အချစ်စစ်ကိုရှာဖွေတဲ့နေရာမှာ အထောက်အကူရစေတဲ့ Rune အဆောင်တံဆိပ်လေးတစ်ခုကိုဖော်ပြပေးလိုက်ပါတယ်။ ဒီအဆောင်တံဆိပ်မှာ

Kenaz, Gebo နဲ့ Laguz ဆိုတဲ့ Rune တံဆိပ်သုံးခုပါဝင်ပါတယ်။

Kenaz တံဆိပ်ကို ကြောက်ရွံ့မှုတွေဖယ်ရှားတဲ့အခါမျိုး၊ ရတနာရှာဖွေတဲ့အခါမျိုး၊ စိတ်ကူးစိတ်သန်းတွေကို အကောင်အထည်ဖော်လိုတဲ့အခါမျိုး၊ မေတ္တာတရားကို လှုံ့ဆော်လိုတဲ့အခါမျိုးတွေမှာအသုံးများပါတယ်။ ဓာတ်အားဖြင့် မီးဓာတ်ဖြစ်တဲ့အတွက် ရှေးအခါက It is able to rekindle a dying flame. လို့လည်း ညွှန်းဆိုထားပါတယ်။ Used to strengthen any runescript. လို့လည်းဆိုထားတဲ့အတွက် တခြား ဘယ် Rune တံဆိပ်ကိုပဲဖြစ်ဖြစ် စွမ်းအားတိုးတက်လာအောင် ကူညီပံ့ပိုးပေးနိုင်တယ်လို့ နားလည်ထားပါ။

Gebo ကတော့ လေဓာတ်ပါ။ Prevents mistakes in choosing a partner. လို့ဆိုထားတဲ့အတွက် ဘဝလက်တွဲဖော်ကိုရွေးချယ်ရာမှာ အမှားအယွင်းနည်းအောင် ကူညီပေးပါတယ်။ မိတ်ဘက်ပြုခြင်း၊ ချစ်ကြည်ရေး၊ ရင်းနှီးမှု၊ မဟာမိတ်ပြုခြင်းဆိုင်ရာတွေမှာအသုံးများပါတယ်။

Laguz က ရေဓာတ်ဖြစ်ပါတယ်။ ရန်ကိုငြိမ်းအေးစေလိုတဲ့အခါမျိုး၊ စိတ်ပိုင်းဆိုင်ရာစွမ်းအားတိုးမြှင့်လိုတဲ့အခါမျိုး၊ ရှုပ်ထွေးမှုနဲ့ ကြောက်ရွံ့မှုတွေကိုဖယ်ရှားလိုတဲ့အခါမျိုး၊ ဆုံးရှုံးသွားတဲ့စိတ်ကို ငြိမ်းအေးချင်တဲ့အခါမျိုးတွေမှာအသုံးများပါတယ်။

မှတ်ချက်.... Rune အကြောင်းအကျယ်နားလည်လိုပါက Rune သင်ခန်းစာသင်တန်းပိုင်းတွင်လေ့လာပါ။

ဒီတော့ ဒီတံဆိပ်တွေကို အခုလိုစုပေါင်းထားတဲ့အခါ စစ်မှန်တဲ့အချစ်စစ်ကိုဖြစ်ပေါ်စေတဲ့အတွက် Helps to find true love. လို့ဆိုထားပါတယ်။

ဘယ်လိုလူတွေသုံးသင့်သလဲ?

✅ အချစ်စစ်၊ အချစ်မှန်ကိုသာ လိုလားတဲ့သူတွေ...
✅ အချစ်ရေးမှာ မကြာခဏ ကျန်ရစ်ဖြစ်နေတဲ့သူတွေ...
✅ မယုံရတဲ့ချစ်သူမျိုးတွေကို အနားမှာမရှိစေချင်သူတွေ...
✅ မိမိကိုသာ တန်ဖိုးထားပြီး ချစ်စေလိုသူတွေ...
✅ ဖောက်ပြန်မှုတွေ၊ မျက်နှာများမှုတွေကို တားဆီးလိုသူတွေ...

ဘယ်လိုသုံးရမလဲ?

✅ တံဆိပ်ကို ရွှေ၊ ငွေပေါ်ထွင်းပြီး လက်စွပ်၊ ဆွဲကြိုးအဖြစ်ဝတ်ဆင်ထားနိုင်ပါတယ်။ အဲ့ဒီလိုထွင်းပြီးအသုံးပြုမယ်ဆိုရင် ဘယ်နေ့စလုပ်ရမယ်ဆိုတာအရေးမကြီးပေမယ့် စတင်ဝတ်ဆင်ရမယ့်နေ့ဟာ လဆန်းနဲ့တိုက်ဆိုင်တဲ့ တနင်္လာနေ့ဖြစ်ရမယ်လို့ဆိုထားပါတယ်။

✅ အလွယ်ဆုံးသုံးတဲ့နည်းက သစ်ရွက်တရွက်ပေါ်မှာ အဲ့ဒီတံဆိပ်ကိုရေးပါ။ ဘာနဲ့ရေးရေးရပါတယ်။ ရေးတဲ့နေ့က လဆန်းရက်နဲ့တိုက်ဆိုင်နေတဲ့ တနင်္လာနေ့ဖြစ်ရပါမယ်။ အကောင်းဆုံးက လပြည့်နေ့နဲ့တိုက်ဆိုင်တဲ့ တနင်္လာနေ့ဖြစ်သင့်ပါတယ်။ ဥပမာ... 19.8.2024
ရေးပြီးရင် သစ်ရွက်ကိုလိပ်ပြီး ပြန်မပြေအောင် အပ်ချည်ကြိုးအနီလေးနဲ့ရစ်ပတ်ပြီး ပိုက်ဆံအိတ်ထဲမှာ ထည့်ဆောင်ထားလိုက်ပါ။

ဒီ ပိုစ့်ကို လွတ်လပ်စွာ Share နိုင်ပါတယ်။ တိုက်ရိုက် Copy ကူးသုံးချင်ပါက အောက်ပါအတိုင်း Credit ပေးဖို့မမေ့ပါနဲ့။

#သုတဆန်း
https://www.facebook.com/OnlineAstrologicalAdvisor?mibextid=ZbWKwL