ဒီနည်းက အနောက်တိုင်းဂမ္ဘီရနည်းလမ်းလေးတစ်ခုပါ။ ယုံကြည်ရင် လိုက်လုပ်နိုင်ပါတယ်။ အရမ်းကိုရိုး ရှင်းပြီး လွယ်လွယ်နဲ့ ထိရောက်စေတဲ့နည်းလေးပါ။ အရောင်ဂမ္ဘီရနည်းလမ်းလေးတစ်ခုဆိုပါတော့ … မိမိ ကိုယ်တိုင် ကွန်ပြူတာနဲ့ အောက်ပါပုံအတိုင်း အပြာရောင်စက်၀ိုင်းလေးတစ်ခုကို ထုတ်ယူနိုင်သလို၊ ကျ နော်တင်ပေးလိုက်တဲ့ စက်၀ိုင်းကိုလည်း တိုက်ရိုက် Color Print ထုတ်ယူပြီး သုံးမယ်ဆိုလည်းရပါတယ်။ မိမိဘာသာကွန်ပြူတာနဲ့ထုတ်ယူတဲ့အခါမှာ အပြာရောင်အမျိုးမျိုးကွဲပြားနိုင်တဲ့အတွက် သတ်မှတ်ထား တဲ့ ကာလာကုဒ်တွေကို ဒီမှာ ဖော်ပြပေးလိုက်ပါတယ်။ အဲဒီအထဲက တစ်ခုခုကို အသုံးပြုပေးရမှာဖြစ်ပါ တယ်။ အောင်မြင်ချင်တယ်ဆိုရင် တိတိကျကျလုပ်ပါခင်ဗျာ …အပြာဖြစ်ပြီးရောလုပ်လို့မရပါဘူး။

R = 103, G = 166, B = 230 သို့မဟုတ် #67a6e6

R = 51, G = 141, B = 233 သို့မဟုတ် #338de9

R = 55, G = 147, B = 241 သို့မဟုတ် #3793f1

ဒီနည်းလမ်းက အချစ်ရေး၊ အိမ်ထောင်ရေးတွေမှာ အထူးသဖြင့် အသုံးပြုပါတယ်။ ချစ်သူချင်းအဆင်မပြေ တာမျိုး၊ မကြာခဏအခြေအတင်စကားများတာမျိုး၊ နားလည်မှုမရှိပဲ တယောက်နဲ့တယောက်အပြစ်မြင် နေတာမျိုး … ဒီလိုပဲ အိမ်ထောင်ရေးမှာလည်း ခဏခဏရန်ရှာခံရတာမျိုး၊ စိတ်ချင်းမတိုက်ဆိုင်တာမျိုး၊ တကျက်ကျက်ရန်ဖြစ်နေတာမျိုး စတဲ့စိတ်ပိုင်းဆိုင်ရာပူလောင်မှုတွေကို ထိန်းချုပ်ချင်တဲ့အခါမျိုးမှာ ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ ကဲ … စက်၀ိုင်းလေး Print ထုတ်ပြီးပြီလို့ မှတ်ယူလိုက်မယ်နော်။ ရပြီဆိုရင် … အဲဒီအပြာရောင်စက်၀ိုင်းလေးပေါ်မှာ မိမိအတွက် စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ ချစ်သူ၊ အိမ်ထောင်ဘက်ရဲ့ လိုင်စင်ဓာတ်ပုံလေးကို ကပ်လိုက်ပါ။ အပြာဘက်အချမ်းမှာ ကပ်လိုက်တာနော် … ဒါဆို ဒီလိုပုံဖြစ်သွားပါလိမ့်မယ်။

ဒီအနေအထားရပြီဆိုရင် ပန်း၊ အရုပ်တွေမပါတဲ့ ဖန်ခွက်အကြည်တစ်လုံးနဲ့ ဓာတ်ပုံလေးကို မှောက်အုပ် လိုက်ပါ။ ပြီးရင် ဖန်ခွက်ဖင်ကို လက်ညိုးနဲ့ထိပြီး အောက်ပါသံစဉ်ကို ရွတ်ပေးပါ။

O THALAH DEMOCAGO ( အို သာလာဟ် ဒီမိုခါဂို )

အသံထွက်ရွတ်ရပါမယ်။ ၅၅ ခေါက်ပြည့်အောင်ရွတ်ရပါမယ်။ ပြည့်ပြီဆိုရင် ဖန်ခွက်အောက်က ဓာတ်ပုံ ကပ်ထားတဲ့အပြာရောင်စက်၀ိုင်းလေးကိုထုတ်ယူပြီး လေးဘက်လေးတန်ကနေ ဓာတ်ပုံကို အတွင်းမှာ ထားပြီးခေါက်လိုက်ပါ။ အဲဒီအခေါက်လေးကို ပြန်မပြေအောင် အပ်ချည်အညိုရောင်နဲ့ တုပ်ထားပါ။ ပြီးရင် ကိုယ်နဲ့ မကွာဆောင်ထားပြီး အရေးကြုံတိုင်း … အောက်ပါစကားဖြင့် ဆုတောင်းပါ။

“ ( မောင်ဖြူ ) အေးချမ်းပါစေ … ပြဿနာရဲ့အဖြေကို တွေ့ပါစေ … မလိုအပ်တာတွေကို ဖယ်ချနိုင်ပါစေ … သဟဇာတကျပါစေ … ” ( မောင်ဖြူနေရာမှာ မိမိချစ်သူ၊ အိမ်ထောင်ဘက်နာမည်ထည့်ရွတ်ပါ )

ဒါဆို ပြဿနာအရပ်ရပ်ဟာ တဖြေးဖြေးချင်း အေးချမ်းသွားစေမှာဖြစ်ပြီး အချင်းချင်းလည်း သာတူညီမျှ နားလည်မှုရလာစေမှာဖြစ်ပါတယ်။ စီရင်တဲ့အခါ အမည်းရောင်စိတ်ထားတွေကို ဖယ်ထားပါ။ အနိုင်ယူလို စိတ်ကင်းပါစေ …