အလှအပဆိုင်ရာ ဂြိုဟ်ကို နှစ်မျိုးကောက်လို့ရပါတယ်။ ၄ဟူး နဲ့ ၆ကြာပါ။ အလှပြင်ဆိုင်အတွက် လူဝင်များဖို့၊ လူစည်ကားဖို့ ဓာတ်ဆင်တဲ့နေရာမှာ

ဒီဂြိုဟ်နှစ်ဂြိုဟ်ကို အကောင်းဆုံး ပြင်ဆင်ပေးရပါလိမ့်မယ်။ ပြင်ဆင်နည်းကတော့ တစ်ကျောင်းတဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလို ဆရာအဆူဆူ

နဲ့ မူအမျိုးမျိုးရှိတတ်ပါတယ်။ ခု ကျနော်တင်ပြမှာကတော့ ဆရာ့ဆရာများရဲ့ မူတွေထဲက ကျနော်အကြိုက်ဆုံးမူတစ်ခုပေါ့ခင်ဗျာ ... ဒီမူကို ဝံသေဓာတ်မူ

လို့လည်း ခေါ်ပါတယ်။ ဝံသေဆိုတာ ရေဓာတ်ပါ။ အေးအေးချမ်းချမ်းနဲ့ အောင်မြင်မှုကို ပေးစွမ်းနိုင်ပါတယ်။ ကဲ ... လက်တွေ့စီရင်ကြည့်ကြပါစို့ ... 

၀ါးဆစ်ဗူးလေးကို ရွှေရောင်သုတ်ပါ။ အရွယ်အစား အတိအကျမလိုအပ်ပေမယ့် ပန်းအိုးအရွယ်လောက်တော့ ဖြစ်သင့်ပါတယ်။ အရမ်းသေးနေရင်တော့ 

အခြေမခိုင်ဖြစ်တတ်ပါတယ်။ ပြီးရင် ရေထည့်ပါ။ သပြေညွှန့်တွေထည့်ပါ။ အရေအတွက်မလိုပါ။ ပန်းအိုးထိုးသလို လှလှပပ၊ ဝေဝေဆာဆာလေးဖြစ်နေရင်

ရပါပြီ။ ဆရာ့ဆရာများရဲ့အယူအဆအရ ... သပြေအတိအကျသတ်မှတ်ချင်ရင်တော့ 21 ညွန့်လို့ ယူဆသတ်မှတ်နိုင်ပါတယ်။ အဲဒီ ၀ါးဆစ်ပန်းအိုးလေးကို 

မိမိလုပ်ငန်း၊ ဆိုင်ခန်းဘုရားစင်မှာဖြစ်စေ။ ကောင်တာစားပွဲလိုနေရာမျိုးမှာဖြစ်စေ ထားပေးနိုင်ပါတယ်။ တစ်ခုတော့ သတိထားပါ။ ဖုန်းရွှေပညာအရ ... ဒေါင်း

စွန်းမညှိပါစေနဲ့ ... ဆိုလိုတာက ကောင်တာစားပွဲဟာ အလယ်ဗဟိုရှိ လေးထောင့်တိုင်တွေဘာတွေရဲ့ ထောင့်ချွန်အစွန်းကျတဲ့ဘက်မှာ ရှိနေချိန်မျိုးတွေမှာ

ဒီပန်းအိုးကို အဲဒီကောင်တာပေါ်တင်မထားသင့်ပါ။ ဒါက ဥပမာသက်သက်ပေးတာပါ။ အလယ်ဗဟိုမှာတော့ လေးထောင့်တိုင်ရှိချင်မှရှိမှာပါ။ အထူးသဖြင့် ဝင်

ပေါက်ထွက်ပေါက် တံခါးရွက်တွေဘာတွေကိုလည်း စစ်ဆေးပေးစေချင်ပါတယ်။ တံခါးရွက်ကို ဖွင့်ထားလို့ တံခါးရွက်ဟာ ငွေသိမ်းကောင်တာကို လာထောက်နေ

ရင်လည်း ငွေမမြဲတာမျိုး ... လာဘ်တိတ်တာမျိုးကို ဖြစ်စေလို့ပါ။ ခုပြောပြတာက ဖုန်းရွှေအယူအဆဖြစ်နေလို့ နားမလည်ရင်တော့ ထားလိုက်ပါ။ ကျနော်လည်း

ပုံဆွဲရှင်းပြဖို့ ခက်နေတာနဲ့ သိပ်မပြောချင်တော့ပါဘူး။ နောက်မှ ကြိုးစားပြီး နားလည်အောင် တင်ပေးပါဦးမယ်။ ပြန်ဆက်ရအောင် ... စောစောက အစီရင်ကို စနေနေ့

မနက် 7း00 မှာလုပ်ပေးဖို့ လိုပါတယ်။ ပြီးရင်တော့ သပြေပန်းတွေ မနွမ်းစေဖို့ အထူးဂရုစိုက်ပါ။ အမြဲလန်းနေလေ လူကျပြီး လာဘ်ဝင်လေပါပဲ ... အစီရင်မလုပ်ရသေးခင်နဲ့

အစီရင်လုပ်ဆောင်ပြီးချိန်ကို ယှဉ်ပြီးလေ့လာကြည့်ပါ။ အရမ်းကြီးထူးခြားမသွားလို့လည်း စိတ်ဓာတ်မကျနဲ့ဦးနော်။ တခါတလေ ကိုယ့်ကံကြမ္မာကိုက သက်ရောက်ဆိုးလွန်း၊

ကံညံ့လွန်းနေရင်တော့ ခုလို လာဘ်ဖွင့်အစီရင်တွေသုံးလည်း သိပ်ပြီးထူးထူးခြားခြားမသိသာစေတတ်ပါဘူး။ အမြဲတမ်းသတိပြုရမယ့် အချက်တချို့ကို ကြုံတုန်းပြောပြပါရစေ ...

အလှပြင်ဆိုင်မှာ အထူးသဖြင့် လုပ်ဖော်ကိုင်ဖက်အချင်းချင်း။ အားနေချိန် အတင်းတုပ်တာမျိုး၊ ဆဲတာဆိုတာ၊ မကောင်းစကားပြောတာမျိုးတွေမရှိအောင် သတိပေးထားသင့်ပါတယ်။

တနည်းပြောရရင်တော့ ဆိုင်ထဲမှာ မင်္ဂလာရှိအောင်နေပါ။ မနက်တိုင်း မင်္ဂလာတရားတော်အသံတွေကို ဖွင့်ပေးပါ။ ယနေ့ခေတ်အရ .. မန်မိုရီစတစ်ထဲ တရားခွေတွေထည့်ပြီး ဖွင့်ရင်လွယ်သလို။

ယုတ်စွအဆုံး ... ဖုန်းထဲထည့်ထားပြီး ဖွင့်ရင်တောင် ရတဲ့ခေတ်မို့ အဆင်ပြေမယ်ထင်ပါတယ်။ ဒါလေးတွေပါလိုက်နာပေးမယ်ဆိုရင်တော့ ... မိတ်ဆွေရဲ့ အလှပြင်ဆိုင်လုပ်ငန်းဟာ ထင်တာထက်ကို

ပိုပြီး သူများတွေထက် ခေါင်းတစ်လုံးပိုသာလာမှာဖြစ်ပါကြောင်း ... အားလုံးအဆင်ပြေကြပါစေဗျာ ...