အိမ်ရောင်းထွက်ဖို့ ... အိုးအိမ်ကိစ္စ ၁နွေပါ။ ဒါပေမယ့် အိမ်သက်သက်ရောင်းမှာလား ... မြေမပါတော့ဘူးလား ... မြေပါပါတယ်ဆိုရင်တော့ ... ၅တေးပေါ့ ... 

ဒီနေရာမှာ တစ်ခုအသိပေးစရာရှိလာတယ်။ အဓိက ဂြိုဟ်မရှာပဲ ဓာတ်ရမ်းပြီး မရိုက်သင့်ပါဘူး ... အိုးအိမ်အဓိကလား၊ လူအဓိကလား၊ မြေအဓိကလား ... ဘာတွေအဓိကလဲ ...

ဥပမာအားဖြင့် ... မြေကွက်က အရမ်းကြီးကျယ်နေမယ်။ အဲဒီမြေပေါ်မှာဆောက်ထားတဲ့အိမ်က ခပ်သေးသေးရယ်ဆိုရင် မြေကို အဓိက ထားပြီး ဓာတ်ရိုက်ကြည့်ပါ။ ပိုပြီး လွယ်ကူအောင်မြင်တတ်တာတွေ့ရပါမယ်။

မြေကွက်ကြီး မကြီးတော့ မသိဘူး ... အဲဒီမြေမှာဆောက်ထားတဲ့အိမ်အကျယ်အဝန်းက မြေနေရာပြည့်လုခမန်းဆိုရင်တော့ အိမ်အဓိကပါ။ အိမ်ကို ဓာတ်ရိုက်ကြည့်ပါ။ ပိုပြီး လွယ်ကူအောင်မြင်တတ်တာတွေ့ရပါမယ်။

နောက်တစ်မျိုးက လူ ... လူဆိုတာ ဓာတ်ရိုက်ရမယ့်လူကို ဆိုလိုတာပါ။ တခါတလေ ... အိမ်ပိုင်ရှင်ရိုက်မှ ထွက်တာလည်း ရှိတယ်။ တခါတလေ ... အိမ်ပိုင်ရှင်ရဲ့ မွေးနံကနေ ၆ ခုမြောက်ကျတဲ့ ဆပွတ်နေ့သားက ရိုက်ပေး

မှ ထွက်တာလည်း ရှိပါတယ်။ နောက်ပြီး ... အိမ်ပိုင်ရှင်က ဓာတ်ရိုက်ချင်ပါတယ်ဆိုရင်တောင်မှ သူကိုယ်တိုင် ရိုက်ရင် ဓာတ်လေးမယ့်နှစ်ဖြစ်နေလို့၊ သူကိုယ်တိုင်ကံနိမ့်နေလို့ လူစားထိုးရိုက်ရတာမျိုးတွေလည်း ရှိတတ်ပါတယ်။

အသေးစိပ်ကတော့ မိမိကံကြမ္မာအရလည်း သေသေချာချာတွက်ကြည့်ထားပါဦး ... ခုတော့ ဓာတ်ရိုက်နည်းကိုသာ ပြောပြပေးသွားမှာဖြစ်ပါတယ်။ 

မြေအိုးတစ်လုံးဝယ်ပါ။ ခြံလေးထောင့်က မြေကို နည်းနည်းဆီတူးယူပါ။ အဲဒီအိုးထဲ တူးလို့ ရသမျှ မြေတွေထည့်ပါ။ ထောင့်လေးထောင့်က မြေတွေဟာ အိုးရဲ့ တဝက်လောက်ရရင်တော်ပါပြီ။ အိုးကတော့ အတာအိုး Size ပေါ့လေ ...

ရပြီဆိုရင် မိတ်ဆွေရဲ့ အိမ်နံပါတ် ( သို့ ) ခြံနံပါတ်ကို ၇ နဲ့စားကြည့်ပါ။ အကြွင်းအရ အောက်ပါအညွန့်အခက်တွေကို ယူပါ။

၁ကြွင်း ... သီဟိုဠ် ရွက် ၆ ရွက်

၂ကြွင်း ... ဒန်း ၇ ညွန့်

၃ကြွင်း ... အုန်း ၁ ညွန့်

၄ကြွင်း ... ကြံ ၂ ညွန့်

၅ကြွင်း ... ဇော်စိမ်း ၃ ညွှန့်

၆ကြွင်း ... ရွက်လှ အရွက်ကြီးမျိုး အရွက် ၄ ရွက်

ဝကြွင်း ... မေမြို့ ၅ ပွင့်

အဲဒီအညွှန့် အခက်တွေကိုလည်း အိုးထဲရောက်အောင်ထည့်လိုက်ပါ။ ဒီအထိရပြီဆိုရင် အိုးအဝကို ပိတ်အနီစနဲ့ ပိတ်ပြီး ပြန်မပြေအောင် ကြိုးတွေဘာတွေနဲ့ တုပ်လိုက်ပါ။ အဲဒီအိုးလေးကို ရောင်းချင်တဲ့အိမ်ရဲ့ဘုရားစင်အောက်မှာ ခုံလေးတစ်လုံးနဲ့တင်ထားပါ။ 

အကယ်၍ ရောင်းချင်တဲ့အိမ်က အဝေးမှာမို့ ခဏခဏ သွားလုပ်ဖို့ ခက်တယ်ဆိုရင်လည်း မိမိလက်ရှိနေအိမ်ဘုရားစင်အောက်မှာပဲ ခုံလေးနဲ့ထားပေးပါ။ ... ပြီးရင် အဲဒီ အိုးလေးဘေးပတ်ပတ်လည်ကနေ ဖယောင်းတိုင်သုံးတိုင်ကို ဖိုခနောက်ဆိုင်ထွန်းပြီး 

အိမ်အမြန်ရောင်းထွက်ဖို့နဲ့ စျေးကောင်းကောင်းနဲ့ရောင်းထွက်စေဖို့ ဆုတောင်းလိုက်ပါခင်ဗျာ ... နေ့စဉ်လုပ်ပေးပါ။ စမ်းသပ်ကာလအဖြစ် 21 ရက်လုပ်ကြည့်ပါ။ ထူးရင် 21 ရက်အတွင်းထူးတတ်ပါတယ်။ 21 ရက်ပြည့်လို့မှ မထူးရင်တော့ အစီရင်ပြောင်းသင့်

ပြောင်းရမှာဖြစ်သလို ကံဇာတာကိုပါ အတိအကျ စစ်သင့် စစ်ရပါလိမ့်မယ်။ ဒီနည်းကတော့ ၁နွေ၊ ၅တေး မခွဲခြားပဲ ... အိမ်ရောင်းရောင်း၊ မြေရောင်းရောင်း အမြန်ဆုံးရောင်းထွက်အောင် စီစဉ်တဲ့နည်းလမ်းတစ်ခုဖြစ်တာမို့ ယုံယုံကြည်ကြည်နဲ့သာ လုပ်ကြည့်ပါ။

အဆင်ပြေကြပါစေဗျာ ....