9 Star Ki Number တွေကို တွက်တဲ့နည်းလမ်းဟာ အရမ်းလွယ်ကူပါတယ်။ ပိုပြီးလွယ်ကူအောင်လို့ ကောက်ကိန်းဇယားလေးလည်း ပြပေးလိုက်ပါတယ်။ တရုတ်ဗေဒင်နည်းလမ်းတွေကို တွက်ချက်တော့မယ်ဆိုရင် ပထမဆုံးသိထားရမှာက တရုတ်မွေးသက္ကရာဇ်အမှန်ဖြစ်ပါ တယ်။ တရုတ်နှစ်သစ်ကူးကာလတွေဟာ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလထဲမှာ ဖြစ်တာများတဲ့အတွက် အဲဒီနှစ်လအတွင်းမွေးတဲ့လူတွေဟာ အရင်နှစ်နဲ့ တွက်မှ မှန်တာများပါတယ်။ ဒီတော့ ဥပမာအဖြစ် 7.1.1985 နေ့မွေးသူနဲ့ ဥပမာတွက်ပြလိုက်ပါတယ်။

7.1.1985 ဟာ ဇန်နဝါရီလထဲမှာဖြစ်တဲ့အတွက် မွေးခုနှစ်ကို 1984 လို့ ယူတွက်မှ မှန်ပါတယ်။ ဒီတော့ First Star ကို တွက်မယ်ဆိုရင် အဲဒီ ခုနှစ်ရဲ့ နောက်ဆုံးနှစ်လုံးကို တစ်လုံးထဲဂဏန်းဖြစ်အောင် အရင်ပေါင်းပေးရပါတယ်။ ပြီးမှ ပုံသေကိန်း 10 ထဲကနေ နုတ်ယူလိုက်ပါ။ ဒါဆို First Star လို့ ခေါ်တဲ့ ပထမကြယ်စဉ်ကို ရရှိပါမယ်။

1984 = 84 = 12 = 3

10 – 3 = 7 ( First Star )

တွက်ရတာ လွယ်တယ်ဆိုတာ မိတ်ဆွေတို့ သိလောက်ပြီထင်ပါတယ်။ ဒီမှာတော့ ကောက်ကိန်းဇယားရှိနေတဲ့အတွက် ကြယ် ၃ မျိုးလုံးကို ကောက်ကိန်းအရ ကောက်ပြပေးလိုက်ပါတယ်။ အောက်ပါကောက်ကိန်းဇယားကို ကြည့်ပါ။

 


First Star အတွက် မွေးနှစ် ( 1984 ) နဲ့ KI ဆုံရာ ဂဏန်းကိုကောက်ယူရင် 7 လို့ ရေးထားတာတွေ့ပါမယ်။

Second Star အတွက် အဲဒီ First Star နဲ့ မွေးလ ( ဇန်နဝါရီ ) ဆုံရာ ဂဏန်းကိုကောက်ယူရင် 6 လို့ရေးထားတာတွေ့ပါမယ်။

Third Star အတွက် အဲဒီရလာတဲ့ First Star နဲ့ Second Star ပါတဲ့ သုံးတွဲဂဏန်းတွေထဲက နောက်ဆုံး ခရမ်းရောင်နဲ့ ပြထားတဲ့ ဂဏန်းကို ကောက်ယူရင် 6 လို့ ရေးထားတာတွေ့ပါတယ်။ ဒီတော့ 7.1.1984 ( 7.1.1985 ) မွေးသူအတွက် ကြယ်သုံးလုံးကို စဉ်လိုက်ရင် 7,6,6 လို့ ရလာ ပါလိမ့်မယ်။

ဒါဆိုရင် အဟောကို ဟောပြောလို့ရပါပြီ။ ခုက တွက်နည်းရှင်းပြတာဖြစ်လို့ အဟောကိုတော့ သက်ဆိုင်ရာ အဟောကဏ္ဍမှာသာ ဖတ်ရှုပေး ပါ။