လုပ်ရတာ လွယ်ကူသလောက် Powerful ဖြစ်တဲ့ နည်းလမ်းလေးပါ။
ဒီနည်းလမ်းမှာ အသုံးပြုရမယ့် Rune သင်္ကေတကို အောက်မှာ ပုံလေးနဲ့ဖော်ပြပေးထားပါတယ်။
ပိုက်ဆံအသစ်တစ်ရွက်ပေါ်မှာ အဲ့ဒီသင်္ကေတကို ခဲတံနဲ့ တူအောင် ကူးရေးပါ။
ပိုက်ဆံက အတန်ကြီးကြီးသေးသေး အကြောင်းမဟုတ်ပါဘူး။ အဲ့ဒီလိုကူးရေးတဲ့နေ့ကတော့ Moon နဲ့သက်ဆိုင်တဲ့ တနင်္လာနေ့ဖြစ်ရမယ်။ လဆန်းရက်ပိုင်းဖြစ်ရမယ်လို့ဆိုထားပါတယ်။
အဲဒီလို ရေးဆွဲပြီးရင်တော့ သုံးနေကြ ပိုက်ဆံအိတ်ထဲမှာ ထည့်ပြီးဆောင်ထားလိုက်ပါ။ ပိုက်ဆံခြင်းတူနေလို့ မှားမသုံးမိအောင် ပိုက်ဆံကို ခေါက်ချိုးလို့ဖြစ်စေ၊ အတွင်းအိတ်တနေရာရာမှာဖြစ်စေ ထည့်ထားနိုင်ပါတယ်။
နေ့စဥ် ပိုက်ဆံအိတ်ကိုင်လိုက်တာနဲ့....
" ဤ ရွန်း ( Rune ) တံဆိပ်ရဲ့ အကူအညီကြောင့် ငွေကြေး၊ လာဘ်လာဘများ တိုးပွားပါစေ... "
လို့ ဆန္ဒပြု၊ ဆုတောင်းပေးပါ။