ထုံးစံအတိုင်း မရိုးနိုင်တဲ့ ကိန်းဆန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ... ဂဏန်းဗေဒင်ပညာပါဗျာ ... ဘာမှထူးဆန်းမှာလည်း မဟုတ် ... သူလိုငါလို ပို့စ်တစ်ခုပဲလို့ မိတ်ဆွေတို့ထင်မလားပဲ ... ဘယ်လိုထင်ထင် မိတ်ဆွေတို့ အထင်မှန်ပါတယ် ... ရွှေတော့ရွှေ ... But ရွှေအကြောင်း ကျကျနနသိမှရွှေပေါ့ ... မသိရင်တော့ ရွှံ့တစ်တုံးလောက်တောင်မှ ရွှေဟာ တန်ဖိုးမရှိနိုင်တော့ပါဘူး ... ဟုတ်တယ်ဟုတ် ... ပြီးတော့ တန်ဖိုးဆိုတာကလည်း တန်ဖိုးသတ်မှတ်တဲ့သူအပေါ်မူတည်ပါသေးတယ် ... ကလေးတစ်ယောက်ကို ရွှေတုံးသွားပေးလို့ကတော့ အာ့ကလေးဟာ မုန့်လောက်တောင် တန်ဖိုးမထားနိုင်ပါဘူး ... ရွှေတန်ဖိုးဘယ်လောက်ရှိနေပါစေ ... ကလေးအတွက် မုန့်ကသာ တန်ဖိုးပိုကြီးနိုင်ပါတယ် ... ဒါကြောင့်လဲ ... ကျနော့်ဘက်က ပညာရပ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့နဲ့ မဆန့်ကျင်ခဲ့တာပေါ့ ... ဘယ်လိုထင်ထင် ... မိတ်ဆွေတို့အထင်မှန်ပါလိမ့်မယ် ... ကဲ ... စကားများနေပြီ ... စလိုက်ရအောင် ... ခုနည်းလမ်းကို ခေတ်သစ်ဂဏန်းသချင်္ာနည်းသုံးပါ ... ခေတ်သစ်ဆိုတာ ကိုင်ရိုနောက်ကပေါ်တဲ့နည်းကိုဆိုလိုပါတယ် ...

A ... J ... S ... 1

B ... K ... T ... 2

C ... L ... U ... 3

D ... M ... V ... 4

E ... N ... W ... 5

F ... O ... X ... 6

G ... P ... Y ... 7

H ... Q ... Z ... 8

I ... R .... 9

ဥပမာ ... Money ... ( ပြဿနာရဲ့ Keyword )

Money = 4+6+5+5+7 = 27

တွဲဂဏန်း 27 ကိုမှတ်ထားပါ ... တစ်လုံးထဲဂဏန်းအရ ... 9 ( အင်္ဂါဂြိုဟ် ) ဖြစ်ပါတယ် ... ဒီလောက်တော့ သိပြီးလောက်ပြီပေါ့နော် ... ကျနော်အရင်က တင်ပေးခဲ့ဖူးမှာပါ ... အင်္ဂါဂြိုဟ်ဟာ စစ်ဂြိုဟ်ဗျ ... တိုက်ပွဲတိုင်း သူမပါရင်မပြီးဘူးလို့တောင် နက္ခတ်ပညာရှင်တွေပြောဖူးကြတယ် ... ဒါ့ကြောင့်လားမသိ ... ငွေဟာ ဓားတစ်ချောင်းလိုပဲ ... သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေး။ ... ငွေရများလာရင် ... သတိထားကြည့် ငွေကြောင့်ဖြစ်တဲ့ တိုက်ပွဲတချို့ဝင်လာလိမ့်မယ် ... ဥပမာ ... မနာလိုခံရတာ။ ထားပါတော့ ... စကားဘေးရောက်နေပြန်ပါပြီ ... အင်္ဂါအရောင်က မဟာဘုတ်လို ပညတ်နဲ့ယူရင် အစိ်မ်း ... အင်္ဂဝိဇ္ဇာ နီညို အညို .. နက္ခတ်ပညာမှာ အနီတဲ့ဗျ ... ဒါဖြင့် ဂဏန်းဗေဒင်လိုကရော ... အထူးစဉ်းစားမနေပါနဲ့ဗျာ ... ဂဏန်းဗေဒင် နံပါတ် 9 ဟာ အနီပါ ... ဂဏန်းဗေဒင်နဲ့ နက္ခတ်ဗေဒင် ဆက်စပ်နေတာမမေ့ပါနဲ့ ... ဒါတွေက မိတ်ဆွေတို့ကို အယူအဆအနေနဲ့ ယူဆတတ်အောင် ပညာပေးတာပါ... ခု ကျနော်ဒီမှာ သုံးချင်တဲ့အရောင်သတ်မှတ်ချက်က အထက်ပါအယူအဆတွေတစ်ခုမှမဟုတ်ပါဘူး ... အောက်က ပုံလေးလို ယူဆသွားမှာပါ ... ဒီပုံကတော့ Site တစ်ခုကနေ အလွယ်ယူသုံးပြတာပါ ... ကျနော်ခုပြမယ့်နည်းနဲ့တူနေတဲ့ဇယားဖြစ်နေတာရယ် ... ကိုယ့်ဘာသာပြန်ရေးပြရင် ကြာနေမှာစိုးတာရယ်ကြောင့်ပါ ... နံပါတ် 9 ဟာ Gold တဲ့ ရွှေရောင်ပေါ့ ... ရှာဗျာ ... ရွှေရောင်အပြားလေးတစ်ခုခု ... ရှေးဝိဇ္ဇာစကားနဲ့ဆိုရရင် ရွှေပြားတောင်ရှာခိုင်းရမလိုပဲ ... မခက်ပါဘူး ... စီးကရက်ဗူးထဲက ရွှေရောင်စက္ကူလေးဖြုတ်ယူပေါ့ ... ရပြီဆိုရင် အောက်ပါအတိုင်းမှတ်ဗျာ ...

123 တြိဂံ

456 လေးထောင့်

789 စက်ဝိုင်း

ခု ကျနော်တို့ရထားတာက နံပါတ် 9 မဟုတ်လား ... ဒီတော့ စက်ဝိုင်းပုံဖြတ် ... ဝိုင်းအောင်တော့ဖြတ်နော် ... မဝိုင်းလို့တော့မဖြစ်ဘူး ... ပြီးရင် အဲဒီစက်ဝိုင်းပေါ်မှာ ရွှေရောင်မျက်နှာပြင်ဘက်ကနေ စောစောက မှတ်ထားတဲ့ တွဲဂဏန်း 27 ကိုရေးလိုက်ပါ ... ရေးတာက ခဲတံပဲသုံးပေါ့ ... ရပါပြီဗျာ ... Numerology အဆောင်လေးတစ်ခု ... ဘာအတွက်လဲ? ... ငွေကြေးအတွက်လေဗျာ ... ငွေကြေးကံကောင်းစေဖို့ပေါ့ ... ဘာကြောင့်ငွေကြေးကံကောင်းစေမှာလဲ ... အရောင်နဲ့ သဏ္ဍာန်ပေါ်မူတည်ပြီး တည်ဆောက်ခဲ့လို့ပါ ... မယုံရင် ... နက်ပြာပေါ် လေးထောင့်ပုံပြုပြီး 27 ရေးဆောင်ထားကြည့်ပါလား ... ပြီးမှ ချောက်တွန်းတယ်လို့ လာမပြောကြေးလေ ... 😂😂😂

ထားပါတော့ ... ခုနည်းက ရွှေရောင်စက်ဝိုင်းပေါ်တည်ဆောက်ရတာနော် ... ဘယ်လိုနေ့တွေမှာ ရေးဆွဲစီရင်သင့်သလဲဆိုတော့ သူနဲ့ ဂဏန်းသဘာဝခြင်းတူတဲ့ ... တုန်ခါမှုလိုင်းအလျားခြင်းဆင်တဲ့ 9-18-27 လို ရက်စွဲမျိုးတွေဖြစ်သင့်သလို ... လပါရွေးချင်ရင် ... 9 လပိုင်းလို့ ပုံသေမှတ်ထားပေါ့ ... ရတာက ဟုတ်ပါပြီဘာလုပ်ရမှာလဲ ... ဘယ်မှာထားရမှာလဲ ... သူ့သဘောက နီးရာကို ဖမ်းဆွဲလေ့ရှိပါတယ် ... သူက ငွေကိုဆွဲမှာပါ ... ငွေနားနီးလေကောင်းလေပါ ... ဥပမာ ပိုက်ဆံအိတ်ထဲထည့်ထားမယ် ... ဒါဆို အိတ်ထဲက မျိုးတူပိုက်ဆံတွေနဲ့သူက ညီအစ်ကိုလို တသားထဲဖြစ်ပြီး အပြင်က ညီနောင်တွေကို ထပ်မံဖိတ်ခေါ်ပေးပါလိမ့်မယ် ... ပြီးတော့ အဆောင်ပါတဲ့ ပိုက်ဆံအိတ်လေးကိုဆောင်ပြီး အလုပ်လုပ်ကြည့်ပါ ... သူက သူများအကျႌအိတ်ထဲထိ လိုက်ဝင်ပြီး ဖိတ်ခေါ်ပေးပါလိမ့်မယ် ... ထူးဆန်းတာတစ်ခုပြောပြပါမယ် ... ကြိုက်သလိုဆောင်ပါ ... သန့်ပြန်အောင်တော့ ထားပါ ... မိတ်ဆွေကိုယ်တိုင် မီးမရှို့ပါပဲ ... မီးလောင်ကျွမ်းထားသလိုဖြစ်လာတဲ့နေ့ဟာ သူ့ကို အမြန်ဖယ်ထုတ်သင့်တဲ့နေ့ဖြစ်ပါတယ် ... ဒီသဘောတရားက ဖြေရှင်းပြရခက်နေသေးတာကြောင့် ခုတော့ ကျော်လိုက်ပါရစေ ... သတိပေးခဲ့တာသာ မမေ့ပါစေနဲ့ ...