အနောက်တိုင်းလောကီပညာရပ်တွေထဲမှာ ဒီနည်းလမ်းဟာ ကျန်းမာရေးကို အထူးအထောက်အပံ့ဖြစ်စေ တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ လွယ်လည်းလွယ်ကူပြီး မြန်မာလူမျိုးတွေနဲ့လည်း ကိုက်ညီနေတာမို့ ဒီမှာ ဖော်ပြပေးလိုက်ပါတယ်။ နာတာရှည်ဝေဒနာရှင်တွေ၊ ဆေးထိုးဆေးသောက်လုပ်ရင်းနဲ့ ဆေးမတိုး တဲ့လူမျိုးတွေ၊ ကျန်းမာရေးကြောင့် စိတ်ကျရောဂါ ( Depression ) ခံစားနေရတဲ့လူတွေအတွက် အသုံး ဝင်မယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကဲ … စလိုက်ရအောင် …

လိုအပ်တဲ့ပစ္စည်းတွေ …

( ၁ ) ဖယောင်းတိုင် အနီတစ်တိုင်

( ၂ ) ဖယောင်းတိုင် အစိမ်းတစ်တိုင်

( ၃ ) ဖယောင်းတိုင်ပေါ်မှာ စာရေးထွင်းဖို့ အပ်တစ်ချောင်း

( ၄ ) လင်ဗန်းကြီးကြီးတစ်ချပ်

( ၅ ) ဇီရာစေ့ ( ပရဆေးဆိုင်မှာ အလွယ်တကူမေးဝယ်နိုင်ပါသည်။ )

ပြုလုပ်ရမယ့်နေ့။         ။ အရေးကြီးရင်တော့ မြန်မြန်လုပ်ပါ။ ရက်ရွေးခွင့်ရရင်တော့ လဆန်းပိုင်းထဲမှာ ကျရောက်နေတဲ့ တနင်္ဂနွေ ( သို့ ) တနင်္လာနေ့ကို ရွေးချယ်နိုင်ပါတယ်။

ဖယောင်းတိုင်အနီပေါ်မှာ “ ကျန်းမာပါစေ … ” လို့ရေးပါ။ ဖယောင်းတိုင်အစိမ်းပေါ်မှာတော့ “ မောင်ဖြူ ” လို့ ရောဂါဖြစ်နေသူရဲ့နာမည်ကို ရေးပါ။ ပြီးရင် ဖယောင်းတိုင်နှစ်တိုင်ကို ပူးလိုက်ပါ။ ပူးဆိုတာက ကြိုးနဲ့တုပ်ရမှာမဟုတ်ပါဘူး။ ဖယောင်းတိုင်တွေရဲ့ဘေးသားတွေကို မီးနဲ့အရည်အနည်းငယ်ဖျော်လိုက် ပြီးမှ အချင်းချင်းပူးကပ်ပေးလိုက်ရမှာဖြစ်ပါတယ်။ ဖယောင်းတိုင်ပျက်စီးလောက်အောင်တော့ အရည်မ ဖျော်လိုက်မိဖို့ သတိပြုပါ။ ပြီးရင် လင်ဗန်းကြီးကြီးတစ်ချပ်ရဲ့အလယ်မှာ အဲဒီနှစ်တိုင်ပူးထားတဲ့ ဖယောင်း တိုင်ကို စိုက်ထူထားလိုက်ပါ။ မီးမထွန်းပါနဲ့ဦး။ အဲဒီစိုက်ထူထားတဲ့ ဖယောင်းတိုင်ရဲ့ပတ်ပတ်လည်မှာ ဇီရာစေ့လေးတွေနဲ့ စက်၀ိုင်းပုံတစ်ခုဖြစ်အောင် ဖန်တီးပါ။ ပြီးရင် ဖယောင်းတိုင်ကို မီးထွန်းလို့ ရပါပြီ။ မီးထွန်းပြီးတာနဲ့ ဖယောင်းတိုင်ရှေ့မှာထိုင်ပြီး …



OTHALAHSEOUS ( အိုးသာလာဟ်ဆီးယပ်စ် )

ဆိုတဲ့ သံစဉ်ကို အခေါက် ၄၀ ရအောင် ရွတ်ပေးပါ။ အခေါက် ( ၄၀ ) ပြည့်ပြီးဆိုရင် ရောဂါရှင်မောင်ဖြူ အတွက် အမြန်ဆုံးကျန်းမာစေဖို့ ဆုမွန်ကောင်းများတောင်းဆိုပြီး လက်မ+လက်ခလယ်ကို အသုံးပြုကာ ဖယောင်းတိုင်မီးကို ငြိမ်းသတ်လိုက်ပါ။ ကျန်ရှိနေတဲ့ ဖယောင်းတိုင်တွေကို ရေမျှောပစ်ပါ။ အစီရင်က ဒါလေးပါပဲ … နောက်ရပ်တွေထပ်လုပ်ပေးရပါမယ်။ ၃ ရက်လောက်လုပ်လိုက်ရင် ကျန်းမာရေးအတွက် အထူးသိသာထင်ရှားလာပါလိမ့်မယ်။ ၃ ရက်ပြည့်ပေမယ့် အရေးကြီးရင်လည်း ကြီးသလိုထပ်မံလုပ် ဆောင်ပေးနိုင်ပါတယ်။ လူနာအခြေအနေနဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး လုပ်ဆောင်တတ်ရင် အကောင်းဆုံးပါ။ ဒီလောက်ဆို လုပ်တတ်မယ်ထင်ပါတယ်။ ကျန်းမာကြပါစေဗျာ ….