လက်ထဲငွေမမြဲသူများအတွက် ငွေမြဲအောင်လုပ်နည်း



ငွေမမြဲခြင်းအတွက် စဥ်းစားဖို့ ( ၄ ) ချက်ရှိပါတယ်။
( ၁ ) မိမိမူလကံတွင် ငွေမမြဲသောအခြေအနေရှိနေပါသလား?
( ၂ ) ယခုနှစ်အတိုင်း ငွေမမြဲသောအခြေအနေရှိနေပါသလား?
( ၃ ) လာဘ်တိတ်စေတတ်သောအကြောင်းရင်းများ လုပ်ထားမိပါသလား?
( ၄ ) ကိုယ်တိုင် ငွေသုံးကြမ်းတတ်သူလား?
( ၁ ) အရ မိမိမူလကံဆိုသည်မှာ... ဗေဒင်ပညာအရ မဟာဘုတ်၊ နက္ခတ်ပညာအရ ငွေမမြဲသောအခြေအနေရှိမရှိ သုံးသပ်ခိုင်းခြင်းဖြစ်ပါသည်။ ယေဘုယျအားဖြင့်.. ၁ကြွင်း၊ ၂ကြွင်း၊ ၆ကြွင်းတို့သည် ငွေမမြဲတတ်သောကံ ပါလာပြီးဖြစ်ပါသည်။ နက္ခတ်ပညာအရ... ၂တန့်၊ ၁၁တန့် အားမရှိခြင်း၊ အတန့်သခင်များ အရပ်အတည်၊ အမြင်အယှဥ်မကောင်းခြင်းရှိပါက ငွေမမြဲတတ်ပါ။ ထိုအချက်များကို မိမိဘာသာ နားမလည်ပါက သက်ဆိုင်ရာ ပညာရှင်များနှင့် တိုင်ပင်ပါလေ။
( ၂ ) အရ ယခုလောလောဆယ်ကာလအတွင်း ငွေကံပျက်နေခြင်းရှိမရှိစစ်ဆေးရမှာဖြစ်ပါသည်။ ဒါကလည်း ပညာရှင်များအလုပ်သာမို့ အထူးမပြောပါ။ သက်ဆိုင်ရာပညာရှင်တို့နှင့် တိုင်ပင်ပါလေ။
( ၃ ) အရ... လာဘ်တိတ်စေတတ်သောအကြောင်းအရင်းများစွာရှိနေပါသည်။ ထိုအထဲတွင် အချို့သည် လာဘ်တိတ်ရုံသာမက ငွေမမြဲခြင်းကိုပါ ဖြစ်စေတတ်၏။... ဥပမာ... လာဘ်ဦးလာဘ်ဖျားဝင်ငွေအား မီးသွေး၊ အိမ်သာသုံးတစ်ရှူးစသည့် အနိဌပစ္စည်းများဝယ်မိပါက လာဘ်တိတ်ပါသည်။ ငွေမမြဲပါ။ ထို့အချက်များအကြောင်း ကျနော် ယခင်က တင်ပြခဲ့ဖူးပါသည်။ ရှာဖတ်ပါလေ။ မဟုတ်လျှင်လည်း သက်ဆိုင်ရာပညာရှင်တို့နှင့် တိုင်ပင်ပါ။
( ၄ ) အရ ကိုယ်တိုင်က ငွေသုံးကြမ်းတတ်သူ၊ အသုံးနှင့်အဖြုန်းနားမလည်သူဆိုပါက ငွေမြဲရန်အကြောင်းမရှိပါ။ ဥပမာ... ထမင်းကြမ်းစားလည်း အဆာပြေမည့်တူတူ... ဒံပေါက်မှစားချင်သည်ဟု လွယ်လွယ်သုံးချင်ခြင်းမျိုး....
အထက်ပါ ၄ ချက်တွင် ၃ ချက်မှာ ပညာရှင်တို့၏ အရာသာဖြစ်ပြီး နောက်ဆုံးအချက်မှာ မိမိအရာဖြစ်ပါသည်။... ထို ၄ ချက်နှင့် ညှိနေခြင်းအတွက် အောက်ပါယတြာများ အထောက်အကူမဖြစ်စေနိုင်ပါ။... အထက်ပါ ၄ ချက်နှင့် လွတ်ကင်းပါက အောက်ပါ ယတြာကို လုပ်ပါလေ...
ငါးသေတ္တာဗူးတစ်ဗူးပေါ် သံလိုက်တုံးတစ်တုံးတင်ပါ။... ညစဥ် ဖယောင်းတိုင် တစ်တိုင်ထွန်းပြီး ငွေမြဲစေဖို့ ဆုတောင်းပါ။ မြဲချင်သမျှကာလပတ်လုံး အမြဲလုပ်ပါ။...