အရောင်းစွံစေမယ့်နည်း …

ဘာကို အရောင်းစွံမှာလဲ … ဘာအတွက်လဲ … ဘာရောင်းရင် ဒီနည်းသုံးရမှာလဲ … စသဖြင့် တွေးစရာ တွေအများကြီးရှိပါတယ်။ လူအမျိုးမျိုးဟာ ကုန်ပစ္စည်းအမျိုးမျိုးကို နည်းအမျိုးမျိုးနဲ့ ရောင်းချနေကြပါ တယ်။ ရောင်းတဲ့နေရာမှာ ရောင်းချသူရဲ့ ကိုယ်ပိုင်ဉာဏ်ရည်ဉာဏ်သွေးပေါ်မူတည်ပြီး အရောင်းအဝယ် ဖြစ်ထွန်းမှု၊ မဖြစ်ထွန်းတွေဟာ ကွာခြားသွားလေ့ရှိပါတယ်။ ကိုယ်ပိုင်ဉာဏ်ရည်ဉာဏ်သွေးဆိုတဲ့နေရာမှာ သာမန်ဉာဏ်ပညာဆိုတာထက် … စနစ်ကျခြင်း၊ အကွက်ချတတ်ခြင်း၊ ကြိုတင်ရှုမြင်တတ်ခြင်း၊ အခြေအနေကို တွက်ဆပြီးဖြစ်ခြင်း စတဲ့ဉာဏ်ရည်ဉာဏ်သွေးမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီမှာ ကျနော်က Marketing Ideas တွေကို ချပြနေမှာမဟုတ်ပါဘူး။ ကျနော်တတ်မြောက်ထားတဲ့ ဂမ္ဘီရ နည်းလမ်းတွေကို ဘယ်လိုအသုံးချရမလဲဆိုတာကိုပဲ တင်ပြပေးမှာဖြစ်ပါတယ်။ ဒီတော့ မိတ်ဆွေက မေးလာမယ်။ အရောင်းစွံဖို့က ဒါကို လုပ်ရင်စွံမှာလား။ မလုပ်ရင်ရော မစွံတော့ဘူးလား … လုပ်ပြီး မစွံရင် ရောဘယ်လိုလဲ … စသဖြင့်ပေါ့ … ဒါကို ဒီမှာ အနည်းငယ်ရှင်းပြရရင် … ကျနော်အထက်မှာ ရေးခဲ့သလို ပဲ … ကိုယ်ပိုင်ဉာဏ်ရည်ဉာဏ်သွေးကောင်းတဲ့ပုဂ္ဂိုလ်တွေဟာ စီးပွားရေးပိုင်းမှာ အောင်မြင်လေ့ရှိကြပါ တယ်။ သူတို့မှာ ကိုယ်ပိုင် Plan ကောင်းကောင်းတွေလည်း ရှိတတ်ကြပါတယ်။ ဒီအတွက်လည်းအောင် မြင်နိုင်ပါတယ်။ သို့သော် … မိတ်ဆွေတို့ သတိထားကြည့်တတ်ရင် … သတိပြုမိစရာအချို့ရှိပါလိမ့်မယ်။ ဘယ်လောက်ပဲ Plan ကောင်းနေပါစေ … မိမိရဲ့ ကံတရားမှာ ချို့ယွင်းချက်တခုခုရှိနေတဲ့အခါ လုပ်သလောက်မပေါက်ရောက်တာမျိုး၊ လက်တွေ့ပိုင်းမှာ လွဲချော်နေတာမျိုး၊ မလိုအပ်ပဲ .. ဆုံးရှုံးရတာမျိုး တွေကိုပေါ့ … ဒါကြောင့်လည်း မြန်မာစကားမှာ “ ကံမရှိ ဉာဏ်ရှိတိုင်းမွဲ ” လို့ သတိပေးခဲ့တာဖြစ်နိုင်ပါ တယ်။ “ ကံ၊ ဉာဏ်၊ ဝီရိယ” သုံးမျိုးပြည့်စုံနေတဲ့လူတွေဟာ ဘာအစီရင်မှ မလိုပဲကို အောင်မြင်မယ့် လူစားမျိုးတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း … ဒေါက်တာလှဘေက … “ ဝီရိယကိုထူ၊ ဉာဏ်နှင့်ချူ၊ ကံကဖေးမသူ ” လို့ ဆိုထားပါတယ်။ ကျနော်အရမ်းကြိုက်တဲ့စကားလေးပါ။ အဓိပ္ပါယ်က ရှင်းပြစရာမလို လောက်အောင် အပြည့်အစုံပါပြီးဖြစ်ပါတယ်။ ဒီတော့ … ကျနော်ခုပေးမယ့် ဂမ္ဘီရနည်းလမ်းတွေဟာ ကံတရားအရ လိုအပ်ချက်ရှိနေသူတွေအတွက် အသုံးပြုရမယ့်နည်းလမ်းလို့ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် မိမိအတွက် လုပ်သလောက်အကျိုးမရောက်ဘူးထင်နေရင် ကံတရားရဲ့လိုအပ်ချက် ရှိနေလို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မိမိကံဇာတာကို ဗေဒင်နည်းလမ်းနဲ့ စစ်ဆေးကြည့်ပြီး လိုအပ်ချက်ကို ပြုပြင် နိုင်သလို၊ မဟုတ်ရင်လည်း ခုပေးမယ့်နည်းလမ်းကို စမ်းသပ်လုပ်ဆောင်ကြည့်နိုင်ပါတယ်။ ဒါကို လုပ်ရင် အဆင်ပြေမပြေဆိုတာကတော့ လုပ်သူရဲ့ ဆန္ဒဓိပတိနဲ့သက်ဆိုင်မယ်ထင်ပါတယ်။ ဘာကြောင့်လဲဆို တော့ … အစီရင်ပေးတဲ့ ကျနော်က စေတနာ၊ မေတ္တာကို ရှေ့ထားပြီးပေးပါတယ်။ လုပ်နည်းကျနအောင် လည်း သေသေချာချာရှင်းပြထားပါတယ်။ ဒါကိုလုပ်တဲ့အတွက် အခကြေးငွေလည်း ပေးစရာမလိုသလို၊ ဘာမှလည်း အကုန်အကျမများပါဘူး။ ဒါကိုမှ လုပ်ဆောင့်မယ့်သူက မယုံမကြည်လုပ်မယ်။ မလေးမစား လုပ်မယ်။ တကယ်အဆင်ပြေချင်တဲ့စိတ်ကြောင့်မဟုတ်ပဲ စမ်းသပ်ချင်တဲ့သဘောနဲ့လုပ်မယ်ဆိုရင်တော့ အောင်မြင်ဖို့ဆိုတာ လုံး၀မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ကျနော်ပေးနေတာ သိပ္ပံပညာမဟုတ်ပဲ … ဝိဇ္ဇာပညာဖြစ်နေတာကြောင့်ပါ။ သိပ္ပံပညာရပ်မှာ ၁ နဲ့ ၁ ပေါင်းရင်းအမြဲတမ်း ၂ ဖြစ်လောက်အောင် သေချာပေမယ့် … ဝိဇ္ဇာပညာအရတော့ … ၁ နဲ့ ၁ ပေါင်း အမြဲတမ်း ၂ မဖြစ်ပါ။ ၃ - ၄ - ၅ တစ်ခုခု ဖြစ်ချင် လည်းဖြစ်နေပါတယ်။ ဒါကို ၂ မဟုတ်လို့ ဝိဇ္ဇာပညာမှားတယ်လို့ မဆိုနိုင်ပါဘူး။ ဝိဇ္ဇာပညာရပ်မှာ သိစရာ၊ ရှောင်စရာ၊ လိုက်နာစရာ၊ သဘောပေါက်စရာတွေများစွာရှိနေပါတယ်။ သိပ္ပံဉာဏ်နဲ့ ဝိဇ္ဇာဉာဏ်ခြင်းလည်း မတူညီပါဘူး။ ကဲ … ထားပါတော့ ဒါတွေရှင်းပြနေရရင် လိုရင်းမရောက်တော့ပဲ စာပိုရှည်သွားနိုင်ပါတယ်။ လိုရင်းကို သွားရအောင် … ဘာပဲရောင်းရောင်းဗျာ … ဒီနည်းကိုအသုံးပြုပါ။ အဆင်ပြေပါလိမ့်မယ်။ နံသင့်အပေါ်မှာ အခြေခံပြီး ဓာတ်ရိုက်တဲ့နည်းလမ်းမဟုတ်ပါဘူး။ အရောင်းစွံခြင်းအပေါ်မှာ အခြေပြု ထားတဲ့နည်းလမ်းဖြစ်လို့ အရောင်းစွံဖို့အတွက်ဆို ဘာပစ္စည်းဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။ ဘာပစ္စည်း ဖြစ်ဖြစ်ပြောတာနော်။ လူမပါဘူး။ တော်ကြာ … ဆရာရေ လူကလည်း အရောင်းမစွံဘူး။ အသက်တွေ လည်းကြီးလှပြီ။ အဲဒါရော စွံအောင် ဒီနည်းနဲ့ လုပ်လို့ရမလားလည်း မေးမနေကြနဲ့ဦး … :P

မနက်မိုးလင်းလင်းခြင်း … ဖလားသန့်သန့်တစ်လုံးထဲကို ရေထည့်ပါ။ မြတ်စွာဘုရားကို မျက်နှာသစ်တော် ရေကပ်လှူပါ။ ဘုရားရှိခိုး၊ ပုတီးစိပ် လုပ်နိုင်ရင် ပိုကောင်းပါတယ်။ တချို့က ပျင်းတတ်တော့ အတင်းမ ခိုင်းတော့ပါဘူး။ ပြီးရင် မျက်နှာသစ်တော်ရေကို ပြန်စွန့်ပြီး … အဲဒီဖလားထဲက ရေထဲမှာ မိမိသန်ရာလက် ညိုးနဲ့ “ ထွက် ” ဆိုတဲ့ စာလုံးကို ရေးပါ။ ရေထဲရေးတာဆိုတော့ စက္ကူပေါ်ရေးသလိုတော့ မထင်နိုင်ပါဘူး။ သို့သော် စိတ်ကူးထဲတော့ ထင်နေအောင် ရေးရပါမယ်။ ပြီးရင် … အောက်ပါဂါထာနဲ့ ရွတ်မန်းပါ။

“ ဥုံ … အနိစ္စ ထွက်

ဥုံ … ဒုက္ခ ထွက်

ဥုံ … အနတ္တ ထွက် …” 

( ၇ ခေါက်ရွတ်မန်းပေးရပါမယ်။ ပိုမန်းလည်း ပိုကောင်းပါတယ်။ )

ပြီးရင် အဲဒီရေနဲ့ ရောင်းချင်တဲ့ ပစ္စည်းတွေကို တောက်ဖြန်းပေးပါ။ စတိပြောတာနော်။ တော်ကြာ ရောင်း ချင်တာက ကွန်ပြူတာ၊ ဆရာ့နည်းအရ ရေဖြန်းလိုက်လို့ အကုန်ပျက်စီးပြီး ရောင်းဖို့အသာထား၊ အပြင်ဆိုင်ပါပို့နေရပြီလဲဖြစ်နေဦးမယ်။ စတိသဘောပြောတာပါ။ အစီရင်က ဒါပါပဲ … နောက်ရက် ဒီအတိုင်း ထပ်လုပ်နိုင်သလို၊ မဟုတ်လည်း ပိုနေတဲ့ ရေတွေကို သီးသန့်သိမ်းထားပြီး ရေကို ပွားပွားသုံးကာ ဆက်လက်အသုံးပြုနိုင်ပါတယ်။ ဂါထာကတော့ နေ့စဉ်ရွတ်ပေးဖို့ လိုပါမယ်။ ကဲ … ပေးပြီးပြီနော် … လုပ်မလုပ်ဆိုတာက မိတ်ဆွေတို့အလုပ်။ ကျနော့်ဘက်က တန်ဖိုးရှိတဲ့အချိန်တွေကို ဖဲ့ပေးလိုက်ရတာ။ ဖဲ့ပေးလိုက်ရကျိုးနပ်ပါစေဗျာ …