၂၀၀၉ ခုနှစ်လောက်က ကျနော်ရေးခဲ့တဲ့ App ကို ဒီလင့်ခ်မှာ ဒေါင်းယူနိုင်ပါတယ်။ ကျနော့်အနေနဲ့ ကြိုးစားပမ်းစားလုပ်ခဲ့တယ်ဆိုပေမယ့်လည်း Program မရေးတတ်ရေးတတ်လေးနဲ့ လုပ်ပေးခဲ့ရတာဆိုတော့ ဆော့ဝဲပိုင်းမှာ Error တော်တော်များများပါဝင်သွားပါတယ်။


ဥပမာအားဖြင့် ….

27.1.1985 9:10 am ကို တွက်ကြည့်ပါ။ NaN ဆိုတဲ့ အဖြေတွေထွက်လာပါမယ်။ တကယ်တော့ ဒါတွေက ပြန်ပြင်လို့ရပါတယ်။ ကျနော်အချိန်မပေးနိုင်တာနဲ့ တော်တော်နဲ့ မပြင်ပေးနိုင် ခဲ့ပါဘူး။ ထားပါတော့ … အဲဒီ စန်းယှဉ်နက္ခတ်တွက်ရိုးကို ကျနော် အားလုံးပြင်ဆင်ပြီး အသစ်ပြန်ရေး ထားပါတယ်။ ခု အသစ်ရေးထားတဲ့ ဆော့ဝဲပိုင်းမှာ ….


နက္ခတ်တွက်ရိုးပိုင်းကို

Oliver Montenbruck ရဲ့ Practical Ephemeris Calculations

NASA မှ Technical Note

Jean Meeus ရဲ့ Astronomical Algorithms ( Second Edition )

1861 ခုနှစ်က ထုတ်ဝေထားတဲ့ Surya Siddhanta and Siddhanta Siromani ဆိုတဲ့ စာအုပ်တွေအရ ညှိနှိုင်းတွက်ချက်ပြီး ကိုယ်ပိုင် Formula တွေနဲ့ ပြန်လည်ပြင်ဆင်ပြီးရေးသားထားပါတယ်။ အကောင်းဆုံးပြန်လည်ကြိုးစားပြီးရေးထားတယ်ဆိုပေမယ့်လည်း အားလုံးမှန်ကန်ရမယ်လို့တော့ အာမမခံနိုင်သေးပါဘူး။ တစုံတရာအမှားအယွင်းရှိရင် ကျနော့်ဆီ ဆက်သွယ်ပြီး သတင်းပို့နိုင်ပါတယ်။ အမြန်ဆုံးပြန်လည်ပြင်ဆင်ပေးပါမယ်။


ဆော့ဝဲဒေါင်းယူရန် ...

Download Now


အသုံးပြုနည်း
အရမ်းလွယ်ပါတယ်။ မိမိသိချင်တဲ့ ရက်၊ လ၊ နှစ်၊ အချိန် ကို ထည့်သွင်းပြီး ခလုတ်တချက် နှိပ်ပေးလိုက်ရုံပါပဲ။
Time Zone ဆိုတဲ့နေရာကတော့ မြန်မာနိုင်ငံမှာနေထိုင်သူတွေအတွက် အထူးပြင်ဆင်ပေးစရာမလိုအပ်ပါဘူး။ 
တခြားတိုင်းပြည်အတွက်ကတော့ သက်ဆိုင်ရာ Time Zone ကို ထည့်ပေးရပါမယ်။ 
Time Zone အကြောင်းအပြည့်အစုံကို ဒီမှာ ဖတ်နိုင်ပါတယ်။