးကို ပြုလုပ်ကြလေ့ရှိကြပါတယ်။ ယုံယုံကြည် ကြည်ပြုလုပ်ကြည့်ပါ။ ထူးခြားပါတယ်။ အကျယ်ထပ်ပြီးမရှင်းပြတော့ပါဘူး။