ယတြာ၊ ဓာတ်ရိုက်ဆိုင်ရာ ကိစ္စတော်တော်များများမှာ အင်္ဂဝိဇ္ဇာပညာဟာ မပါမဖြစ်ပညာတရပ်ဖြစ်ပါ တယ်။ ဒီနေ့တော့ အင်္ဂဝိဇ္ဇာပညာရပ်ကို အသုံးပြုပြီး ငွေကြေးလာဘ်လာဘဆိုင်ရာ အစီရင်ပညာတစ်ခုကို လက်ဆောင်ပေးလိုပါတယ်။ ပထမဆုံးအောက်ပါဇယားကို ကြည့်ပါ။

 


ဇယားအသုံးပြုရလွယ်ပါတယ်။ မိမိနဲ့သက်ဆိုင်ရာ နေ့နံကိုကြည့်ပါ။ ဥပမာအားဖြင့် … တနင်္ဂနွေသားသ မီးဆိုပါစို့ …

ယတြာအညွန့်အဖြစ် ကံ့ကော် ၁၅ ညွန့်ကို အသုံးပြုရပါမယ်။ ပြုလုပ်ရမယ့်နေ့က အင်္ဂါနေ့ဖြစ်ပြီး ပြုလုပ် ရမယ့်အချိန်က မနက် ၁၀း၃၀ ကနေ ၁၂း၀၀ အတွင်းမှာဖြစ်ပါတယ်။ ကျန်နေ့သားသမီးတွေလည်း ဇယားကိုကြည့်ပြီး အထက်ပါအတိုင်းယူဆပေးပါ။ ဒီအဆင့်အထိသိပြီဆိုရင် နောက်တဆင့်တက်ပါမယ်။

ဘုရားစင်ပေါ်မှာ ဖန်ခွက်ထဲကို မိမိနဲ့သက်ဆိုင်တဲ့အညွန့် ( တနင်္ဂနွေအတွက် ကံ့ကော် ၁၅ ညွန့် ) ကို ထည့်ပြီး ရေထည့်ကာ တင်လှူထားပါ။ ဖယောင်းတိုင်အစိမ်းတစ်တိုင်မှာ “ ငွေဝင်ပါစေ ” လို့ အပ်နဲ့ ရေးထွင်းထားပါ။ ပြီးရင် ကျောက်စရစ်ခဲကြီးကြီးတစ်လုံးကို ရေသန့်စင်အောင်ဆေးကြောထားပြီး ဘုရားစင်ပေါ်တင်ထားပါ။ အဲဒီကျောက်စရစ်ခဲပေါ်မှာ ဖယောင်းတိုင်ကို မီးထွန်းပါ။

ဘုရားစင်ရှေ့မှာ အောက်ပါဂါထာဖြင့် ၁၀၈ လုံးပုတီးကို အသုံးပြုပြီး ပုတီး ၃ ပတ်ရအောင်စိပ်ပေးပါ။

“ လာဘံ ဓမ္မေန လာဘတု ”

အစီရင်ကတော့ ဒါလေးပါပဲခင်ဗျာ … ယုံယုံကြည်ကြည်နဲ့ တပတ်တခါ လုပ်ဆောင်ပေးပါ။ တပတ်ထက် တပတ် သိသိသာသာ လာဘ်လာဘများပွင့်လန်းလာတာကို လက်တွေ့မျက်ဝါးထင်ထင် မြင်တွေ့ရပါ လိမ့်မယ်။ အဆင်ပြေကြပါစေဗျာ …