ဗေဒင်၊ လက္ခဏာ ဟောပေးပါသလား?

ဟောပါတယ်။ လက္ခဏာကိုတော့ Online ကနေဟောမပေးပါ။

ဗေဒင်အခမဲ့ ( Free ) ဟောပေးပါသလား?

ကျေးဇူးရှိသူမှအပ အခမဲ့ဟောမပေးပါ။ သတ်မှတ်ဉာဏ်ပူဇော်ခနှုန်းယူပါတယ်။

Online ကနေဟောပေးပါသလား?

Appointment ယူထားရင် ဟောပေးပါတယ်။

ဟောခဘယ်လောက်လဲ?

ဒီမှာ အသေးစိတ်ဖတ်ကြည့်ပါ။
Rules And Astro Fees

ငွေဘယ်လိုပေးချေရမလဲ?

ဒီမှာ အသေးစိတ်ဖတ်ကြည့်ပါ။
Rules And Astro Fees

ဆရာ့ဟောခန်းဘယ်မှာလဲ?

လက်ရှိ Australia မှာနေပါတယ်။ အဝေးရောက်နေတဲ့အတွက် Online စနစ်အရ ကူညီနေပါတယ်။

မေးခွန်းတစ်ခုထဲမေးမယ်။ စျေးလျော့ပေးမှာလား?

စျေးရောင်းနေခြင်းမဟုတ်ပါ။ ဘ၀ပြဿနာဖြေရှင်းရာမှာ ကိစ္စကြီးကြီးသေးသေး ကျကျနနတွက်ချက်ရပါတယ်။ အဲဒီတွက်ချက်မှုအတိုင်း ဉာဏ်ပူဇော်ခပေးချေရပါမယ်။

ယတြာ၊ အစီရင်ကြေးဘယ်လိုယူသလဲ?

ယတြာကြေးမယူပါ။ ယတြာ၊ အစီရင်တွေကို Youtube မှာ အခမဲ့ကြည့်ရှုနိုင်ပါတယ်။ ထို့အတူ ဗေဒင်မေးတိုင်း ယတြာတွေကို အခမဲ့တွက်ချက်ပေးပါတယ်။

ယတြာမလုပ်တတ်လို့ ဆရာလုပ်ပေးလို့ရမလား?

ယတြာ၊ အစီရင်တွေကို ကိုယ်တိုင်လုပ်တာပိုကောင်းပါတယ်။ လူအများနဲ့အလုပ်လုပ်နေရတာမို့ လူတိုင်းရဲ့ယတြာကို လိုက်မလုပ်ပေးနိုင်ပါ။ တကယ်အရေးကြီးလို့ မဖြစ်မနေလုပ်ပေးရမယ်ဆိုရင် အစီရင်အတွက် လိုအပ်တဲ့ အချက်အလက်ပြည့်စုံမှ ပြုလုပ်ပေးနိုင်ပါတယ်။ ဥပမာ ... ဓာတ်ပုံ၊ အဝတ်စ၊ အစီရင်ပစ္စည်း စသဖြင့် ... ( အစီရင်အတွက် သုံးရမယ့်ပစ္စည်းတွေကို မိမိဘက်က ဝယ်ပေးရပါမယ်။ )

ဗေဒင်မေးမယ်ဆိုရင် ဘာတွေလိုအပ်ပါသလဲ?

မွေးသက္ကရာဇ်တိတိကျကျလိုပါမယ်။ သတ်မှတ်စည်းကမ်းလိုက်နာရပါမယ်။ သတ်မှတ်ဉာဏ်ပူဇော်ခပေးသွင်းရပါမယ်။ စည်းကမ်းသတ်မှတ်ချက်တွေကို ဒီမှာဖတ်ပေးပါ။
Rules And Astro Fees

ဆရာက ဘာနည်းနဲ့ဟောပေးတာလဲ?

Tarot နဲ့ ဆန်းမဟာပညာအသုံးများပါတယ်။ မေးခွန်းအရ တိကျမှုရှိစေဖို့ နက္ခတ်ဗေဒင်ပညာအသုံးပြုပါတယ်။ အခြား လက္ခဏာ၊ ဂဏန်းဗေဒင်၊ ယိချင်း၊ ဧကံသ၊ အင်္ဂဝိဇ္ဇာ စသဖြင့် လိုအပ်သလိုထည့်သွင်းအသုံးပြုပါတယ်။

ဆရာ့လိပ်စာပေးလို့ရမလား?

Australia မှာ လက်ရှိနေတာမို့ မိတ်ဆွေလည်း Australia ကဆိုရင် +61 470 567 663 ( Viber, WhatsApp ) ကနေဆက်သွယ်ပြီး တောင်းယူနိုင်ပါတယ်။

ဆရာ့ကို ဘယ်လိုဆက်သွယ်ရမလဲ?

+61 470 567 663 ( Viber, WhatsApp ) ကနေဆက်သွယ်နိုင်ပါတယ်။

ဆရာနဲ့ဖုန်းခဏပြောချင်လို့ ရမလား?

ကျနော့်ဆီမှာ Appointment ယူထားရင် ဖုန်းလက်ခံပြောပါတယ်။ မဟုတ်ရင် ဖုန်းမကိုင်ပါ။ ပြောချင်တာရှိရင် Viber, WhatsApp မှာ စာချန်ခဲ့နိုင်ပါတယ်။ အလ္လာပ၊ သလ္လာပ စကားပြောချိန်မရှိလို့ပါ။

ဗေဒင်မေးရင် ဖုန်းပြောချိန် ဘယ်လောက်ရမှာလဲ?

လူတစ်ယောက်ကို ဆွေးနွေးချိန် ၁နာရီ ပေးထားပါတယ်။ ယာယီသတ်မှတ်ချက်ပါ။ လူအရမ်းများလာရင် အချိန်ပြင်ဆင်ပါမယ်။

တိုင်ပင်စရာအရမ်းများနေလို့ အချိန်ပေးနိုင်မလား?

အဓိကအကြောင်းအရာကိုသာဆွေးနွေးပါ။ Appointment ယူထားသူအတွက် တိုင်ပင်ဆွေးနွေးခွင့် ( Free ) မိနစ် ၆၀ အတွင်းတိုင်ပင်နိုင်ပါတယ်။ ဒီအချိန်ကျော်သွားရင်တော့ ၁ မိနစ်အတွက် Au$ 1.99 ကျသင့်မှာဖြစ်ပါတယ်။

အာမခံနှင့်ဟောပါသလား?

လောကမှာ မမြဲတဲ့တရားသာ အမြဲရှိတာမို့ ဘယ်အရာမှ အာမမခံနိုင်ပါ။
ကိန်းကောင်းရင် ကံကောင်းပါမယ်။ ကိန်းဆိုရင် ကံဆိုးပါမယ်။
သေမည့်ကံပါသူကို မသေအောင် ဘုရားသော်မှ အာမမခံနိုင်။

အစီရင်တစ်ခု ဘယ်နှစ်ရက်လုပ်ရင် အောင်မြင်တတ်သလဲ?

ပုံသေပြောမရပါ။ ပြဿနာကြီးငယ်အလိုက်၊ စီရင်ပုံစီရင်နည်းအလိုက် အစီရင်ပြုလုပ်ရမယ့် ရက်ပိုင်း၊ အောင်မြင်ချိန်စသဖြင့် ကွာခြားနိုင်ပါတယ်။ မိမိကံဇာတာအရ တွက်ကြည့်ရင် သိနိုင်ပါတယ်။

ကျနော်ဖုန်းဆက်တယ်။ ဆရာ့ဘက်က ဖုန်းမကိုင်ပါ

Appointment ယူထားသူမဟုတ်ရင် ဖုန်းမကိုင်ဖြစ်ပါ။ ပြောချင်တာကို စာချန်ထားခဲ့နိုင်ပါတယ်။ အချိန်ရတဲ့အခါ စာပြန်ပေးပါမယ်။