ကျနော်ပြီးခဲ့တဲ့ ရက်ပိုင်းက ပစ်တိုင်းထောင်စမ, လေးကိုတင်ပေးလိုက်ပါတယ်။ ဒါပေမယ့် ပစ်တိုင်းထောင် ပုံသက်သက်ပဲတင်ပေးပြီး ဘာအကျိုးအကြောင်းမှ ထည့်မပြောလိုက်မိပါဘူး။ ဒီနေ့ ပြောပြပါမယ်။ 

✅ လဲကျမလိုဖြစ်နေရင် ဆောင်ထားဖို့

ဒါက ပစ်လိုက်တိုင်းထောင်တဲ့ ပစ်တိုင်းထောင်လေးရဲ့ ဟိတ်ဓာတ်ကို ယူဆတာပါ။ စမ, မှမဟုတ်ပါဘူး။ အရုပ်ကလေးဝယ်ဆောင်ထားလိုက်ရင်လည်း အဲ့ဒီဟိတ်ဓာတ်ကိုရပါတယ်။ ဘဝမှာ လဲပြိုသွားတဲ့အခိုက်၊ လဲကျမလိုဖြစ်နေတဲ့အခိုက်တွေမှာ ဒီစမ, ပုံလေးကို ရိုးရိုးလေးပဲဆောင်ထားလိုက်ရင် စွမ်းပါတယ်။ ဘယ်သူမဆိုအတွက်ပါ။

✅ အရေးကြီးတဲ့ အသက်ပိုင်းများ

အောက်ပါအသက်ပိုင်းတွေဟာ အရေးကြီးပါတယ်။ နေ့နံသားသမီးအလိုက် သက်ဆိုင်ရာအသက်ပိုင်းတွေကို ဖော်ပြလိုက်ပါတယ်။ အဲ့ဒီအသက်ပိုင်းကို တိတိကျကျရောက်လာတဲ့နှစ်တွေမှာ...

✅ စီးပွားရေးလုပ်ရတာ အဆင်မပြေဘဲ အရာရာမှာ ထိုင်မှိုင်နေရသလို ကံဇာတာ အေထိုးဆင်းနေတာမျိုး

✅ ဘယ်လောက်ပဲ ရှာရှာ လက်ထဲမှာ ငွေလုံးဝမမြဲဘဲ သဲထဲရေသွန်သလို ဖြစ်နေတာမျိုး

✅ မမျှော်လင့်ဘဲ မလိုလားအပ်တဲ့ စရိတ်စကတွေ ဝင်လာပြီး မလိုအပ်ဘဲ ငွေကုန်ကြေးကျ အရမ်းများလာတာမျိုး

✅ အနားယူချိန်မရှိဘဲ ခန္ဓာကိုယ်ရော စိတ်ဓာတ်ပါ စိစိညက်ညက်ကျေအောင် ပင်ပန်းနေရတာမျိုး

✅ လုပ်ငန်းခွင်မှာ အဆင်မပြေဖြစ်ပြီး စိတ်ကုန်လွန်းလို့ အလုပ်ကနေ ထွက်လိုက်ရတာ၊ အနားယူလိုက်ရတာမျိုး

✅ အိမ်တွင်းရေးမှာ ရန်တကျက်ကျက်နဲ့ ပဋိပက္ခဖြစ်ပြီး နေ့စဉ် အချင်းများနေရတာမျိုး

✅ အိမ်ထောင်ဘက်နဲ့ နားလည်မှုတွေလွဲ၊ သဘောထားတွေကွဲလွဲပြီး လမ်းခွဲပြတ်စဲသည်အထိ အက်ကြောင်းထလာတာမျိုး

✅ မိဘတွေ ကျန်းမာရေးချူချာပြီး မကြာခဏ ဆေးကုသမှုခံယူရတာမျိုး၊ ဂရုစိုက်စောင့်ရှောက်ရတာမျိုး

✅ မဟုတ်မမှန် စွပ်စွဲခံရတာ၊ အသရေဖျက်ခံရတာနဲ့ မလိုလားအပ်တဲ့ အမှုအခင်းတွေထဲ ပါဝင်သွားရတာမျိုး

✅ ယုံကြည်ရတဲ့သူ၊ မိတ်ဆွေရင်းချာတွေက မတရား လိမ်ညာလှည့်ဖြားသွားတာ၊ ဒါမှမဟုတ် ကျောခိုင်းစွန့်ပစ်ခံရတာမျိုး

✅ ကျန်းမာရေး ရုတ်တရက် ချူချာလာတာ၊ မတော်တဆ ထိခိုက်ဒဏ်ရာရတာနဲ့ ခွဲစိတ်ကုသမှုအထိ ဖြစ်ရတာမျိုး

✅ စိတ်ဓာတ်တွေ အစွန်အဖျားအထိ ကျဆင်းပြီး ဘာလုပ်လုပ် စိတ်မပါတော့ဘဲ စိတ်ကျရောဂါလိုမျိုး ခံစားရတာမျိုး

✅ ဘဝရဲ့ ရည်မှန်းချက်တွေ ပျောက်ဆုံးပြီး လမ်းပျောက်သလို ဖြစ်ကာ အရာရာမှာ ဇဝေဇဝါ ဖြစ်နေရတာမျိုး

✅ အရေးကြီးတဲ့ စာချုပ်စာတမ်း၊ ဂတိကဝတ်တွေ ပျက်စီးတာနဲ့ အခွင့်အရေးကောင်းတွေ လက်လွတ်ဆုံးရှုံးသွားရတာမျိုး

✅ အိပ်မပျော်တာ၊ အိပ်မက်ဆိုးတွေ ဆက်တိုက်မက်ပြီး စိတ်ခြောက်ခြားစရာတွေ ကြုံနေရတာမျိုးတွေဖြစ်တတ်ပါတယ်။

ဒီလိုကာလမျိုးရောက်ပြီဆိုရင် လူတိုင်းဟာ ကျနော့်ဆီက ယတြာတစ်ခုကိုရဖို့ ဗေဒင်မဖြစ်မနေ လာတွက်လေ့ရှိကြပါတယ်။ သူတို့အနေနဲ့ ဒီကိန်းထဲရောက်နေတာကို သိလို့တော့မဟုတ်ပါဘူး။ စောစောကပြောပြခဲ့တဲ့ပြဿနာတွေရင်ဆိုင်နေရလို့ပါ။ ခလုတ်ထိမှ အမိတ ဆိုသလို ... လူအများစုဟာ ဒုက္ခအခက်အခဲကြုံလာမှ ဗေဒင်ဆရာကို သတိရတဲ့အခါ ဗေဒင်ဆရာကလည်း တွက်ကြည့်လိုက်တိုင်း ကံဆိုးတဲ့ကာလရောက်နေကြောင်း အမြဲတွေ့နေရတဲ့အခါ အကောင်းတွေဟောပေးချင်ရင် လက်ရှိနှစ်အစား ဘယ်နှစ်မှကောင်းမယ်လို့ ရှောင်ဟောရလေ့ရှိပါတယ်။ လူအနည်းစုကတော့ အနည်းဆုံး တစ်နှစ်တခါ ​ကံဇာတာကို စစ်ဆေးလေ့ရှိပြီး လိုအပ်သလို ကြိုတင်ကာကွယ်မှုလုပ်ထားတဲ့အခါ အဆင်ပြေကြတာများပါတယ်။ ကျနော့်ဆီမှာ ယတြာယူဖို့ အကြောင်းမတိုက်ဆိုင်ရင် လုပ်ဆောင်လို့ရအောင် ခုပိုစ့်နဲ့ ထောက်ပံ့ပေးလိုက်တဲ့သဘောပါ။ အောက်ပါ အသက်ပိုင်းနဲ့ တိုက်ဆိုင်ဖို့က အသက်မှန်တွက်တတ်ဖို့လိုပါတယ်။ အသက်မှန်တွက်နည်းပါထည့်ရေးနေရရင် အဆင်မပြေတာကြောင့် ကျနော်ရေးပြီးသား ပို့စ်အဟောင်းတွေမှာရှာဖတ်ပါ။ ဒါမှမဟုတ် ဗေဒင်စွယ်စုံမှာတွက်ပါ။ ကျနော့်ကိုတော့ လှမ်းမမေးပါနဲ့ လူအများနဲ့ဆိုဖြေရတာ ကျနော့်အတွက် အချိန်အရမ်းကုန်ပါတယ်။ ကျနော်နဲ့ ကျကျနန တိုင်ပင်ချင်တယ်ဆိုလည်း Viber ကနေ မေးပါ။ မေးဆိုတာက ရက်ချိန်းကြိုယူထားရပါမယ်။ ခွင့်ပြုချက်မရှိပဲ ဖုန်းခေါ်နေတာ၊ အတင်းအကျပ်စာပို့နေတာမျိုးတွေ မလုပ်ပါနဲ့။ ကျနော့်ကို အနှောင့်အယှက်ပေးသလိုဖြစ်စေပါတယ်။ တခြား ဘယ်ကနေမေးမေး စာပြန်မှာမဟုတ်ပါဘူး။  အသက်မှန်ရဲ့သဘောကို ပမာပြရရင်...  ကျနော့်ကို 7.1.1985 မှာမွေးပါတယ်။ ဒီတော့ သာမန်တွက်ပုံအတိုင်း ...

2026 - 1985 = 41 

ဆိုတော့ 41 နှစ်လို့ ထင်စရာရှိပါတယ်။ တကယ်က ကျနော့်အသက်ဟာ လက်ရှိ 8.8.2026 အထိ 41 နှစ်၊ 6 လ၊ 29 ရက်ရှိပါပြီ။ လရက်တွေအစွန်းပိုနေတဲ့အတွက် အသက်မှန်ယူရင် 42 နှစ်လို့ယူမှ မှန်ပါတယ်။ အဲ့ဒီအသက်မှန်ကို နေ့နံအလိုက် ဇယားမှာပါမပါကြည့်ပါ။ ပါရင်တော့ စမ, ပစ်တိုင်းထောင်ကို ဆောင်ထားလို့ရပါပြီ။ (စမရေးဆွဲနည်းအသေးစိတ်သိလို့ ကိုယ်တိုင်ရေးဆွဲရင်လည်း ရသလို၊ ကျနော်ဆီမေးသူတွေက ကျနော်စီမံထားတာကို တောင်းယူနိုင်ပါတယ်။) ကဲ...  အသက်ပိုင်းတွေကြည့်လိုက်ရပါဦး ... အစဥ်လိုက်ကြည့်လို့လွယ်အောင် မလိုအပ်ပေမယ့် 1 ကနေ 108 အထိ ကိန်းသင်္ချာသဘောမျိုးစီစဥ်ပေးထားပါတယ်။ Like, Share လုပ်ခွင့်ပေးပါတယ်။ ဒါပေမယ့် မိမိရဲ့ Group, Page တွေမှာ ကိုယ်ရေးထားသလိုလို၊ ဘာလိုလိုနဲ့ ကော်ပီကူးသုံးတာမျိုးကို တင်းတင်းကျပ်ကျပ် တားမြစ်ပါတယ်။ သတိပြုပါ။


✅ တနင်္ဂနွေ

3, 4, 11, 12, 19, 20, 27, 28, 35, 36, 43, 44, 51, 52, 59, 60, 67, 68, 75, 76, 83, 84, 91, 92, 99, 100, 107, 108


✅ တနင်္လာ 

2, 3, 10, 11, 18, 19, 26, 27, 34, 35, 42, 43, 50, 51, 58, 59, 66, 67, 74, 75, 82, 83, 90, 91, 98, 99, 106, 107


✅ အင်္ဂါ 

1, 2, 9, 10, 17, 18, 25, 26, 33, 34, 41, 42, 49, 50, 57, 58, 65, 66, 73, 74, 81, 82, 89, 90, 97, 98, 105, 106


✅ ဗုဒ္ဓဟူး (ဗုဒ္ဓဟူးနေ့ မနက်မွေးသူ)

1, 8, 9, 16, 17, 24, 25, 32, 33, 40, 41, 48, 49, 56, 57, 64, 65, 72, 73, 80, 81, 88, 89, 96, 97, 104, 105


✅ ရာဟု (ဗုဒ္ဓဟူးနေ့ မွန်းလွဲမွေးသူ)

5, 6, 13, 14, 21, 22, 29, 30, 37, 38, 45, 46, 53, 54, 61, 62, 69, 70, 77, 78, 85, 86, 93, 94, 101, 102


✅ ကြာသပတေး

6, 7, 14, 15, 22, 23, 30, 31, 38, 39, 46, 47, 54, 55, 62, 63, 70, 71, 78, 79, 85, 86, 87, 94, 95, 102, 103


✅ သောကြာ

4, 5, 12, 13, 20, 21, 28, 29, 36, 37, 44, 45, 52, 53, 60, 61, 68, 69, 76, 77, 84, 85, 92, 93, 100, 101, 108


✅ စနေ 

7, 8, 15, 16, 23, 24, 31, 32, 39, 40, 47, 48, 55, 56, 63, 64, 71, 72, 79, 80, 87, 88, 95, 96, 103, 104