အကြွေးယူပြီး ပြန်မဆပ်ချင်သူထံမှ အကြွေးရအောင်တောင်းနည်း...



အထက်ပါပြဿနာအတွက် ဦးစွာစဥ်းစားရန် အချက် ( ၃ ) ချက်ရှိသည်...
ဥပမာ... မိမိထံမှ အကြွေးယူသူမှာ မောင်မဲဆိုပါစို့....
( ၁ ) မောင်မဲ ကိုယ့်ဆီက တကယ်အကြွေးယူခဲ့တာမှန်ရဲ့လား?
( ၂ ) ငွေ amount များရမည်။
( ၃ ) မောင်မဲသည် ငွေအဆင်ပြေနေပါလျှက် ပြန်မဆပ်သည်မှာ မှန်ရဲ့လား?
( ၁ ) အရ မောင်မဲသည် မိမိထံမှ အကြွေးယူခဲ့သည်မှာမှန်သော်လည်း ကိုယ်တိုင် ယူခဲ့ခြင်းမဟုတ်... တဆင့်ခံလူနှင့် ငွေကိုချေးယူခဲ့ခြင်းဖြစ်သည်ဆိုပါမူ... ယခုအစီရင်အားမလုပ်ပါနှင့်။
အပြန်အားဖြင့် မောင်မဲကိုယ်တိုင် ငွေချေးယူခဲ့ပါက လုပ်ပါ။
( ၂ ) အရ ငွေသည် တစ်သိန်းအောက်ဖြစ်နေပါက ယခုအစီရင်အားမလုပ်ပါနှင့်။
အပြန်အားဖြင့် ငွေ amount များပါက လုပ်ပါ။
( ၃ ) အရ မောင်မဲသည် အကြွေးကို ဖဲ့ဖဲ့ဆပ်ခဲ့ဖူးပါသည်။ ယခုနောက်ပိုင်းမှ မဆပ်ခြင်းဖြစ်သည်ဟု ဆိုပါမူ... သို့မဟုတ်... မိမိဘာသာ သူအဆင်ပြေနေသည်ဟု သံသယရှိနေခြင်းသာဖြစ်ပါသည်ဟုဆိုသော်... #ယခုအစီရင်အားမလုပ်ပါနှင့်။
အပြန်အားဖြင့် ငွေအဆင်ပြေပါလျှက် တခါမှ မပေးဆပ်ပါက လုပ်ပါ
အထက်သုံးချက် ပြည့်စုံ၍ လုပ်သင့်သည်ဟု ယုံကြည်ပါက အောက်ပါအစီရင်ကိုလုပ်ဆောင်နိုင်ပါသည်။...
အထက် ၃ ချက် စစ်မေးချက်တွင်... ယခုအစီရင်အားမလုပ်ပါနှင့်။ ဟု အဖြေရသော် လုံးဝ မပြုလုပ်ရန် အထူးသတိပေးပါသည်။ မိမိကိုယ်ပြန်၍ခိုက်တတ်လှ၏။
အစီရင်ကို စနေနေ့ ည ၈:၀၆ တိတိမှာ စပြီးလုပ်ပါ။
ပုလင်းအညို ခပ်သေးသေးတစ်လုံးထဲမှာ....
စာရွက်ဖြူတစ်ရွက်ပေါ်... အကြွေးယူသူ မောင်မဲ ဟုရေးပြီး စာရွက်ကို လိပ်၍ထည့်ပါ။ ( ဓာတ်ပုံဖြစ်လျှင် ပိုကောင်းပါသည်။ )
ဇီးဆူး ၈ ချောင်း
မိမိမွေးနံမှ ၆ ခုမြောက်ကျသော ဆပွတ်နံအသား လက်တစ်ဆစ်... ( အစီရင်လုပ်သူသည် ကျားဆို ညာလက်ညိုးပထမဆစ်တစ်ဆစ်စာ၊ မ..ဆို ဘယ်လက်ညိုးပထမဆစ်တစ်ဆစ်စာ ) ဥပမာ... တနင်္ဂနွေသားသမီးဆိုလျှင် သောကြာနံ သီဟိုဠ်သား။
ပြီးလျှင် ပုလင်းကို အဖုံးပိတ်ပါ။ အိမ်အတွင်း အိပ်ခန်းလိုနေရာမျိုးမှာထားပေးပါ။ အမြင့်တင်မထားရပါ။... ညအိပ်ခါနီးတိုင်း ပုလင်းကို ခပ်ကြမ်းကြမ်းခလောက်ရင်း... မောင်မဲ... ငါ့ငွေ အမြန်လာဆပ်ပါ။ လာပေးပါ။ စသဖြင့် အမိန့်ပေးဆုတောင်းပါ။ လက်တညောင်းလုပ်ပါ။ ၂၁ ရက် ဆက်တိုက်လုပ်ပါ။ ကိုယ်ထပ်တောင်းနေစရာမလိုအောင် သူကိုယ်တိုင် လာပေးပါလိမ့်မယ်။