အင်တာဗျူးဖြေမယ့်သူတွေ၊ အလုပ်လျှောက်လွှာတင်ပြီး စမ်းတဝါးဝါးနဲ့ စောင့်စားနေရသူတွေအတွက် အလုပ်အကိုင်ရရှိစေမယ့် မြန်မာ့နည်းလမ်းတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ အောက်ပါဇယားအရ မိမိလက်ရှိရောက်နေတဲ့အသက်မှန်နဲ့ မိမိမွေးနံအရ သက်ဆိုင်တဲ့ ကိုယ်စားပြုသစ်ကိုင်းလေးတစ်ခုကို ရှာဖွေပါ။


ဥပမာ … အသက် ၃၆ နှစ်ရှိတဲ့ တနင်္ဂနွေသားသမီးဆိုပါဆို … ၃၆ နှစ်နဲ့ တနင်္ဂနွေဆုံရာအတန်းမှာ ကြည့် ပါ။ ဒန်းသားလို့ ရေးထားတာတွေ့ပါလိမ့်မယ်။ ဇယားအရ ဒန်းသားဟာ စနေနံအသားဖြစ်တာမို့ အကယ် ၍ ဒန်းသားရှာရခက်ရင် ထိန်သား၊ ထန်းသား စသဖြင့် အစားထိုးအသုံးပြုနိုင်ပါတယ်။ ဘာသားဖြစ်ပါစေ ရလာတဲ့အသားကို လက်တဆစ်စာတိုင်းဖြတ်ထားပါ။ ဆောင်လို့ကောင်းမယ့်အနေအထားဖြစ်အောင် သေသေချာချာ လုံးချောပေးထားဖို့လိုပါတယ်။ ပြီးရင် မိမိမွေးနေ့၊ အိမ်ဘုရားမှာ အလင်းတိုင်၊ အမွှေးတိုင် များကပ်လှူပြီး မိမိလက်ဝါးပေါ်တင်ကာ အောက်ပါဂါထာဖြင့် ၁၀၈ ခေါက်ရအောင် ရွတ်မန်းပေးပါ။

ရွတ်မန်းပြီးရင် အဲဒီအဆောင်လေးကို နေ့စဉ်ကိုင်ပြီး အလုပ်သစ်အမြန်ရဖို့၊ အလုပ်အကိုင်အဆင်ပြေဖို့ ဆုတောင်းပေးပါ။ ကိုယ်နဲ့မကွာဆောင်ထားပေးပါ။ အင်တာဗျူး သွားဖြေတိုင်း ယူသွားပေးပါ။ အလုပ်သစ် ကို အမြန်ဆုံးရရှိစေပါတယ်။ ဒီအဆောင်လေးကို ရှေ့လာမယ့် မိမိမွေးရက်၊ မွေးလ မတိုင်မီအထိသာ ဆောင်ထားလို့ရပါတယ်။ ကျော်သွားရင်တော့ စွန့်ပစ်လိုက်ရမှာဖြစ်ပါတယ်။