မြန်မာအလို... ကျောက်စရစ် ( ကျောက်စလစ် ) လို့အသံထွက်ပါတယ်။
ကျောက် = ၂
စ = ၃
လစ် = ၄
စုစုပေါင်း = ၉ ( မူလနဝင်း )
အနောက်တိုင်းအလို...
Pebble
8+5+2+2+3+5 = 25 = 7 ( Lucky Seven )
စီရင်ရ လွယ်ကူပြီး အောင်မြင်မှုများတဲ့အစီရင်တစ်ခုမို့ ယုံကြည်ပါက အသုံးပြုနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။
===============
လပြည့်နေ့ မည်သည့်အချိန်မဆို
=========
ကျောက်စရစ်ခဲဖြူဖြူသန့်သန့်လေးတစ်လုံးကိုရှာပါ။
မြေအိုးတစ်လုံးထဲရေထည့်၊ ဆားလက်တစ်ဆုပ်ထည့်
ထိုအထဲတွင် ကျောက်စရစ်ခဲကိုထည့်ပြုတ်ပါ။
ရေဆူလာရင် အအေးခံပါ။ အေးရင် ကျောက်စရစ်ခဲလေးကို
အိုးထဲမှထုတ်ယူပြီး အဝတ်ဖြူသန့်သန့်ဖြင့် ရေခြောက်အောင်သုတ်ပါ။
ထို့နောက်... မိမိညာလက်နဲ့အသာဆုပ်ကိုင်ရင်း မိမိရင်ဘတ်ပေါ် ( နှလုံးသားအနီး ) တင်ထားပါ။
မျက်စိကိုမှိတ်... စိတ်ထဲမှ... တီဂရစ်(စ်) ( Tigris ) ဟု 77 ခေါက်ပြည့်အောင်ရွတ်ပါ။ ရွတ်ဆိုပြီးတာနဲ့ ကျောက်စရစ်ခဲလေးကို သန့်ပြန့်သောနေရာမှာသိမ်းထားပါ။
=============
#လာဘ်လာဘပေါများလိုလျှင်... ကြွေပန်းကန်ပြားထဲမှာ ပိုက်ဆံအတန်ကြီးတစ်ရွက်ထည့်ပြီး အပေါ်မှ စီရင်ထားသော ကျောက်စရစ်ခဲလေးဖြင့် ဖိထားလိုက်ပါ။
#စျေးရောင်းကောင်းလိုလျှင်... ရောင်းလိုသောပစ္စည်းများကို ကျောက်စရစ်ခဲလေးဖြင့် ခေါက်ပေးခြင်း၊ ရေစိမ်ပက်ဖြန်းခြင်းပြုလုပ်ပါ။
#အလုပ်စားပွဲအား နေ့စဥ် ကျောက်စရစ်ခဲလေးနှင့် ခေါက်ပေးခြင်းဖြင့်အလုပ်အကိုင်များ ပိုမိုပွင့်လန်းတိုးတက်မည်။
#ကလေးများပြောဆိုမရ... မလိမ္မာလျှင် ရေစိမ်တိုက်ပါ။
#အိမ်တွင်းအေးချမ်းလိုလျှင် ရေဖန်ခွက်တစ်ခုအတွင်း စိမ်ထားပါ။
#ဘေးရန်ကင်းလိုလျှင် အန္တရာယ်ကင်းလိုသောနေရာတွင် ဆောင်ထားပေးပါ။ အိမ်တွင်ထား အိမ်ဘေးကင်း။ ကားတွင်ထား ကားဘေးကင်းမည်။
#အိမ်ထောင်ရေးဖောက်ပြန်နေပါက... ဒါတော့ ဆရာစားချန်လိုက်ပါသည်။ 😜
စတာပါ... public မို့ တချို့အရာ မပြောကောင်းပါ။