ဒီနည်းကိုတော့ ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ပြီးမှတင်ပေးတာပါ ... ပွဲတွေ့တွေတော့ထည့်မပြောတော့ပါဘူး ... မိတ်ဆွေယုံကြည်စွာစမ်းကြည့်ပါ ... ဘာအကုန်အကျမှလည်းမများပါဘူး ... ဟုတ်တယ်လေ ... စီးပွားရေးအဆင်မပြေလို့လုပ်ပါတယ်ဆိုမှ ယတြာအတွက် ရှားပါးပစ္စည်းတွေထပ်ရှာဝယ်နေရရင် မနိပ်ပါဘူး ... ဒီနည်းလမ်းက မိတ်ဆွေရဲ့ စနစ်တကျ လုပ်ဆောင်မှုလေးနဲ့တော့ သက်ဆိုင်နေတာမို့ ပထမဆုံးသတိပေးလိုတာက စိတ်အာရုံငြိမ်အောင်ထားဖို့ပါ ... ကျနော့်တုန်းက စီးပွားကျပ်တည်းလွန်းသွားလို့ ညတွေအိပ်လို့တောင်မပျော်ပါဘူး ... မပျော်မယ့်တူတူ မထူးဘူးဆိုပြီး ည ၁၂ တိုင်း ဒီအစီရင်ကို လုပ်ခဲ့ပါတယ် .... မိတ်ဆွေတို့ကတော့ ကြိုက်တဲ့အချိန်လုပ်ပါ ... အချိန်အတိအကျတော့မလိုအပ်ပါဘူး ... အဓိက က စိတ်အာရုံတည်ငြိမ်ချိန်ပါ ... ကလေးကငို ... သေးကစို ... စတဲ့ လောကီဗာဟီရများနေချိန်တော့ မလုပ်ပါလေနဲ့ ... အဆင်ပြေမည်မဟုတ်ပါ ... ကဲ ... မိတ်ဆွေ ဘယ်ရက်မှာမွေးလဲ ... မွေးရက်ကို တစ်လုံးထဲဂဏန်းရအောင် အရင်ပေါင်းပါ ... ဥပမာ ... 28 ရက်နေ့မွေးသူဆို 28= 2+8= 10 =1+0= 1 ဒါကြောင့် 1 ဂဏန်းမွေးသူလို့မှတ်ပါ ... ဂဏန်းအရ ...

1 ... အနောက်

2 ... အရှေ့မြောက်

3 ... တောင်

4 ... အရှေ့တောင်

5 ... အထက်

6 ... အနောက်မြောက်

7 ... မြောက်

8 ... အနောက်တောင်

9 ... အရှေ့

ဆိုလိုတာက 1 ဂဏန်းသမားဆို အနောက် အရပ်ကို မျက်နှာမူထိုင်ပါ ... စိတ်ကို မိမိနောက်ကျောဘက်မှာ စုစည်းထားပါ ...

ကျနော်က 7 ဂဏန်းသမားမို့ မြောက်အရပ်မျက်နှာမူပြီး စိတ်အာရုံကို ဘယ်ဘက်ခြမ်းမှာ ထားပေးပါတယ် ... 

သဘောပေါက်မယ်ထင်ပါတယ် ... မရှင်းရင်မေးပါ ... ရှင်းပြပေးပါမယ် ... 5 ဂဏန်းသမားတွေက ဗဟိုဂဏန်းဖြစ်တဲ့အတွက် ... အထက်အရပ် ဖြစ်ပါတယ် ... ကြိုက်ရာမျက်နှာမူပါ ... စိတ်အာရုံကို ငယ်ထိပ်အထက်မှာ စုစည်းထားပေးပါ ... 

အပြောလွယ်သလောက် အလုပ်နည်းနည်းခက်နေမလားပဲ ... လုပ်တတ်ပြီဆို ငြိမ်ငြိမ်လေးထိုင်ပါ ... ပြောတဲ့နေရာအလိုက်မှာ စိတ်ကိုထားနော် ... ကျနော့်တုန်းက ထားရခက်နေလို့ စိတ်ကို အလုံးတစ်လုံးလိုဖန်တီးပြီး ဘယ်ဘက်ပခုံးမှာထိကပ်နေပါလားလို့ မြင်ယောင်ကြည့်ခဲ့ရပါတယ် ... နို့မဟုတ်ရင် ... ထားရခက်နေလို့ပါ ... ကိုယ့်ဘာသာကြိုးစားလေ့ကျင့်ယူပါ ... ပြီးရင် ... 

စိတ်ထဲကနေ အောက်ပါမန္တန်ကို အထပ်ထပ်ရွတ်ဖတ်ပါ ... မူလအညွှန်းကတော့ ... ၂၃ ခေါက်ရွတ်ပေးရင် ရပါပြီ ... ကျနော်ကတော့ စိတ်တွေအရမ်းထွေပြားခဲ့တာမို့ အခေါက်တွေတောင် မရေတွက်နိုင်အောင် စိတ်တည်ငြိမ်အေးချမ်းလာတဲ့အထိ ရွတ်ပေးခဲ့ပါတယ် ... စိတ်ကျေနပ်လာတဲ့အထိရွတ်ပေါ့ဗျာ ... ရွတ်ရမှာက

ဂရာဗင်ဟို ( Gravinho ) ဖြစ်ပါတယ် ... စိတ်ထဲကရွတ်ပေမယ့် ဝမ်းဗိုက်ကတဆင့် ရင်ခေါင်း၊ ရင်ခေါင်းကတဆင့် နှုတ်ဖျားသို့ တဆက်ထဲ ထွက်ပေါ်လာဟန်နဲ့ ရွတ်ဆိုပေးပါ ... စိတ်ကျေနပ်မှုရလာရင်တော့ ... ရပ်လိုက်ပါ ... အပြီးသပ်လိုက်တဲ့သဘောပါ ... အပြီးသပ်ချိန်ကလေးမှာ ... စီးပွားလာဘ်လာဘတွေပွားစီးရပါလို၏ ... လို့ ဆုတောင်းလိုက်ပါ ... ပြီးပါပြီ ... နေ့စဉ်လုပ်ပါ ... အချိန်သိပ်မစောင့်ရပါဘူး ... မိတ်ဆွေတို့ဆီကို ကံကောင်းခြင်းတမျိုးမျိုး မုချရောက်လာစေမှာပါ ... အခွင့်အရေးတစ်ခုခုပေါ့ဗျာ ... ဒီမန္တန်ကိုက အဖက်ဖက်က ကံကောင်းလာစေတဲ့မန္တန်ပါ ... ပြောတဲ့အတိုင်းသာ သေချာလုပ်ကြည့်ပါ ... မိတ်ဆွေအတွက် ... ဘာမှမကုန်ကျပါဘူး ... မအောင်မြင်စရာအကြောင်းလည်း မရှိပါဘူး ... စိတ်ချလက်ချ စမ်းသပ်နိုင်ပါတယ် .... အလုပ်မရှိလို့ ငုတ်တုတ်ထိုင်နေရရင်တောင် စမ်းသပ်ကြည့်ပါ ... ချက်ချင်း အလုပ်ပေးသူရောက်လာပါလိမ့်မယ် ... မရှင်းတာရှိ မေးစေဗျား ....