တဲရော့နဲ့ဟောကြားတဲ့နေရာမှာ အဖြစ်အပျက်တွေအကြောင်းကို ဟောပြနိုင်တာကဟုတ်ပါပြီ။ အဲဒီအဖြစ်အပျက် တွေဟာ ဘယ်ကာလလောက်မှာ အနီးစပ်ဆုံးဖြစ်ပျက်လာမလဲဆိုတာကတော့ အင်မတန်ဖြေရှင်းရခက်တဲ့မေးခွန်း တစ်ခုဖြစ်ပါတယ်။ တဲရော့ကဒ်တွေဟာ ကောင်းကင်ပေါ်က အမှန်တကယ်သွားလာနေကြတဲ့ ဂြိုဟ်တွေ၊ နက္ခတ်တွေ လည်းမဟုတ်တဲ့အတွက် ဖြစ်ပွားမယ့် အချိန်ကာလတစ်ခုကို ခန့်မှန်းတဲ့နေရာမှာ တိကျတဲ့ ရက်စွဲတွေနဲ့ အဖြေထုတ် လို့ မရတတ်ပါဘူး။ ဒီတော့ တဲရော့ပညာရှင်တွေဟာ အချိန်ကာလပိုင်းခြားပုံတွေကို နည်းလမ်းအမျိုးမျိုးနဲ့ သတ်မှတ် ခဲ့ကြပါတယ်။ အဲဒီနည်းလမ်းတွေအကုန်လုံးကို ဒီမှာတော့ ပြောပြနေမှာမဟုတ်ပါဘူး။ အဲဒီနည်းလမ်းများစွာထဲကမှ တဲရော့ပညာရှင်အများစု အသုံးပြုတဲ့နည်းလမ်းတချို့ကိုပဲ ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

နည်းလမ်း ( ၁ ) Number + Suit = Timing

ဒီနည်းလမ်းကတော့ အနောက်တိုင်းတဲရော့ပညာရှင်တွေအသုံးများတဲ့နည်းလမ်းပါ။ သူတို့ရဲ့သတ်မှတ်ချက်က အောက်ပါ အတိုင်းဖြစ်ပါတယ်။


Minor အုပ်စုကို ရာသီလေးပါးခွဲခြားပြီး ကာလတွေကို ပိုင်းခြားတဲ့နည်းပါ။ ဘယ်လိုယူဆရသလဲဆိုရင် … ဥပမာ … တုတ် နံပါတ် ၃ ကဒ် ကျတယ်ဆိုပါတော့ … တုတ်ဆိုတော့ … Wands နော် ..  ကြည့်လိုက်ပါ။ Spring, Days, Quickly လို့ ပြထားတာတွေ့ရပါမယ်။ တုတ်နံပါတ်က ၃ မဟုတ်လား။ ဒီတော့ … ၃ ရက်အတွင်း လို့အဟောထုတ်ရပြီး မြန်ဆန်စွာအောင်မြင်မယ်လို့ အဖြေထုတ်ရပါတယ်။

Spring = နွေဦး

Summer = နွေ

Autumn = ဆောင်းဦး

Winter = ဆောင်း

Quickly = လျင်မြန်စွာဖြစ်တတ်

Mixed = ပြဿနာပေါ်မူတည်၊ မြန်ချင်လည်းမြန်၊ ကြာချင်လည်းကြာ

Slowly = ကြာရှည်တတ်

Minor အုပ်စုတစ်ခုစီမှာ နံပါတ်သတ်မှတ်ထားပုံက ၁ ကနေ ၁၀ ထိ ၁၀ ကဒ်ရှိပြီး မင်းစေလုလင် ( Page )၊ သူရဲကောင်း ( Knight )၊ ဘုရင်မ ( Queen )၊ ဘုရင် ( King ) ဆိုပြီး တော်ဝင်လေးကဒ်ပါဝင်ပါတယ်။ အဲဒီတော်ဝင်လေးကဒ်မှာ နံပါတ်မပါပါဘူး။ ဒါပေမယ့် တဲရော့ပညာရှင်တွေကတော့ တဆက်ထဲ … ၁၁၊ ၁၂၊ ၁၃၊ ၁၄ ဆိုပြီး ယူဆတတ်ကြပါတယ်။ ဒီတော့ …

မင်းစေလုလင်ဟာ ၁၁

သူရဲကောင်းဟာ ၁၂

ဘုရင်မဟာ ၁၃

ဘုရင်ဟာ ၁၄ ဆိုပြီး နံပါတ်အသီးသီးဖြစ်လာပါတယ်။ အဲဒီနံပါတ်တွေအရ အချိန်ကာလကို ပိုင်းခြားပေးရပါတယ်။

ဒီနည်းကို ကျနော်မကြိုက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ … မြန်မာနိုင်ငံအရဆိုရင် ရာသီဥတု ၃ ပါးရှိနေတာကြောင့်ပါ။ ခုနည်းက သူ့နိုင်ငံနဲ့သူတော့ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။

နည်းလမ်း ( ၂ )

ဒီနည်းကတော့ Major ကဒ်တွေကို အဓိကထားသုံးပါတယ်။ Minor ကဒ်တွေကို သူက ဂရုမစိုက်ပါဘူး။ အချိန်ကာလဆုံးဖြတ်တဲ့အခါ Major 22 ကဒ်ကိုသာသုံးပြီး ဆုံးဖြတ်တာကြောင့် ကဒ်ရဲ့နံပါတ်အလိုက် အသုံးပြုပါတယ်။ ဥပမာ … နံပါတ် ၀ သို့ ၂၂ ဟာ The Fool ပါ။ ဒီကဒ်ပြားကျရင် …

သုညဟာ မြန်ဆန်ခြင်းကြောင့် … နေ့ခြင်းဖြစ်မည် ဟူ၍လည်းကောင်း။

၂၂ ဟာ ၂၂ ရက်အတွင်း၊ ၂၂ ပတ်အတွင်း၊ ၂၂ လအတွင်း၊ ၂၂ နှစ်အတွင်း ဟူ၍လည်းကောင်း။

၂၂ ကို ပြန်ပေါင်းတဲ့အခါ ၄ ဖြစ်တာကြောင့် … ၄ ရက်၊ ၄ပတ်၊ ၄ လ၊ ၄ နှစ် ဟူ၍လည်းကောင်း။ မေးခွန်းပြဿနာကိုကြည့်ပြီး ဖြစ်နိုင်တာတစ်ခုကို ဆုံးဖြတ်ပေးတတ်ကြပါတယ်။ ဥပမာ …

မေးခွန်းက … အိမ်ပိုင်နဲ့ ဘယ်တော့နေရမလဲ?

ကဒ်က The Fool ဆိုပါတော့ … ဘယ်လိုဟောမလဲ … အဖြေက အထက်ပါအတိုင်း အများကြီးဖြစ်နေနိုင်ပါ တယ်။ ဒီတော့ မေးခွန်းကို ပြန်စဉ်းစားရင် .. အိမ်တစ်လုံးဝယ်ဖြစ်ဖို့ဟာ ကြာနိုင်ပါတယ်။ ဒီတော့ ချက်ခြင်းဝယ်ဖြစ်မယ်တို့၊ ၄ ရက်၊ ၂၂ ရက်အတွင်း ဆိုတဲ့အဟောထက် … ၂၂ ပတ်အတွင်း၊ ၄ လအတွင်း၊ ၄ နှစ်အတွင်း စသည်ပြောမှသာ သဘာ၀ကျပါမယ်။ ဒီလို ၃ မျိုးထဲက အဖြစ်နိုင်ဆုံးတစ်ခုပြောနိုင်ဖို့ကလည်း ပညာရှင်ရဲ့ ကျင့်ကြံအား၊ ဆုံးဖြတ်အား အများကြီးလိုအပ်ပါတယ်။

နည်းလမ်း ( ၃ )

ဒီနည်းလမ်းကတော့ ၁၂ ရာသီခွင်ခင်းနည်းကို အသုံးပြုကြတဲ့သူတွေအသုံးများပါတယ်။ ပြီးတော့ ဖြစ်ရပ်တစ်ခုရဲ့ ဖြစ်ပွားချိန် ( ကာလ ) ကိုဖမ်းတဲ့နေရာမှာ တစ်နှစ်တာ ( ဖြစ်ရပ်ကာလ ) အတွင်းက လပိုင်း ( ဖြစ်ပွားကာလ ) ကိုဖမ်းလေ့ရှိပါတယ်။ ဒီနေရာမှာ တဲရော့ပညာရှင်တွေသတိထားရမယ့်အခြေအနေတစ်ခုက တဲရော့နဲ့ကာလရှည်ဖမ်းတာဟာ အမှားများတတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် တဲရော့ဆိုတာ တည်မြဲစနစ်တစ်ခုပေါ်မှာ အခြေမခံထားလို့ပါ။ ဒါကြောင့် တဲရော့နဲ့ဟောတဲ့အခါ တစ်နှစ်တာကာလအတွင်းရှိ အဖြစ်အပျက်များကိုသာ ဟောကြားနိုင်ပါတယ်။ ကာလရှည်အတွက် အခြားသက်ဆိုင်ရာပညာရပ်တွေကို အသုံးပြုသင့်ပါတယ်။ တဲရော့နဲ့ ကာလအဝေးဆုံးကို ဖမ်းမရဘူးလားဆိုရင် တဲရော့မှော်စဉ် ၉ အောင်ပြီးရင်တော့ ရရှိကောင်း၊ ရရှိနိုင်ပါလိမ့်မယ်။ ဒါကြောင့် အခြေခံသမားတွေနဲ့ တဲရော့မှော်စဉ်မအောင်မြင်သေးသူတွေအတွက် လောလောဆယ်သတ်မှတ်နည်းတွေကိုသာ သုံးသင့်ပါတယ်။

ဒီနည်းသုံးဖို့က ကိစ္စဖြစ်ပွားမယ်လို့ ပြတဲ့ကဒ်ကို အရင်မှတ်ထားပါ။ ကဒ် ၁၂ ခင်းထားခြင်းကို ပြန်ဖျက်သိမ်းပါ။ ပြီးရင် အဲဒီ ၁၂ ကဒ်ကို ကုလားဖန်ထိုးပါ။ အဲဒီ ကုလားဖန်ထိုးတဲ့အထဲ ကိုယ်မပါပါစေနဲ့ … ပြီးရင် အဲဒီ ၁၂ ကဒ်ကို အစကနေ လဂ်၊ ဥုစ်၊ မိတ်၊ အိမ်နည်းအတိုင်း ပြန်ခင်းပါ။ အဲဒီမှာ ပြန်ပေါ်လာတဲ့ ၁၂ ကဒ်ထဲက ကိုယ်မှတ်ထားတဲ့ကဒ်ကို ပြန်ရှာကြည့်ပြီး အောက်ပါဇယားအရ လပိုင်းကို ယူဆနိုင်ပါပြီ …


နည်းလမ်း ( ၄ )

ဒီနည်းလမ်းကတော့ Tarot Diploma Course တွေမှာသာ သင်ပေးတာများပါတယ်။ ကျနော်ကတော့ Tarot Calendar နည်းလို့ နာမည်ပေးထားပါတယ်။ သင်္ချာတွက်ချက်ရတဲ့အဆင့်တွေပါဝင်တတ်ပြီး အသုံးပြုရ အနည်းငယ်ရှုပ်ထွေးပါတယ်။ အခြေခံသမား တွေအတွက် အင်မတန်မျက်စိလည်စရာကောင်းတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကျနော်တောင် ခဏခဏ တွက်ချက်မှုတွေ မလုပ်ချင်တဲ့အတွက် ဆော့ဝဲရေးပြီးသာ အသုံးပြုလေ့ရှိပါတယ်။ အချိန်ကာလသတ်မှတ်ချက်တွေကို အဖြေရှာနိုင်ပြီး ကျနော်က တော့ ကိုယ်ပိုင်ကဒ်ရှာဖွေတဲ့နေရာမှာ အသုံးပြုဖြစ်တာများပါတယ်။

Android App ဖြစ်ပါတယ်။ ဝယ်ယူအသုံးပြုလိုပါက ဆက်သွယ်နိုင်ပါတယ်။ 

App+How to use mini guide pdf  = Au$ 100 ဖြစ်ပါတယ်။