အမှန်အတိုင်းပြောရရင် ... ကျနော် ဒီလို ယေဘုယျဆန်ဆန် လုပ်ရတဲ့အလုပ်မျိုးကို မလုပ်ချင်ပါဘူး။ ခင်ဗျားရဲ့မွေးသက္ကရာဇ်ကိုတိတိကျကျပေးရင် ... ကျနော့်ဘက်ကလည်း တိတိကျကျတွက်ပေးချင်ပါတယ်။ ခက်တာက ကျနော့်ဆီလာမေးတာမဟုတ်ပဲ ... မွေးသက္ကရာဇ်တိုင်း၊ မွေးချိန်တိုင်းအတွက် အကုန်လိုက်တွက်ပေးနေဖို့ဆိုတာကလည်း လုံး၀မဖြစ်နိုင်တဲ့ ကိစ္စဖြစ်နေပြန်ပါတယ်။ ဒီတော့ ... ခပ်လွယ်လွယ်နဲ့ ခပ်ကြမ်းကြမ်း အသုံးပြုလို့ ရမယ့်နည်းလမ်းတွေနဲ့  မိတ်ဆွေတို့အတွက် တစုံတရာအထောက်အကူ ရစေခြင်းအလို့ငှာ ... ဆန်းမဟာကောဇာဂြိုဟ်သွားပြက္ခဒိန်ကို အသုံးပြုပြီး ၇ ရက်သားသမီးတို့ရဲ့ ကံကြမ္မာရက်စွဲများကို ဖော်ပြလိုက်ပါတယ်။ ဒီလိုဖော်ပြတဲ့နေရာမှာလည်း ဘယ်သူ့ကို သာစေ၊ ဘယ်သူ့ကိုနာစေ ဆိုတဲ့ ဆန္ဒမပါပဲ ... ကိန်းခန်းသဘောတရားအရသာ တင်ပြပေးထားပါတယ်။ ကံကောင်းတဲ့ရက်စွဲနဲ့တိုက်ဆိုင်ပါက ကံကောင်းသည်ဟု အပျော်လွန်ရန်မဟုတ်ပဲ ... တစုံတရာကို ကောင်းစွာကြိုးစားပမ်းစားပြုနိုင်ရန်ရည်ရွယ်ပြီး ... အဆိုးဖြစ်တဲ့ ရက်စွဲနဲ့ တိုက်ဆိုင်ပါက ကံဆိုးသည်ဟု ဝမ်းနည်းနေရန်မဟုတ်ပဲ ... တစုံတရာကို သတိပြုလုပ်ဆောင်နိုင်ရန် ရည်ရွယ်ပါတယ်။ ဖော်ပြတဲ့နေရာမှာလည်း အသေးစိတ်တွေရေးပြနေမှာမဟုတ်ပဲ ... ဝိသေသအဟောအဖြစ် ... သက်ဆိုင်ရာရက်ရဲ့ အရှင်သခင်ဖြစ်တဲ့ နေ့နံတွေကို မူတည်ကာ ဟောပြောပေးသွားမှာဖြစ်ပါတယ်။ ဒီလိုဟောပေးတဲ့အတွက် အခြားနေ့နံတွေကံမကောင်းဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အဲဒီရက်စွဲမှာ ဒီလိုနေ့နံတွေ ကံအားပိုသာလာမယ်ဆိုတာကို သိစေလိုခြင်းသာဖြစ်ပါတယ်။ 


1 မှ 3 အတွင်း ... 

အင်္ဂါသားသမီးတွေ ကံအားမြင့်တက်လာပါမယ်။ ၄ဟူးသားမီးတွေနဲ့ ပေါင်းသင်းဆက်ဆံလို့ရပါတယ်။ တွဲဖက်စပ်တူလုပ်ပေးရင် အကျိုးရှိစေပါလိမ့်မယ်။ အပြန်အားဖြင့် ဒီရက်တွေမှာ ၄ဟူးသားသမီးတွေလည်း ဒုတိယတန်းစားကံကောင်းမှုကို ရစေမှာပါ။ အင်္ဂါသားသမီးတွေနဲ့ တွဲဖက်စပ်တူလုပ်ပေးခြင်း၊ အကြံဉာဏ်တောင်းခြင်း၊ တိုင်ပင်ဆွေးနွေးခြင်းပြုပေးခြင်းအားဖြင့် ပိုမိုကံကောင်းလာစေမှာဖြစ်ပါတယ်။ ဒီရက်တွေမှာ မည်သူမဆို ဇီးသားကို အဆောင်ပြုပြီး အလုပ်လုပ်မယ်ဆိုရင် အကျိုးရှိစေမှာဖြစ်ပါတယ်။ 


4 ရက်

ဒီရက်မှာ အင်္ဂါသားသမီးတွေကံကောင်းနေဆဲပါပဲ ... ထို့အတူ သောကြာသားသမီးတွေ ဒုတိယကံဇာတာတိုးတက်မှုကို ဖြစ်စေပါတယ်။ ဒီနေ့နံအချင်းချင်း စပ်တူတွဲဖက်လုပ်ဆောင်ခြင်းဟာ အကျိုးပေးကောင်းတွေကို ဖြစ်လာစေမှာပါ။ ဒီရက်ထဲမှာ ဘယ်သူမဆို ဇီးဆောင်ပြီး အလုပ်လုပ်ခြင်းအားဖြင့် ကံဇာတာပိုမိုတိုးတက်မှုကို ဖြစ်စေနိုင်ပါတယ်။


5 မှ 6 အတွင်း

သောကြာသားသမီးတွေ အထူးကံကောင်းစေပါတယ်။ အရေးကြီးတဲ့ကိစ္စရပ်တွေကို ဒီလိုရက်တွေမှာ စတင်လုပ်ဆောင်နိုင်ပါတယ်။ အထူးအောင်မြင်မယ့် နေ့လို့ ဆိုပါရစေ ... ဘယ်သူမဆို ဒီရက်တွေထဲမှာ သီဟိုဠ်သားကို အဆောင်ပြုပြီး အလုပ်လုပ်မယ်ဆိုရင် လုပ်ဆောင်သမျှ တိုးတက်အောင်မြင်စေမှာဖြစ်ပါတယ်။


7 မှ 9 ရက်အတွင်း

သောကြာသားသမီးတွေ ကံကောင်းနေပါသေးတယ်။ အင်္ဂါသားသမီးတွေလည်း ဒုတိယစားအနေနဲ့ ကံကောင်းစေပါတယ်။ အင်္ဂါနဲ့ သောကြာသားသမီးတွေနဲ့ တိုင်ပင်ပြီး အလုပ်လုပ်တတ်ရင် အခြားသော နေ့နံရှင်တွေလည်း  ကံကောင်းစေမှာပါ။ ဒီရက်တွေမှာ သီဟိုဠ်သားကိုအဆောင်ပြုပြီး အလုပ်လုပ်ပါက အောင်မြင်မှုကို ရစေမှာဖြစ်ပါတယ်။ 


10 ရက်

ဒီရက်မှာ ဗုဒ္ဓဟူးသားသမီးတွေ ကံဇာတာတိုးတက်ပါတယ်။ ဘာပဲလုပ်လုပ် ဒီနေ့စလုပ်ပါ။ အင်္ဂါသားသမီးတွေလည်း ဒုတိယတန်းကံကောင်းကြသူတွေဖြစ်လို့ ဒီရက်မှာ တွဲဖက်စပ်တူပြုလုပ်နိုင်ပါတယ်။ ဒီရက်မှာ အခြားနေ့သားသမီးတွေအောင်မြင်ဖို့ ရွက်လှ ၄ ရွက်ကို အဆောင်ပြုပြီး အလုပ်လုပ်ပေးရပါတယ်။ 


11 မှ 13 အတွင်း

ဒီရက်ထဲမှာ ဗုဒ္ဓဟူးသားသမီးတွေကံကောင်းနေပါသေးတယ်။ ပြီးတော့ ကြာသပတေးသားသမီးတွေလည်း ကံဇာတာတက်လာပါလိမ့်မယ်။ ဒီနေ့နံရှင်တွေဟာ ဒီရက်ထဲမှာ ဖြစ်ချင်တဲ့ဆန္ဒတွေကို စတင်အကောင်အထည်ဖော်နိုင်ပါပြီ။ အခြားနေ့သားသမီးတွေအနေနဲ့ကတော့ ရွက်လှ ၄ ရွက်အဆောင်ပြုပြီး အလုပ်လုပ်ပေးခြင်းအားဖြင့် ကံအားတိုးတက်စေမှာဖြစ်ပါတယ်။


14 မှ 17 အတွင်း 

တနင်္လာသားသမီးတွေကံအထူးကောင်းပါတယ်။ စနေသားသမီးတွေလည်း ဒုတိယကံကောင်းကြသူတွေဖြစ်ပါတယ်။ ဒီရက်မျိုးမှာကံ့ကော်ကိုင်းလေးကို လက်တစ်ဆစ်စာဖြတ်ပြီး အဆောင်ပြုထားခြင်းအားဖြင့် ကံကောင်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ 


18 မှ 19 အတွင်း

တနင်္ဂနွေသားသမီးတွေ အထူးသဖြင့် ကံကောင်းပါမယ်။ ဒုတိယတန်းစား စနေသားသမီးတွေလည်း ကံမြင့်နေမှာပါ။ ဒီနေ့နံရှင်တွေအတွက် အရေးကြီးတဲ့ ကိစ္စတခုခုကို စတင်လုပ်ဆောင်ဖို့ ရက်ကောင်းတစ်ခုဖြစ်ပါတယ်။ အခြားနေ့သားသမီးတွေအတွက် အုန်းညွန့်တစ်ညွန့်ဖြတ်ပြီး အဆောင်ပြုထားခြင်းအားဖြင့် ကုသိုလ်ကံအားပိုကောင်းစေပါတယ်။


20 မှ 21 အတွင်း 

တနင်္ဂနွေသားသမီးတွေ ကံကောင်းနေဆဲပါပဲ ... ဒုတိယတန်းစားကံကောင်းသူတွေကတော့ ကြာသပတေးသားသမီးများဖြစ်ပါတယ်။ မိမိအတွက် အရေးပါတာတွေကို စတင်လုပ်ဆောင်သင့်ပါတယ်။ အခြားနေ့နံသားသမီးတွေအတွက်ကတော့ အုန်းညွန့်ဆောင်ပြီး အလုပ်တခုခုကို ပြုလုပ်ပေးနိုင်ပါတယ်။ 


22 မှ 23 အတွင်း

ဗုဒ္ဓဟူးသားသမီးတွေကံကောင်းတဲ့ရက်တွေဖြစ်ပါတယ်။ ဒုတိယတန်းစားကံကောင်းသူတွေကတော့ ... ကြာသပတေးသားသမီးတွေဖြစ်ပါတယ်။ အခြားနေ့သားသမီးတွေကတော့ ရွက်လှ ၄ ညွန့်အဆောင်ပြုပြီး အလုပ်လုပ်ပါက ကံဇာတာကို ပိုပြီး ကောင်းမွန်စေပါလိမ့်မယ်။ 


24 မှ 26 အတွင်း

ဗုဒ္ဓဟူးသားသမီးတွေကံကောင်းနေဆဲပါပဲ ... အင်္ဂါသားသမီးတွေလည်း ဒုတိယတန်းစားအနေနဲ့ ကံကောင်းကြပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့နံရှင်တွေဟာ ဒီလိုရက်ကောင်းကြုံဆဲမှာ ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေကို အမြန်ဆုံးအကောင်အထည်ဖော်ထားကြစေလိုပါတယ်။ ဒီနေ့ စတင်လိုက်တာတွေဟာ နောက်ပိုင်းတွေအတွက် သေချာစေပါတယ်။ အစကောင်းတဲ့အတွက် အနှောင်းသေချာစေတဲ့သဘောပါပဲ။ အခြားနေ့သားသမီးတွေကတော့ ရွက်လှ ၄ ညွန့်အဆောင်ပြုပြီး အလုပ်လုပ်ပေးပါ။ ကံအညံ့တွေ ပပျောက်ပြီး ကံကောင်းခြင်းတွေကို ဖြစ်စေပါလိမ့်မယ်။


27 မှ 29 အတွင်း

သောကြာသားသမီးတွေ အထူးကံကောင်းစေပါတယ်။ အရေးကြီးတဲ့ကိစ္စရပ်တွေကို ဒီလိုရက်တွေမှာ စတင်လုပ်ဆောင်နိုင်ပါတယ်။ အထူးအောင်မြင်မယ့် နေ့လို့ ဆိုပါရစေ ... ဘယ်သူမဆို ဒီရက်တွေထဲမှာ သီဟိုဠ်သားကို အဆောင်ပြုပြီးအလုပ်လုပ်မယ်ဆိုရင် လုပ်ဆောင်သမျှ တိုးတက်အောင်မြင်စေမှာဖြစ်ပါတယ်။


30 ရက်

သောကြာသားသမီးတွေကံကောင်းပါတယ်။ ဗုဒ္ဓဟူးသားသမီးတွေလည်း ဒုတိယတန်းစားအနေနဲ့ ကံကောင်းကြပါတယ်။ ဘာပဲလုပ်လုပ် စတင်လုပ်လို့ရတဲ့ကာလပါ။ အခြားနေ့သားသမီတွေကတော့ သီဟိုဠ်သားကိုအဆောင်ပြုပြီး အလုပ်လုပ်ပေးပါ။ ကံကောင်းစေမှာဖြစ်ပါတယ်။


31 ရက် 

အင်္ဂါသားသမီးတွေ ကံအားမြင့်တက်လာပါမယ်။ ၄ဟူးသားမီးတွေနဲ့ ပေါင်းသင်းဆက်ဆံလို့ရပါတယ်။ တွဲဖက်စပ်တူလုပ်ပေးရင် အကျိုးရှိစေပါလိမ့်မယ်။ အပြန်အားဖြင့် ဒီရက်တွေမှာ ၄ဟူးသားသမီးတွေလည်း ဒုတိယတန်းစားကံကောင်းမှုကို ရစေမှာပါ။ အင်္ဂါသားသမီးတွေနဲ့ တွဲဖက်စပ်တူလုပ်ပေးခြင်း၊ အကြံဉာဏ်တောင်းခြင်း၊ တိုင်ပင်ဆွေးနွေးခြင်းပြုပေးခြင်းအားဖြင့် ပိုမိုကံကောင်းလာစေမှာဖြစ်ပါတယ်။ ဒီရက်တွေမှာ မည်သူမဆို ဇီးသားကို အဆောင်ပြုပြီး အလုပ်လုပ်မယ်ဆိုရင် အကျိုးရှိစေမှာဖြစ်ပါတယ်။