Rune ပညာက အသုံးပြုတတ်ရင် လူတိုင်းအတွက် အကျိုးများစေနိုင်ပါတယ်။ Rune တစ်ခုကို နည်းမှန်လမ်းမှန်နဲ့ရေးဆွဲနည်းက သီးခြားရှိပေမယ့် ဒီမှာတော့ လူတိုင်း ခပ်လွယ်လွယ်အသုံးပြုနိုင်မယ့်နည်းလမ်းကိုသာဖော်ပြပေးလိုက်ပါတယ်။ ပုံကိုကြည့်ပါ။ ပုံထဲမှာအသုံးပြုထားတဲ့ Rune သင်္ကေတတစ်ခုခြင်းစီရဲ့ ​အသုံးပြုခဲ့ရခြင်းအကြောင်းကို မကျဥ်းမကျယ်လေးအရင် ရှင်းပြပေးပါတယ်။ ရှင်းမပြလည်းရတယ်ဆိုပေမယ့် ပညာလိုလားသူတချို့ပါ ပညာယူနိုင်အောင်ပြပေးလိုက်တာပါ။

✅ Gebo ✅

ဒီ Rune သင်္ကေတက အောင်မြင်မှုနဲ့ ကံကောင်းမှုအမျိုးမျိုးကို ဖိတ်ခေါ်ပေးပါတယ်။

✅ Ansuz ✅

ဒီ Rune သင်္ကေတက ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးနိုင်ပါတယ်။

✅ Fehu ✅

ဒီ Rune သင်္ကေတက အပြုသဘောဆောင်တဲ့ အခြေအနေတွေကို ရရှိလာအောင် လှုံ့ဆော်ပေးပါတယ်။

✅ Wunjo ✅

ဒီ Rune သင်္ကေတက တည်ငြိမ်မှုနဲ့ ထပ်ဆောင်းကာကွယ်မှုကိုပေးပါတယ်။ ဆိုလိုတာက စိတ်အခြေအနေ၊ ကံတရားတည်ငြိမ်စေဖို့နဲ့ ဖြစ်လာတဲ့ ကံကောင်းမှုတွေမှာ ကြုံလာနိုင်တဲ့ ဘေးရန်တွေကို ကာကွယ်ပေးတာပါ။ အောင်မြင်လာတာနဲ့ ဝေဖန်သူတွေ၊ တိုက်ခိုက်သူတွေကို ကြိုတင်ရှင်းလင်းထားတဲ့သဘောဖြစ်ပါတယ်။

✅ Uruz ✅

ဒီ Rune သင်္ကေတက Powerful ဖြစ်တဲ့ ဓာတ်တွေ၊ စွမ်းအင်တွေနဲ့ ချိတ်ဆက်ပေးတာပါ။

✅ Kenaz ✅

ဒီ Rune သင်္ကေတက ဒီအဆောင်တံဆိပ်ကြီးတစ်ခုလုံး အသက်ဝင်လာအောင် Activate လုပ်ပေးပါတယ်။

✅ Sowilo ✅

ဒီ Rune သင်္ကေတက Ansuz ရဲ့အလုပ်တွေကို ပြီးမြောက်အောင် ပံ့ပိုးပေးပါတယ်။

အသုံးပြုနည်း

ဖန်ခွက်တစ်လုံးရဲ့ ဘေးမှာဖြစ်စေ၊ အောက်ခြေမှာဖြစ်စေ Permanent Marker Pen နဲ့ ပြပေးထားတဲ့ Rune တံဆိပ်ကို တူအောင်ရေးဆွဲပါ။ ရေးဆွဲရမယ့်နေ့က တနင်္ဂနွေနေ့ မနက် ၁၁း၀၀ ဖြစ်ပါတယ်။ ဒါဟာ စတင်ရေးဆွဲမယ့် အချိန်ကိုဆိုလိုပါတယ်။

ပြီးရင် အဲ့ဒီဖန်ခွက်ကို သီးသန့်ထားပေးပါ။ ကိုယ်တစ်ယောက်ထဲ သုံးဖို့ပြုလုပ်ထားတာဖြစ်လို့ တခြားသူအသုံးပြုလို့မရပါဘူး။ တကယ်လို့ တခြားသူကပါ သုံးချင်တယ်ဆိုရင် သူ့ဘာသာ သီးသန့်တခွက်အသုံးပြုပေးရမှာဖြစ်ပါတယ်။

အဲ့ဒီဖန်ခွက်ကို မနက်မိုးလင်းတိုင်းမှာ ရေအပြည့်ထည့်ပြီး အောက်ပါအတိုင်းပြောပါ။

"ဤ တံဆိပ်တော်သည် ကျွန်ုပ်အား စောင့်ရှောက်ပါစေသတည်း။
ကြုံလာသမျှ ပြဿနာအားလုံးအား ရင်ဆိုင်ဖြေရှင်းနိုင်ရန် တံဆိပ်တော်မှ အထောက်အပံ့ပေးပါစေသတည်း။
တံဆိပ်တော်၏ တန်ခိုးတော်ကြောင့် ကျွန်ုပ်၏ ကံတရားသည် အဘက်ဘက်မှ ကောင်းမွန်တိုးတက်လာလေပြီ။"

ပြီးတာနဲ့ ရေကို ကုန်အောင်သောက်ချလိုက်ပါ။ ( ဖန်ခွက်ကြီးမားပါက ရေကုန်အောင် မသောက်နိုင်ဖြစ်တတ်ပါတယ်။ ရေအနည်းငယ်လျော့ထည့်တာမျိုး၊ စလုပ်ကတည်းက ဖန်ခွက်ခပ်သေးသေးနဲ့လုပ်တာမျိုးနဲ့ ဖြေရှင်းနိုင်ပါတယ်။ )