စိတ်ညစ်စရာတွေ၊ သောကတွေ၊ စိတ်ဒဏ်ရာတွေကို ပြေပျောက်အောင် ကုသပေးတဲ့ အစီအမံမျိုးကို Emotional Healing လို့ခေါ်ပါတယ်။ အနောက်တိုင်းဂမ္ဘီရပညာရှင်တွေ သုံးလေ့သုံးထရှိတဲ့ နည်းလမ်းများစွာထဲက လွယ်လွယ်နဲ့ထိရောက်မယ့် အစီရင်တစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။

အစီရင်အတွက် အခါကောင်းရွေးချယ်ခြင်း

အခါကောင်းရွေးချယ်တဲ့နေရာမှာ နည်းလမ်းအမျိုးမျိုးရှိပါတယ်.. အနောက်တိုင်းမှာတော့... Timing လို့ သုံးနှုန်းပါတယ်။ တကယ်တော့ အချိန်နဲ့အခါ မတူပါဘူး။ အချိန်ဆိုတာ အကြမ်းသဘောဖြစ်ပြီး အခါကတော့ အနုစိတ်သဘောဖြစ်ပါတယ်။ တနေကုန် ငါးမျှားနေတဲ့လူဟာ တနေကုန်ငါးမိချင်မှမိပါမယ်။ မိခဲ့ရင်တောင် အချိန် ထဲက အခါ တစ်ခုမှာသာမိတတ်တာမျိုးပါ။ ဥပမာ... ဒီနေ့ ငါးမျှားကြည့််မယ်။ နေ့လည် ၂ နာရီမှာ ငါးမိတယ်။ ကျန်တဲ့အချိန် မမိဘူးဆိုပါစို့... နေ့အရ ဒီနေ့ ငါးမိမယ်ဆိုတာဟာ ၂၄ နာရီအတွင်း ငါးမိမယ်... ဒါဟာ အချိန်ကောင်းလို့မှတ်ပါ။ ၂၄ နာရီအတွင်းရဲ့ နေ့လည် ၂ နာရီမှာမိတယ်ဆိုတာကတော့ အခါကောင်းဖြစ်ပါတယ်။ အကယ်၍သာ ဒီနေ့ နေ့လည်
၂ နာရီဟာ ငါးမိတဲ့အခါ လို့ တိတိကျကျ ကြိုသိနေခဲ့မယ်ဆိုရင် အခါကောင်းသိသူလို့ဆိုနိုင်ပြီး အချိန်ကုန်ခံ ငါးမျှားနေစရာမလိုတော့ပဲ နေ့လည် ၂ နာရီမှ ငါးမျှားလိုက်တာဟာ အခါကောင်းကို လက်တွေ့အသုံးချတတ်သူလို့ ဆိုနိုင်ပါတယ်။ အချိန်ကောင်း၊ အခါကောင်းရွေးချယ်တဲ့စနစ်အကြောင်းကို အကျယ်တဝင့်သိချင်ရင်... The Secret of Magick Course ရဲ့ " အရေးပါသော အချိန်ပိုင်းဆိုင်ရာ လျှို့ဝှက်ချက်များ " ဆိုတဲ့အခန်းမှာလေ့လာနိုင်ပါတယ်။
ဒီမှာတော့... လမင်းရဲ့သွားလာမှုကို အခြေခံပြီး တင်ပြပေးပါမယ်။ တခြားနည်းနဲ့ဆို နားမလည်ရင် ရှုပ်ထွေးသွားနိုင်လို့ပါ။ ဒီမှာလည်း မူအမျိုးမျိုးရှိနေပြန်ပါတယ်။ ကျနော်အကြိုက်ဆုံးမူတစ်ခုနဲ့ပဲ ပြောပါရစေ။
လမင်းရဲ့သွားလာမှုကို စက်ဝိုင်းတစ်ခုအဖြစ်မြင်ကြည့်ပါ။ ပြီးတော့ လေးစိတ်စိတ်ကြည့်ပါ။ ပုံမှာ ဝေါဟာရ ဆန်းဆုတ်ရက်နဲ့နမူနာပြထားပါတယ်။ တနင်္လာဂြိုဟ်အသွားနဲ့ တွက်နိုင်ရင် ပိုကောင်းပါတယ်။
စက်ဝိုင်းစိတ် ၁ ကာလဖြစ်တဲ့ လဆန်း ၁၂ ရက်ကနေ လဆုတ် ၃ ရက်အတွင်းမှာ ခုအစီရင်ကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ အချိန်ကို မွန်းတည့် ၁၂ နာရီ သို့ ညနေ ၆ နာရီ အဖြစ်ရွေးချယ်ပါ။

အစီရင်အတွက် လိုအပ်သော ပစ္စည်းများ

( က ) ၃ x ၄ လက်မ ( A4 စာရွက် ) တစ်ရွက်
( ခ ) ဖယောင်းတိုင်အဖြူ အတိုင်ကြီးတစ်တိုင်
( ဂ ) ဘောပဲန် ( Ball Pen ) မှင်နီ တစ်ချောင်း
( က ) ကြွေပန်းကန်ပြားကြီး တစ်ချပ်

ပြုလုပ်ပုံ

စာရွက်ပေါ်မှာ မိမိအတွက် စိတ်ရှုပ်စရာ၊ သောက၊ ပြဿနာ၊ ဒုက္ခ၊ စိတ်ဒဏ်ရာ စသည် အကုန် မှင်နီနဲ့ချရေးပါ။ ပြီးရင် ကြွေပန်းကန်ပြားပေါ်မှာ ဖယောင်းတိုင်ကို ထွန်းပါ။ စာရေးထားတဲ့စာရွက်ကို တြိဂံပုံခေါက်ကာ ဖယောင်းတိုင် မီးတောက်ကို ဗဟိုပြု၍ စက်ဝိုင်း သဏ္ဍာန် လက်ဝဲရစ် ၃ ကြိမ်၊ လက်ယာရစ် ၃ ကြိမ် ပတ်ပါ။ ပြီးလျှင် " ငါ့စိတ်ဒဏ်ရာတွေ စကြာဝဠာထဲကို သွားပါ။ အမြန်ဆုံးထွက်သွားပါ။ " လို့ ရွတ်ဆိုပြီး စာရွက်ကို မီးရှို့ပစ်ပါ။ စာရွက် မီးလောင်ပြာကျသွားပါက... ဖယောင်းတိုင်မီးကိုပါ ငြိမ်းသတ်လိုက်ပါ။
အစီရင်ကို မကြာမကြာလုပ်ပေးရပါမယ်။
ဒီနေရာမှာ သတိပြုရမှာက... လက်ဝဲ၊ လက်ယာ ၃ ကြိမ်စီ ပတ်နေဆဲမှာ အသက်အောင့်ထားရမှာဖြစ်ပြီး... စာရွက်မီးရှို့တာနဲ့ အသက်ကို ရှုထုတ်လိုက်ရမှာဖြစ်ပါတယ်။ ဒါကတော့ လွဲလို့မရပါဘူး။