မိတ်ဆွေ … 

  • ကိုယ့်နာမည်ကောင်းမကောင်းကို ကိုယ်တိုင်သိချင်ပါသလား?
  • ကိုယ့်သားသမီးအတွက် နာမည်ကောင်းကောင်းတစ်ခုရချင်ပါသလား?
  • မှန်ကန်တိကျတဲ့ စနစ်တွေကို အသုံးပြုထားတဲ့ နေ့စဉ်ကံကြမ္မာဟောကိန်းတွေကို လိုချင်ပါသလား?

ဒါတွေအားလုံးကို မြန်မာငွေနှစ်သောင်းကျော်ကျော်လေးနဲ့ ရနိုင်ပါတယ်။ ဗေဒင်ဆရာတွေဆီ တကူးတက မသွားနိုင်တဲ့သူတွေအတွက် တော်တော်လေးအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။ မိတ်ဆွေရဲ့ ကံကို ဘယ်သူကမှ တိတိကျကျတွက်ပြီး တရက်ချင်းစီ ဟောပေးဖို့ စိတ်မဝင်စားပါဘူး။ ဒါပေမယ့် ဒီ Program အသုံးပြုခြင်းအားဖြင့် တစ်ရက်ခြင်းစီကို အသေးစိတ် နားလည်ခွင့်ရနိုင်ပါတယ်။ နေ့စဉ်ကံကြမ္မာဟောကိန်းထဲမှာ ကံကောင်းစေမယ့် ဂဏန်းတွေလည်း တွက်ချက်ပေးထားပါတယ်။ ဉာဏ်ရှိသလို သုံးပေါ့ဗျာ … နှစ်လုံးတွေ၊ ချဲတွေတော့ အားမပေးပါဘူး။ ဒါပေမယ့်လည်း ဒီ Program ကို ဝယ်ယူအသုံးပြုနေပြီဆိုမှတော့ ကျနော်က ဘာမှ တားဆီးခွင့်မရှိပါဘူး။ မိတ်ဆွေတို့သဘောပါပဲ။

ဒီခေတ်မှာ ဗေဒင်တခါမေးရင် အနည်းဆုံးဘယ်လောက်ရှိမယ်ထင်ပါသလဲ? 

အခမဲ့လို့တော့ မပြောကြေးပေါ့ဗျာ … 

တကယ်တန်ဖိုးရှိတဲ့အရာတွေကို ဘယ်သူကမှ အခမဲ့မပေးတတ်ပါဘူး။ 

နေ့တိုင်းဗေဒင်မေးမယ်ဆိုရင် ရက် ၃၀ ပြည့်တာနဲ့ မိတ်ဆွေတို့ မွဲသွားနိုင်ပါတယ်။ ဘယ်သူမှလည်း နေ့တိုင်း ဗေဒင်မမေးချင်ပါဘူး။ ကျနော့် Program လေးကတော့ နေ့တိုင်းမိတ်ဆွေတို့ကို ဗေဒင်တွက်ချက် ဟောပေးမှာပါ။ ရက် ၃၀ စာကို မြန်မာငွေ နှစ်သောင်းကျော်လေးနဲ့ ဘယ်မှာ ရမလဲဗျာ … ဘာတွေပါသလဲ၊ ဘာတွေအသုံးပြုနိုင်မလဲဆိုတာကို အောက်မှာ နမူနာပုံတွေနဲ့ ရှင်းပြပေးလိုက်ပါတယ်။


နာမည်ကောင်းမကောင်း စစ်ဆေးထားပုံနဲ့ အဲဒီနာမည်အတွက် အဟော ...



ကလေးနာမည်ပေးဟောစာတမ်း




နေ့စဉ်ကံကြမ္မာဟောကိန်း


လစဉ်နှုန်းထားကို Au$ 15 သတ်မှတ်ထားတဲ့အတွက် မြန်မာငွေ နှစ်သောင်းကျော်ဆိုပြီး ပြောခဲ့တာပါ။ ပေါက်စျေးအရ ပေးချေရမှာဖြစ်တဲ့အတွက် မြန်မာငွေနှစ်သောင်းနဲ့ သုံးသောင်းကြားမှာ တည်ရှိနိုင်ပါတယ်။ ဒေါ်လာစျေးအတက်အကျပေါ်မူတည်နိုင်ပါတယ်။ 

ယနေ့ 11.6.2023 အရ Au$ 15 = မြန်မာငွေ 21,230.86 ကျပ်ဖြစ်ပါတယ်။

ငွေပေးချေမှုနဲ့ လက်ရှိပေါက်စျေးတွက်ချက်မှုကို အောက်ပါလင့်ခ်မှာ ဝင်ဖတ်နိုင်ပါတယ်။


မြန်မာနိုင်ငံမှ ငွေပေးချေရန်


Program အသုံးပြုရန်