တရုတ်ဂမ္ဘီရပညာမှာ ဓာတ် ၅ ပါးဆိုတဲ့ အယူအဆရှိပါတယ်။ ကျနော်တို့ မြန်မာတွေအသုံးပြုတဲ့ ဓာတ် ၄ ပါးနဲ့တော့ မတူပါဘူး။ ဒါကြောင့် သူတို့ရဲ့ ဓာတ် ၅ ပါးအကြောင်းကို လေ့လာတဲ့နေရာမှာ ကျနော်တို့ သိထားတဲ့ ဓာတ်လေးပါးအကြောင်းကို ခဏမေ့ထားလိုက်ဖို့ လိုပါလိမ့်မယ်။ မဟုတ်ရင် စောဒကတက်စရာတွေများလာနိုင်လို့ပါ။ သူတို့ရဲ့ အယူအဆမှာတော့ အဲဒီ ဓာတ် ၅ ပါးဟာ ​စကြာ၀ဠာထဲက အခြေခံအကျဆုံး ဓာတ်တွေဖြစ်တယ်လို့ ယူဆထားပါတယ်။ ဒီဓာတ်တွေရဲ့ အပြန်အလှန်သက်ရောက်မှုတွေကနေ အရာအားလုံးဟာ သက်ရောက်မှုတွေဖြစ်ပေါ်နေတယ်လို့လည်း ဆိုထားပါတယ်။ ဒီဓာတ်တွေကို တရုတ်လို ၀ူယှင်း ( Wu Xing ) လို့ ခေါ်ပါတယ်။ လုပ်ဆောင်ချက် ငါးခု လို့ အလွယ်ဆုံး အဓိပ္ပါယ်ပြန်နိုင်ပါတယ်။ ဒီဓာတ်တွေကို တရုတ်တွေက ဆေးပညာဆိုင်ရာ၊ ဖုန်းရွှေဆိုင်ရာ၊ ဒဿနိကဆိုင်ရာ၊ ဗေဒင်ပညာဆိုင်ရာဘက်တွေမှာ အသုံးပြုတတ်ကြပါတယ်။ ဥပမာ ဆေးပညာဆိုကြပါစို့ …

 

  • သစ်ဓာတ်ကို အရသာအားဖြင့် အချဉ်ဓာတ်၊ ကိုယ်အင်္ဂါအားဖြင့် မျက်စိလို့ ယူဆပါတယ်။
  • မီးဓာတ်ကို အရသာအားဖြင့် အခါးဓာတ်၊ ကိုယ်အင်္ဂါအားဖြင့် လျှာလို့ ယူဆပါတယ်။
  • မြေဓာတ်ကို အရသာအားဖြင့် အချိုဓာတ်၊ ကိုယ်အင်္ဂါအားဖြင့် ပါးစပ်လို့ယူဆပါတယ်။
  • သတ္တုဓာတ်ကို အရသာအားဖြင့် အစပ်ဓာတ်၊ ကိုယ်အင်္ဂါအားဖြင့် နှာခေါင်းလို့ ယူဆပါတယ်။
  • ရေဓာတ်ကို အရသာအားဖြင့် အငန်ဓာတ်၊ ကိုယ်အင်္ဂါအားဖြင့် နားလို့ ယူဆပါတယ်။

 

ဖုန်းရွှေပညာမှာအသုံးပြုတဲ့ ဓာတ်ငါးပါးရဲ့ အကျဉ်းသရုပ်ကို အောက်ပါဇယားအရ ကြည့်နိုင်ပါတယ်။

ဒီဇယားမှာ ဓာတ်သရုပ်ကို အကျဉ်းအားဖြင့်သာ ပြဆိုထားပါတယ်။ ဥပမာအားဖြင့် … သတ္တုဓာတ်ကို အဖြူလို့ ပြထားပေမယ့် မီးခိုးရောင်၊ ငွေရောင်အဖြစ်လည်း ဖွင့်ဆိုနိုင်ပါသေးတယ်။ ရေဓာတ်ဆိုတဲ့နေ ရာမှာလည်း အနက်ဆိုပေမယ့် အပြာလို့လည်း ယူဆနိုင်ပါသေးတယ်။ ပုံသဏ္ဍာန်ဆိုတဲ့နေရာမှာ မီးဓာတ် ကို တြိဂံလို့သာ ရေးပြခဲ့ပေမယ့် တကယ့်ဖုန်းရွှေအယူအဆမှာတော့ ထောင့်ချိုးတွေများတဲ့ပုံသဏ္ဍာန်လို့ ယူဆမှ ပိုပြီး မှန်ကန်နိုင်ပါတယ်။ ဒီထက် အသေးစိတ်ကို သင်တန်းမှာသာ သင်ပြပေးပါမယ်။ ဒီမှာ တော့ အကျယ်ရှင်းမပြသေးပါဘူး။ ဒီ ဓာတ် ၅ ပါးဟာ အပြန်အလှန်ဆက်သွယ်ချက်တွေရှိပါတယ်။ အဲဒီ အပြန် အလှန်ဆက်သွယ်ချက်တွေကိုလည်း ဖန်တီးခြင်းနဲ့ ဖျက်ဆီးခြင်းဆိုတဲ့ အသွင်နှစ်မျိုးနဲ့ ဖော်ပြလေ့ရှိပါ တယ်။ ဒီတော့ ဖန်တီခြင်းစက်၀ိုင်းအကြောင်းကို လေ့လာကြည့်ရအောင် …

 


  • သစ်သားက မီးကို ဖန်တီးပေးပါတယ်။ ( ဥပမာ တောမီးလောင်ခြင်း၊ ထင်းမီး စသဖြင့် )
  • မီးက မြေကို ဖန်တီးပေးပါတယ်။ ( ဥပမာ ချော်ရည်၊ ပြာ စသဖြင့် )
  • မြေက သတ္တုကို ဖန်တီးပေးပါတယ်။ ( ဥပမာ မြေကြီးအတွင်း သတ္တုဓာတ်များဖြစ်ပေါ်နေခြင်း )
  • သတ္တုက ရေကို ဖန်တီးပေးပါတယ်။ ( ဥပမာ သတ္တုပုံးများနှင့် ရေကို သယ်ဆောင်နိုင်ခြင်း )
  • ရေက သစ်ပင်ကို ဖန်တီးပေးပါတယ်။ ( ဥပမာ … သစ်ပင်အတွက် လိုအပ်တဲ့အာဟာရပေးခြင်း )

 

ဒီနေရာမှာ ဖန်တီးခြင်ဆိုတဲ့ စကားလုံးအစား ထောက်ပံ့ပေးခြင်းလို့ မြန်မာဆန်ဆန်လေးနားလည်လိုက် ရင် ပိုကောင်းမယ်ထင်ပါတယ်။

တဆက်ထဲ ဖျက်ဆီးခြင်းဆိုတဲ့ ကြယ်အကြောင်းလေ့လာရအောင် …



  • မီးဟာ သတ္တုကို ဖျက်ဆီးပါတယ်။ ( ဥပမာ … အရည်ပျော်အောင်လုပ်နိုင်ခြင်း )
  • သတ္တုဟာ သစ်သားကို ဖျက်ဆီးပါတယ်။ ( ဥပမာ … သစ်ပင်ကို ပိုင်းဖြတ်နိုင်ခြင်း၊ ဓား၊ လွှ စသည်)
  • သစ်သားဟာ မြေကို ဖျက်ဆီးပါတယ်။ ( ဥပမာ … မြေကြီးထဲ အမြစ်ထိုးဝင်ခြင်း၊ ကျောက်ကို ဖောက်ခွဲခြင်း )
  • မြေဟာ ရေကို ဖျက်ဆီးပါတယ်။ ( ဥပမာ … မြေကြီးဟာ ရေကို စုပ်ယူနိုင်ခြင်း )
  • ရေက မီးကို ဖျက်ဆီးပါတယ်။ ( ဥပမာ … မီးကို ရေနဲ့ ငြိမ်းသတ်နိုင်ခြင်း )

 

ဒီ ဖန်တီးခြင်းနဲ့ ဖျက်ဆီးခြင်းကို လက်တွေ့အသုံးပြုနိုင်ပါတယ်။ အစီရင်ပညာ၊ ဖုန်းရွှေပညာ၊ ဆေးပညာဆိုင်ရာတွေမှာ လက်တွေ့အသုံးပြုနေကြပါတယ်။ ဒါပေမယ့် နားမလည်ပဲတော့ အရမ်းကာ ရောမလုပ်သင့်ပါဘူး။ အမှားအယွင်းဖြစ်သွားရင် အကျိုးထက် အဆိုးဖြစ်သွားနိုင်ပါတယ်။

တရုတ်ရာသီခွင် ၁၂ ပါးအရ မွေးနှစ်ဆိုင်ရာ သတ္တဝါလေးတွေကို ပုံသေနည်းအရ ဓာတ် ၅ ပါးနဲ့ခွဲခြားနိုင်ပါ တယ်။ အောက်ပါဇယားကို ကြည့်ရင် နားလည်မယ်ထင်ပါတယ်။



 ဒီဇယားမှာ ဆိတ်ဆိုတဲ့ သတ္တဝါကို တခါတရံ သိုးလို့လည်း ယူဆတတ်ကြပါတယ်။ ကျနော်ကတော့ မြန်မာဆန်ဆန်လေး ဆိတ်လို့ပဲ ရေးပြ ပေးလိုက်ပါတယ်။

ဓာတ် ၅ ပါးကို ဖုန်းရွှေအရ အောက်ပါအတိုင်း ယူဆ သုံးစွဲတတ်ကြပါတယ်။


သစ်

ကျန်းမာရေး၊ တက်ကြွမှု၊ ကြီးထွားမှုကို ထောက်ပံ့ပေးပါတယ်။

စည်းစိမ်ဥစ္စာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ဥစ္စာတိုးပွားမှုကိုလည်း ပေးစွမ်းတတ်ပါတယ်။

အရောင်အားဖြင့် အစိမ်းရောင်၊ အညိုရောင်များကို အသုံးပြုပေးမယ်ဆိုရင် သစ်ဓာတ်ကို အသုံးပြုနေတာ လို့ ယူဆနိုင်ပါတယ်။

သစ်သားနဲ့ပြုလုပ်ထားတဲ့ အလှဆင်ပစ္စည်း၊ ပရိဘောဂ၊ စိမ်းလန်းသောသစ်ပင်၊ သစ်သီး၀လံ စတာတွေ ဟာ သစ်ဓာတ်ဖြစ်ပါတယ်။

 

မီး

ပျော်ရွှင်မှု၊ အောင်မြင်မှု၊ ကျော်ကြားမှုနဲ့ တီထွင်ဖန်တီးမှုကို ထောက်ပံ့ပေးပါတယ်။

အချစ်နဲ့ စိတ်အားထက်သန်မှုရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။

အနီရောင်၊ လိမ္မော်ရောင်၊ ခရမ်းရောင်၊ ပန်းရောင်တွေကို အသုံးပြုနိုင်ပါတယ်။

ဖယောင်းတိုင်၊ မီးခွက်၊ အလှမီးဆိုင်း၊ လျှပ်စစ်ပစ္စည်း၊ အနီရောင်တောက်တောက်ပစ္စည်းတွေဟာ မီးဓာတ်ဖြစ်ပါတယ်။ ရမ်းသုံးလို့တော့ မရပါဘူး။

 

မြေ

တည်ငြိမ်မှု၊ ခိုင်မြဲမှု၊ အစာအာဟာရ၊ အကာအကွယ်နဲ့ အထောက်အပံ့ဓာတ်တွေကို ပေးစွမ်းပါတယ်။

အတွင်းစိတ်နဲ့ ငြိမ်းချမ်းမှုရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။

အဝါနု၊ သဲအရောင်မျိုးတွေဟာ မြေဓာတ်ရဲ့အရောင်တွေဖြစ်ပါတယ်။ ဒီအရောင်မျိုးတွေဟာ အိပ်ခန်းနဲ့ အထူးသင့်တော်တယ်လို့လည်း ယူဆကြပါတယ်။

မြေနဲ့လုပ်ထားတဲ့ ပစ္စည်း၊ ကြွေနဲ့လုပ်ထားတဲ့ ပစ္စည်း၊ ပရိဘောဂတွေဟာ မြေဓာတ်ဖြစ်ပါတယ်။

 

သတ္တု

စည်းကမ်းကျနခြင်း၊ ကုန်ထုတ်မှုစွမ်းအား၊ ဖွဲ့စည်းမှု၊ ထိရောက်မှုတွေကို ထောက်ပံ့ပေးပါတယ်။

တည်ငြိမ်မှု၊ ကြည်လင်မှုနဲ့ ပေါ့ပါးမှုရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။

အဖြူရောင်၊ မီးခိုးရောင်နဲ့ ငွေရောင် ( တနည်းအားဖြင့် သတ္တုရောင် ) တွေဟာ သတ္တုဓာတ်အရောင် တွေဖြစ်ပါတယ်။

အဖြူရောင်ပစ္စည်း၊ သံပန်းကန်၊ စတီးပန်းကန်၊ သတ္တုဘောင်ပါဝင်တဲ့ ဓာတ်ပုံ စတာတွေဟာ သတ္တုဓာတ် တွေဖြစ်ပါတယ်။

 

ရေ

သက်သောင့်သက်သာဖြစ်ခြင်း၊ သဟဇာတကျခြင်း၊ လန်းဆန်းခြင်းတွေကို ထောက်ပံ့ပေးပါတယ်။

ကြွယ်၀မှုရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်တဲ့အတွက် ဖုန်းရွှေပညာမှာ ရေဓာတ်ကို လာဘ်လာဘအ တွက်အသုံးပြုလေ့ရှိကြပါတယ်။

အပြာရောင်နဲ့ အနက်ရောင်တွေဟာ ရေဓာတ်ရဲ့အရောင်တွေဖြစ်ပါတယ်။

ငါးကန်တွေ၊ စမ်းရေတွင်းတွေ၊ ရေတံခွန်ပုံတွေဟာ ရေဓာတ်တွေဖြစ်ပါတယ်။

 

ဒီဓာတ်တွေရဲ့ သရုပ်အသေးစိတ်ကို သင်တန်းမှာ အပြည့်အစုံထပ်သင်ပေးပါတယ်။ ဒီမှာတော့ အကြမ်းအားဖြင့်သာ မှတ်ထားပါ။ ဒီထက်ပြောပြရရင်လည်း အခြေခံကနေ စပြီး မလေ့လာခဲ့တဲ့အတွက် ပိုပြီး ရှုပ်ထွေးသွားနိုင်စရာရှိပါတယ်။ ဒီလောက်ဆိုရင် ဓာတ် ၅ ပါးရဲ့သဘောတရားနဲ့ လက်တွေ့အသုံးပြု တဲ့အခါ ဘာတွေထည့်သွင်းအသုံးပြုနိုင်မလဲဆိုတာကို နားလည်သဘောပေါက်လောက်မယ်ထင်ပါတယ်။ လက်တွေ့အသုံးတွေကို ကျနော့်ရဲ့ Youtube ချန်နယ်ကနေ ဆက်လက်ဖော်ပြပေးမှာဖြစ်လို့ Subscribe မလုပ်ရသေးရင် Subscribe လုပ်ထားကြပါလို့ အကြံပြုပါရစေ … မဟုတ်ရင် ကျနော် ဘယ်နေ့က ဘယ်အချိန်တင်ပေးလိုက်မှန်း မိတ်ဆွေတို့ သိလိုက်မှာ မဟုတ်ပါဘူး။