( ၁ ) ဒီပုံက ယင်ယန်ရဲ့ မူလ ( Logo ) ပုံဖြစ်ပါတယ်။ 


ရှေးဟောင်းအဓိပ္ပါယ်အကျဉ်း

မတူညီသောအရာများ တမျိုးတည်းဖြစ်အောင် ပေါင်းစပ်ခြင်းမှ အရာအားလုံးဖြစ်ပေါ်လာသည်။

ခေတ်သစ်အဓိပ္ပါယ်အကျဉ်း

ဆန့်ကျင်ဘက်များ ပေါင်းစပ်ဆက်သွယ်ခြင်းဖြင့် အပြောင်းအလဲများဖြစ်လာရသည်။


( ၂ ) ဒီပုံကတော့ မူလ ( Logo ) ကိုမှ ကျနော့်ဘာသာ စိတ်ကူးရသလို ပြန်ဆွဲထားတဲ့ ( Design ) ဖြစ်ပါတယ်။

အဓိပ္ပါယ်ကတော့ ပထမပုံရဲ့ အဓိပ္ပါယ်နဲ့တူတူပါပဲ။ ( Design ) ပဲကွာတာပါ။


( ၃ ) ဒီပုံကတော့ ယင်ယန်ကို ကျနော့်ရဲ့စိတ်ကူးနဲ့ ပြန်လည်ဆန်းသစ်ထားတဲ့ ( Design ) ဖြစ်ပါတယ်။

အဓိပ္ပါယ်က မတူညီတဲ့အရာနှစ်ခုပေါင်းစပ်လိုက်ခြင်းဟာ တူညီကွဲပြားတဲ့အရာတစ်ခုကို စတင်ဖြစ်ပေါ်လာတယ် ဆိုတဲ့အယူအဆဖြစ်ပါတယ်။ 


( ၄ ) ဒီပုံကတော့ ပုံ ( ၃ ) ရဲ့ ( Design ) ကိုမှ အနည်းငယ်ပြင်ပြီးရေးဆွဲလိုက်တာပါ။ 

အဓိပ္ပါယ်ကတော့ ပုံ ( ၃ ) နဲ့တူတူပါပဲ။ အနက်နဲ့အဖြူရဲ့ပေါင်းစပ်မှုက မီးခိုးရောင်ဖြစ်လာတယ်လို့ တိုက်ရိုက် အဓိပ္ပါယ်ယူနိုင်ပါတယ်။ နည်းနည်းပိုပြီးဥပမာပေးရရင်တော့ ဖခင်နဲ့မိခင်ပေါင်းစပ်မှုဟာ သားသမီးကို ဖြစ်ပေါ်လာစေတာနဲ့ အလားတူပါတယ်။


( ၅ ) ဒီပုံကတော့မူလယင်ယန်ကို ထပ်မံပြုပြင်ပြီး ကျနော့်စိတ်ကူးအရ ( Design ) ပြန်လုပ်ထားတာပါ။

ယင်ယန်ရဲ့ ဆန်းသစ်ထားတဲ့ ( Design ) တစ်ခုဖြစ်ပါတယ်။ မူလယင်ယန်ရဲ့ အဓိပ္ပါယ်အတိုင်း ယူဆနိုင်ပါတယ်။

( ၆ ) ဒီပုံကတော့ရိုးရှင်းတဲ့ ( Design ) တစ်ခုပါ။ ယင်ယန်အတွက် ခေတ်ဆန်း ( Design ) ဖြစ်ပါတယ်။

အဓိပ္ပါယ်က ယင်ယန်ရဲ့အယူအဆနဲ့တူတူပါပဲ ... ဒါပေမယ့် ဒီမှာတော့ ပေါင်းစပ်မှုတွေများပါတယ်။