Spell ဆိုတဲ့အသံကြားတာနဲ့ တချို့မှော်ပညာလိုက်စားသူတွေက မှော်နည်းလမ်းတခုကို ပေးတော့မယ်လို့ ထင်ကောင်းထင်နိုင်သလို... မှော်ပညာဆိုတာ အလကားပါကွာ... ဆိုပြီး မယုံကြတဲ့သူတွေကလည်း ကျနော့် Post ကိုကျော်ချင်ကျော်သွားနိုင်ပါတယ်။ တကယ်တော့... Spell လို့သုံးထားပေမယ့် ရှေ့မှာ Hypno ဆိုတဲ့စကားလုံးလေးပါနေတာကိုတော့ မမေ့စေချင်ပါဘူး။ Hypno ဆိုတာ Hypnosis ဆိုတဲ့စကားလုံးလေးရဲ့ အတိုကောက်ဖြစ်ပြီး "စိတ်ညို့ခြင်း" လို့အဓိပ္ပါယ်ရပါတယ်။ Spell ဆိုတာကလည်း အနောက်တိုင်းလောကီမှော်ပညာရဲ့ မန္တန်လို့ အဓိပ္ပါယ်မရပဲ... သာမန် "စာလုံးပေါင်း"၊ ဒါမှမဟုတ် "စကားလုံး" တွေလို့ပဲ အဓိပ္ပါယ်ယူနိုင်ပါတယ်။ 


ဒီနည်းလမ်းက...


✅ စိတ်ဆိုးပြီး အိမ်ပေါ်ကဆင်းသွားသူတွေ... 

✅ နားလည်မှုလွဲပြီး အဆက်အသွယ်မလုပ်တဲ့သူတွေ...

✅ အဝေးရောက်ပြီး အဆက်အသွယ်မရတဲ့သူတွေ...

✅ ခရီးလွန်ပြီး အိမ်ပြန်မလာတဲ့သူတွေကို...


ကောင်းကောင်းပြန်ခေါ်နိုင်တဲ့နည်းပါပဲ။ ဘာမှော်ပညာမှလည်း သုံးမထားသလို၊ ဒါကိုလုပ်ဖို့ ငွေကြေးတပြားတချပ်မှလည်းကုန်ကျမသွားပါဘူး။ ဒီနည်းလမ်းဟာ မိတ်ဆွေတို့ရဲ့ တိမ်မြုပ်နေတဲ့ မသိစိတ်ရဲ့စွမ်းအား တန်ခိုးတွေကို သိစိတ်နဲ့ပေါင်းစပ်ပြီး လက်တွေ့ကျကျ အသုံးချသွားတဲ့နည်းလမ်းတစ်ခုပါပဲ။ ဒီနည်းကို စိတ်တန်ခိုးပညာ လုံးလုံးနားမလည်သူတွေက သိပ်တော့သဘောမပေါက်နိုင်ပါဘူး။ စိတ်တန်ခိုးပညာကို အထိုက်အလျောက်နားလည်ထားသူတွေကတော့ အလွန်တန်ဖိုးရှိတဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သိကြပါလိမ့်မယ်။ 


မိတ်ဆွေဟာ စိတ်တန်ခိုးပညာကို ကောင်းကောင်းနားမလည်ထားဘူးဆိုရင်တောင်မှ ကျနော်ခိုင်းတဲ့အတိုင်း အတိအကျလိုက်လုပ်ပါ။ ယုံယုံကြည်ကြည်နဲ့လိုက်လုပ်ပါ။ လက်တွေ့ကျတဲ့ အောင်မြင်မှုကို မုချရရှိခံစားရပါလိမ့်မယ်။


စာရွက်လေးတစ်ရွက်ပေါ်မှာ အောက်ပါအတိုင်းချရေးပါ။


ဘာနဲ့ရေးရမလဲတွေ၊ စာရွက်က မျဥ်းပါရမှာလားတွေ မေးမနေပါနဲ့... ရရာစာရွက်သုံးပါ။ ကြီးကြီးသေးသေးအရေးမကြီးပါဘူး။ ကျနော်ပြောပြမယ့်စာသားတွေရေးလောက်မယ့် အရွယ်အစားဖြစ်ရင်တော်ပါပြီ။ လက်ရေးလှလှ၊ မလှလှ... ကိုယ့်ဟာကိုယ်ဖတ်တတ်ရင် ရပါပြီ။ ရေးရမှာက စာသုံးကြောင်းထဲပါ။


( ထွက်သွားသူ နာမည် ) ဖုန်းဆက်ပါ။

( ထွက်သွားသူ နာမည် ) လာပါ။

( ထွက်သွားသူ နာမည် ) ဆက်သွယ်ပါ။


(...) ထဲမှာ ထွက်သွားသူရဲ့နာမည်ရေးနော်... မြန်မာလိုလား၊ အင်္ဂလိပ်လိုလားမမေးနဲ့။ ကိုယ်ကအဲ့ဒီစာပြန်ဖတ်ရမှာ...ကိုယ့်ဟာကိုယ်ခေါ်တတ်အောင်ရေး။

မရှင်းမှာစိုးလို့ နမူနာတစ်ခုရေးပြမယ်။ ထွက်သွားသူက ကိုအောင်ဘုဆိုပါစို့။

( နာမည်မတူအောင်စဥ်းစားပြီး ဥပမာပေးကာမှ နာမည်တူသူရှိရင် Sorry ပါဗျာ ) 


အောင်ဘု ဖုန်းဆက်ပါ။

အောင်ဘု လာပါ။

အောင်ဘု ဆက်သွယ်ပါ။


( ဦး၊ ဒေါ်၊ ကို၊ မ ဆိုတာတွေထည့်မရေးရဘူးနော်။ ) အဲ့ဒီလိုရေးပြီးတာနဲ့ အိပ်ခါနီးအချိန်၊ တနည်းအားဖြင့် တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ အာရုံမိမိလုပ်နိုင်မယ့်အချိန်လေးတစ်ခုမှာ အဲ့ဒီသာကို စိတ်ထဲကနေ အကြိမ်ကြိမ်ဖတ်ပေတော့ဗျို့။ ဘယ်နှစ်ခေါက်လဲမမေးနဲ့။ များများရွတ်လေ မြန်မြန်လာလေပဲ။ နောက်ဆုံး ချက်ခြင်းပြေးလာဖို့အချိန်မရရင်တောင် မုချဆက်သွယ်လာပါလိမ့်မယ်ဗျာ။ အဲ့ဒါနေ့စဥ်လုပ်ဖို့ပါ။ နေ့တိုင်းစာပြန်ရေးနေစရာမလိုပါဘူး။ အဲ့ဒီစာရွက်လေးသိမ်းထားပြီး ပြန်ပြန်သုံးလို့ရပါတယ်။ 


ကဲ... လက်တွေ့သုံးပေတော့....


#သုတဆန်း