ခေါင်းစဉ်ကို ပထမထမင်းဆိုင်လို့ တပ်မလို့ပဲ … ဒါပေမယ့် အစီရင်ပိုင်းဟာ ထမင်းဆိုင်တစ်ခုထဲအတွက် အသုံးဝင်တာမဟုတ်ပဲ … စားသောက်ကုန်လုပ်ငန်းတိုင်းအတွက် အသုံးဝင်နေတာမို့ ခေါင်းစဉ်ကို အခုလို ပဲ ပြောင်းလဲတပ်ဆင်လိုက်ရပါတယ်။ ဒီတော့ … မိတ်ဆွေက အစားအသောက်နဲ့ပတ်သက်ပြီး လုပ်ငန်း တခုခု လုပ်နေတယ်ဆိုပါတော့ဗျာ … ဒီလုပ်ငန်းမျိုးဟာ ကိုယ့်ရဲ့လက်နဲ့ စားသုံးသူရဲ့လျှာ စိမ်ခေါ်နေတဲ့ လုပ်ငန်းမျိုးပါပဲ … ကိုယ်ရဲ့လက်နဲ့ပြုလုပ်ထားသမျှ စားသုံးသူဘက်က လျှာလည်နိုင်စေမှသာ လုပ်ငန်းအရ ပိုမိုအောင်မြင်မှု၊ လုပ်ငန်းတွင်ကျယ်မှုကို ဖြစ်စေပါတယ်။ ဒီတော့ မိမိဘက်က အကောင်းဆုံး အရည်အသွေးဖြစ်နေအောင် ကြိုးစားပေးဖို့ အထူးလိုပါတယ်။ သို့သော်လည်း … အကြောင်းအမျိုးမျိုးနဲ့ မိမိအရောင်းလုပ်ငန်းက မတွင်ကျယ်တာမျိုး၊ လူစိတ်ဝင်စားမှုမရှိတာမျိုးတွေဟာလည်း ကြုံချင်ကြုံနိုင်ပါ သေးတယ်။ ဒီလိုအခြေအနေတွေအတွက် ကျနော်ခုလက်ဆောင်ပေးမယ့် နည်းလမ်းလေးက အဆင်ပြေ စေနိုင်ပါတယ်။ ဘာမှ ခက်ခက်ခဲခဲကြီး လုပ်နေစရာမလိုပါဘူး။ လွယ်ကူပြီး အဆင်ပြေမယ့် နည်းလမ်းကို သာရွေးချယ်ပြပေးလိုက်ခြင်းဖြစ်တာမို့ အစစအရာရာ အဆင်ပြေမယ်ထင်ပါတယ်။ ပထမဆုံး … အောက်ပါ တံဆိပ်ကို Print ထုတ်လိုက်ပါ။ Print ထုတ်ရမယ့် နေ့က တနင်္လာနေ့ဖြစ်ပြီး အဲဒီတနင်္လာဟာ လဆန်းကာလထဲမှာ ရှိတဲ့ တနင်္လာဖြစ်ရပါမယ်။ လပြည့်နေ့နဲ့ တိုက်ဆိုင်တဲ့ တနင်္လာနေ့ဆိုရင် ပိုပြီး ကောင်းမွန်သင့်တော်ပါတယ်။ မိမိအလုပ်က ပေါ်ပင်မဟုတ်ပဲ … ရာသက်ပန်အလုပ်အမျိုးအစားဆိုရင် တော့ လပြည့်နေ့နဲ့ တနင်္လာနေ့တိုက်တဲ့ရက်ကို အကျအနရွေးပြီးမှလုပ်ပေါ့ဗျာ … ကိုယ်ကြာရှည်သုံးရ မယ့်အဆောင်တစ်ခုပဲဟာ … ကျကျနနလုပ်ထားရင် ပိုကောင်းတာပေါ့ … ပြီးရင် … တာရှည်ခံအောင် လည်း ပလတ်စတစ်ကဒ်လေးဘာလေးလောင်းချင်လည်းလောင်းထားပေါ့ … အသင့်ဖြစ်ပြီဆိုရင် … မနက်မိုးလင်းတာနဲ့ … မိမိရဲ့ ငွေသိမ်းကောင်တာစားပွဲပေါ်တင်ဗျာ … ပါးစပ်ကနေ အသံထွက်ပြီး …

O Kaha Lah ( အိုကဟာလ် )

လို့ ( 21 ) ခေါက်ရအောင် ရွတ်ဆိုပေးရပါမယ်။ ရွတ်ဆိုတဲ့နေရာမှာ သတိပြုရမှာက ( အိုကဟာ လာဟ် ) လို့ အသံမထွက်ရပါဘူး။ ပြီးတော့ ရွတ်တဲ့အခါ ( အိုကဟာ ) ထိမှန်ပေမယ့် ( ဟာ ) နေရာကို ရောက်ချိန်မှာ ကိုယ့်လျှာကို အာခေါင်ထိ လိပ်တင်ပြီး ( လ် ) သံနဲ့ အဆုံးသတ်ပစ်ရမှာဖြစ်ပါတယ်။ လသံကို ( လာ့နဲ့လ် ) သံကြားရောက်သွားအောင် လေ့ကျင့် ထားစေလိုပါတယ်။ ဒါဟာ လျှို့ဝှက်ချက်ပါ။ ဒီသံစဉ်ကတော့ SOM သင်တန်းသားတွေ သိနားလည်ပြီးဖြစ်မှာပါ။ မသိသေးတဲ့သူတွေအတွက် ကျကျနနရွတ်တတ်စေချင်တာ ရယ် … SOM သင်တန်းသားတွေအတွက် ဒီသံစဉ်ကို ဘယ်လိုတွေ အသုံးချနိုင်မလဲဆိုတာ သိစေချင်တာ ရယ်ကြောင့် ဒီပို့စ်လေးကို ရေးဖြစ်သွားတာလည်း ပါပါတယ်။ ဒီနည်းလမ်းကို အရင်က ကျနော် စားသောက်ဆိုင်တွေ၊ ထမင်းဆိုင်တွေ၊ မုန့်လုပ်ငန်းရှင်တွေအတွက် များစွာလုပ်ပေးဖူးပါတယ်။ နာမည် တပ်မပြောလိုတဲ့အတွက် ဒီမှာတော့ ချန်ထားခဲ့ပါရစေ … ဒီလို ငွေသိမ်းကောင်တာပေါ်မှာ တံဆိပ်လေးကို တင်ပြီး ဒီသံစဉ်ကို နေ့စဉ်ရွတ်ပေးခြင်းအားဖြင့် မိမိစားသောက်ကုန်လုပ်ငန်းတွေဟာ လက်မလည် လောက်အောင် အရောင်းအဝယ်တိုးတက်လာစေမှာဖြစ်ပါတယ်။ ဒီအစီရင်မှာ ကျနော့်အတွေ့အကြုံအရ အချို့လုပ်ငန်းတွေက ညဘက်မှာလုပ်ဖြစ်တာရှိတဲ့အခါ ကျနော်က မနက်ပိုင်းလုပ်ဖို့ အကြံပြုတော့ သူတို့ အတွက် အဆင်မပြေတာတွေ ရှိလာပါတယ်။ ဒီလိုအခြေအနေမျိုးဆိုရင်လည်း ဘယ်တတ်နိုင်မလဲဗျာ … ကိုယ်အဆင်ပြေရာအချိန်လုပ်ကြပေါ့ … ကျနော်လည်း ဒီအတိုင်းပဲ အကြံပြုခဲ့တာပါ။ အဆင်ပြေခဲ့တာ ချည်းပါပဲ .. နောက်တချက်က … ကောင်တာစားပွဲပေါ်တင်ရမယ်ဆိုတာကလည်း ပုံသေရယ်လို့မဟုတ် ပါဘူး။ ကိုယ့်လုပ်ငန်းက သေးငယ်ပြီး ကောင်တာစားပွဲ၊ ဘာညာသီးသန့်မရှိခဲ့ရင်လည်း မိမိပိုက်ဆံထည့် သိမ်းတဲ့နေရာတွေ၊ ပိုက်ဆံအိတ်တွေပေါ်တင်ပြီးလည်း လုပ်ဆောင်နိုင်ပါတယ်။ ယုံကြည်ရင် လုပ်ကြည့် ပါလို့ပဲ တိုက်တွန်းပါရစေ … အဆင်ပြေကြပါစေဗျာ …