Tarot ခင်းနည်းအမျိုးမျိုးရှိပါတယ်။ အားလုံးကို လိုက်ပြီးခင်းကြည့်နေဖို့တော့ မလိုအပ်ပါဘူး။ ခင်း နည်းပေါင်းများစွာထဲက ကိုယ်နဲ့ အကိုက်ညီဆုံးခင်းနည်း တစ်မျိုးဖြစ်စေ၊ သုံးမျိုးလောက်ဖြစ်စေ လက်ကိုင်ထားပြီး အသုံးချတတ်မယ်ဆိုရင်ပဲ လုံလောက်နေပါပြီ။ ကျနော့်ရဲ့လေ့လာမှုအတွေ့အကြုံ အရ … တဲရော့ခင်းနည်းများစွာရှိနေပေမယ့် အနှစ်ချုပ်လိုက်တဲ့အခါ Layout ပုံစံ ၉ မျိုးနဲ့ ကဒ်တွေရဲ့ အရေအတွက်အရ ခင်းနည်းတွေ ပြောင်းလဲသွားတာကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒါတွေကို ဒီနေ့ ဗဟု သုတအဖြစ်လေ့လာကြည့်ကြပါမယ်။ ပထမဆုံး Layout ပုံစံကိုးမျိုးဆိုတာက …
( ၁ ) တစ်ကဒ်စနစ်
( ၂ ) ယှဉ်တွဲစနစ်
( ၃ ) အတန်းလိုက်စနစ်
( ၄ ) တံတားစနစ်
( ၅ ) ဇယားစနစ်
( ၆ ) တြိဂံစနစ်
( ၇ ) ကြက်ခြေစနစ်
( ၈ ) စက်၀ိုင်းစနစ်
( ၉ ) ရောထွေးစနစ်
ဆိုပြီးဖြစ်ပါတယ်။
( ၁ ) တစ်ကဒ်စနစ်
တစ်ကဒ်စနစ်ဆိုတာက တဲရော့ကားချပ်တစ်ခုထဲကို ချပြီး ဟောတဲ့စနစ်ဖြစ်ပါတယ်။ အရှည်လိုက်နဲ့ ဒေါင်လိုက်ဆိုပြီး ချပုံနှစ်မျိုးရှိပါတယ်။ အောက်မှာ နမူနာပြပေးထားပါတယ်။
( ၂ ) ယှဉ်တွဲစနစ်
ယှဉ်တွဲစနစ်ဆိုတာက ကဒ်နှစ်ကဒ်စနစ်လို့ ပြောရင်လည်း ရပါတယ်။ ချနည်းအမျိုးမျိုးရှိပါတယ်။ အောက်မှာ နမူနာလေးခု ပြပေးထားပါတယ်။
( ၃ ) အတန်းလိုက်စနစ်
အတန်းလိုက်စနစ်ဆိုတာက မျဉ်းပြိုင်သဘောတွေအချများတဲ့စနစ်ပါ။ အတန်းလိုက်၊ ဒေါင်လိုက်၊ ဒေါင့်ဖြတ် စသဖြင့် ပုံစံအမျိုးမျိုးထပ်ပြီး ကွဲပြားပါတယ်။ အောက်မှာ နမူနာ သုံးခုပြပေးထားပါတယ်။
( ၄ ) တံတားစနစ်
တံတားစနစ်ဆိုတာက အောက်ကပုံကို ကြည့်လိုက်ရင် သဘောပေါက်မယ်ထင်ပါတယ်။ နည်းလမ်း အမျိုးမျိုးထပ်မံကွဲပြားပါသေးတယ်။ ပုံထဲမှာတော့ အရှင်းဆုံး နမူနာတစ်ခုကိုပဲ ပြပေးလိုက်ပါတယ်။
( ၅ ) ဇယားစနစ်
ဇယားစနစ်ကတော့ ရိုးရှင်းတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ပုံစံအမျိုးမျိုးရှိပါသေးတယ်။ နမူနာအားဖြင့် မြင်သာစေဖို့ တစ်ခုနဲ့ပဲ ပြပေးထားပါတယ်။
( ၆ ) တြိဂံစနစ်
တြိဂံစနစ်ဆိုတာက များသောအားဖြင့် သုံးကဒ်ခင်းနည်းတွေမှာ အသုံးများပါတယ်။ ဒါပေမယ့် ကဒ်အရေအတွက်ပေါ်မူတည်ပြီးလည်း နည်းလမ်းအမျိုးမျိုးရှိပါသေးတယ်။ နမူနာအဖြစ် ပုံထဲမှာ လေးခုပြပေးထားပါတယ်။
( ၇ ) ကြက်ခြေစနစ်
ကြက်ခြေစနစ်လည်း နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ဒီမှာတော့ အခြေခံသဘောနဲ့ မြင်သာအောင်ပဲ ပြပေးလိုက်ပါတယ်။
( ၈ ) စက်၀ိုင်းစနစ်
စက်၀ိုင်းစနစ်ဆိုတာကလည်း အမျိုးမျိုးရှိပါတယ်။ ဒီမှာတော့ အခြေခံမူအဖြစ်ပဲ ပြပေးလိုက်ပါတယ်။
( ၉ ) ရောထွေးစနစ်
ရောထွေးစနစ်ဆိုတာကတော့ အထက်က ပြောပြခဲ့တဲ့ Layout ၈ မျိုးထဲမှာမပါပဲ သီးသန့် လွတ်မြောက်နေတဲ့ ခင်းနည်းမျိုးတွေဖြစ်ပါတယ်။ ဥပမာအားဖြင့် ပန်းပွင့်ပုံ၊ 7 ဂဏန်းပုံ၊ ကြယ်ပုံ စသဖြင့် ခင်းနည်းမျိုးကို ဆိုလိုပါတယ်။ ဒီမှာတော့ ရိုးရှင်းတဲ့ ဥပမာလေးတစ်ခုနဲ့ပဲ ပြပေးလိုက်ပါ တယ်။
ခုကျနော်တို့ လေ့လာခဲ့တာက တဲရော့ခင်းနည်း Layouts အကြောင်းဖြစ်ပါတယ်။ အဲဒီ Layout တွေကို အခြေခံပြီးမှ ကဒ်အရေအတွက်အရ ခင်းနည်းအမျိုးမျိုးတွေ ထပ်မံကွဲပြားလာတတ်ပါတယ်။ ဒီတော့ တဲရော့ခင်းနည်းဟာ နည်းလမ်းပေါင်းများစွာဖြစ်လာစေပါတယ်။ စတင်လေ့လာကာစ မိတ်ဆွေများအနေနဲ့ မိမိနဲ့ အသင့်တော်ဆုံးဖြစ်မယ့် ခင်းနည်းမျိုးကို စွဲစွဲမြဲမြဲ အသုံးပြုတတ်ဖို့ လိုပါ တယ်။ ဘယ်ခင်းနည်းက အကောင်းဆုံးလဲဆိုတာကတော့ အထူးသတ်မှတ်ချက်မရှိပါဘူး။ မိမိနဲ့ အကိုက်ညီဆုံးခင်းနည်းဟာ မိမိအတွက် အကောင်းဆုံး တဲရော့ခင်းနည်းပဲဖြစ်ပါတယ်။ အဲဒီလို ခင်းနည်းပေါင်းများစွာထဲကမှ ကျနော် အကြိုက်ဆုံးခင်းနည်းတွေရှိပါသေးတယ်။ နောက်မှ ထပ်မံ ပြောပြပေးပါဦးမယ်။
0 Comments
Post a Comment