2022 ခုနှစ်အတွက် Tarot Calendar လေးကို ဖော်ပြပေးလိုက်ပါတယ်။ ဗေဒင်ပညာရှင်များအတွက်လည်း သုတေသနပြုဖို့ အသုံးဝင်နိုင်သလို၊ သာမန်လူတွေအတွက်လည်း မိမိတို့ရဲ့ တနေ့တာကံကြမ္မာကို အဖြေရှာတဲ့ နေရာမှာ အသုံးဝင်နိုင်ပါတယ်။ 

ဗေဒသုတေသီများအတွက် ...

ပြက္ခဒိန်ကို ကမ္ဘာသုံးစနစ်နဲ့တွက်ချက်ပေးထားတဲ့အတွက် ကမ္ဘာလုံးဆိုင်ရာဖြစ်ရပ်တွေကို လေ့လာနိုင်ပါတယ်။ ဒေသအလိုက်ခွဲခြားတွက်ချက်တဲ့စနစ်တွေပါဝင်ပေမယ့် ဖော်ပြရမှာတွေက များလွန်းတဲ့အတွက် ကမ္ဘာသုံးစနစ် အရ တွက်ချက်ပေးလိုက်တာပါ။ ဒေသဆိုင်ရာ၊ တိုင်းနိုင်ငံအလိုက်ဆိုင်ရာတွက်ချက်မှုတွေကိုတော့ နောင်အလျဉ်း သင့်တဲ့အခါ ပြုလုပ်ပေးပါဦးမယ်။ 

သာမန်လူတွေအတွက် ...

ပြက္ခဒိန်မှာ ခရစ်ရက်စွဲအလိုက် သက်ဆိုင်ရာရက်ကို စိုးမိုးထားတဲ့ Tarot Card နံပါတ်တွေကို ဖော်ပြပေးထားပါတယ်။ အဲဒီကဒ်နံပါတ် နဲ့ မိမိတို့ရဲ့ကိုယ်ပိုင်ကဒ်နံပါတ်ကို ပေါင်းစပ်ပြီး တနေ့တာ ကံဇာတာအဖြစ် ဟောဆိုနိုင်ပါ တယ်။ ဥပမာ ... ကျနော့်ရဲ့ ကိုယ်ပိုင်ကဒ်ဟာ 16 ( Tower ) ဖြစ်ပါတယ်။ 27.3.2022 နေ့မှာ စိုးမိုးထားတဲ့ကဒ်ဟာ 15 ( The Devil ) ဖြစ်ပါတယ်။ ဒီတော့ ဒီနှစ်ခုကို ပေါင်းလိုက်မယ်ဆိုရင် ...

16+15= 31 ရပါတယ်။ 31 ကဒ်ဟာ ( Five of Wands ) ဖြစ်ပါတယ်။ ဒီတော့ အဲဒီကဒ်ပြားရဲ့အဖြေဟာ 27.3.2022 နေ့မှာ ရှိနေမယ့် မိမိရဲ့ကံဇာတာဖြစ်ပါတယ်။ 

ဒီနေရာမှာ ပေါင်းလိုက်လို့ ရလာတဲ့ ဂဏန်းဟာ 78 ထက်များနေမယ်ဆိုရင် 78 ကို ပြန်နှုတ်ပေးပြီးမှ ဆက်လက် အသုံးပြုပေးရပါမယ်။ ဥပမာ ...

16+70 = 86 -78 = 8 ( Strength )

နံပါတ်တွေနဲ့ Tarot Card နာမည်တွေကို တွဲစပ်ပြီးသိချင်တယ်ဆိုရင်တော့ အောက်ပါဇယားကို အသုံးပြုပေးပါ။


ပုံတွေကတော့ ကဒ်နာမည်အရ အင်တာနက်မှာ ရိုက်ရှာကြည့်ပါ။ ဒီမှာတော့ များလွန်းတဲ့အတွက် တင်မပေး တော့ပါဘူး။ ပြက္ခဒိန်တွေကိုတော့ အောက်မှာ ၁၂ လစာဖော်ပြပေးလိုက်ပါတယ်။