ကျနော့်ဆီ အမေးများတဲ့ မေးခွန်းတစ်ခုဖြစ်ပေမယ့် ကျနော်စာရေးဖို့ ခဏခဏလက်တွန့်နေရတဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ပညာနဲ့သက်ဆိုင်တဲ့ သင်တန်းတွေ၊ စာပေတွေကနေရလာတဲ့ အသိတရားတစ်ခုအရ ကလေးတွေရဲ့ စိတ်နေသဘာဝကို ကောင်းကောင်းကြီးသိထားတဲ့အခါ ဂမ္ဘီရပညာအနေနဲ့ ဘယ်လိုလုပ်ရင် အဆင်ပြေမယ်လို့ သင်ပေးလို့ရပေမယ့် တကယ်သိထားရမယ့် သဘောတရားတွေကို သိမထားတဲ့ မိဘတွေအနေနဲ့ မှားယွင်းတဲ့ အယူအဆတွေ၊ ဆုံးဖြတ်မှုတွေကို ပြုလုပ်ကုန်မှာစိုးရိမ်လို့ပါ။
ဒီဘက်ခေတ်မှာ မိဘနဲ့ သားသမီးတွေရဲ့ကြားမှာ စိန်ခေါ်မှုတချို့ရှိနေပါတယ်။ အဲ့ဒါကို ကလေးရဲ့ စိတ်ပညာနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ သဘောတရား (Developmental Psychology) တွေအရ ကြည့်ရင် ကလေးတွေက တမင် ရိုင်းစိုင်းချင်လို့၊ ဒါမှမဟုတ် ခေါင်းမာချင်လို့ မဟုတ်ဘဲ ခေတ်ရေစီးကြောင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကြောင့် ဖြစ်ရတာပါ။ ပြောစကားနားမထောင်ချင်ကြတဲ့ ကလေးတွေရဲ့နောက်ကွယ်က အဓိက စိတ်ပညာဆိုင်ရာ အကြောင်းအရင်းတွေကို သဘောတရားအလိုက် အနည်းငယ်ခွဲခြားကြည့်ကြရအောင်...
✅ Locus of Control နဲ့ Autonomy (လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်)
==============================
စိတ်ပညာရှင် Erik Erikson ရဲ့ လူမှုစိတ်ပညာဖွံ့ဖြိုးမှု သဘောတရားအရ ကလေးကြီးထွားလာတာနဲ့အမျှ သူတို့မှာ Autonomy (မိမိကိုယ်ပိုင် ထိန်းချုပ်ခွင့်) ဆိုတဲ့ လိုအပ်ချက် စတင်ကြီးထွားလာပါတယ်။
ဒီခေတ်ကလေးတွေဟာ သတင်းအချက်အလက်တွေ၊ အသိပညာတွေကို အင်တာနက်နဲ့ နည်းပညာကနေတစ်ဆင့် အလွယ်တကူ ရရှိကြတာကြောင့် အရင်ခေတ်ကထက် စုစည်းတွေးခေါ်နိုင်စွမ်း ပိုမြန်လာပါတယ်။
သူတို့မှာ "ငါ့ဘဝကို ငါကိုယ်တိုင် ထိန်းချုပ်ချင်တယ်" ဆိုတဲ့ စိတ်ရှိလာချိန်မှာ မိဘတွေက အမိန့်ပေးစနစ် (Authoritarian Command) နဲ့ "ငါပြောတာလုပ်၊ မေးမနေနဲ့" ဆိုပြီး ပြောလာတဲ့အခါ ကလေးတွေမှာ ခုခံလိုစိတ် (Psychological Reactance) ဖြစ်ပေါ်လာပါတယ်။
✅ Psychological Reactance Theory (စိတ်ပိုင်းဆိုင်ရာ ခုခံတွန်းလှန်မှု)
================================================
စိတ်ပညာရှင် Jack Brehm ရဲ့ သဘောတရားအရ လူတစ်ယောက်ဟာ သူရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ကို ခြိမ်းခြောက်ခံရပြီလို့ ခံစားရရင် အဲဒီလွတ်လပ်ခွင့်ကို ပြန်လည်ရယူဖို့အတွက် ဆန့်ကျင်ဘက်တွေ လုပ်လေ့ရှိပါတယ်။
✅ ကလေးကို အမိန့်တစ်ခု တိုက်ရိုက်ပေးလိုက်တဲ့အခါ ကလေးရဲ့ ဦးနှောက်က "ငါ့ရွေးချယ်ခွင့် ပျောက်သွားပြီ" လို့ ယူဆလိုက်ပါတယ်။
✅ ဒါကြောင့် ပြောစကားကို ငြင်းဆန်တာမျိုး၊ ဒါမှမဟုတ် မကြားချင်ယောင်ဆောင်တာမျိုးတွေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို မသိစိတ်ကနေ ပြန်လည်ကာကွယ်တာ ဖြစ်ပါတယ်။
✅ Brain Development (ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ အချက်အလက်)
========================================
ဦးနှောက်ရဲ့ ဆုံးဖြတ်ချက်ချတာ၊ စိတ်လှုပ်ရှားမှု ထိန်းချုပ်တာနဲ့ စည်းကမ်းလိုက်နာတာတွေကို တာဝန်ယူထားတဲ့ Prefrontal Cortex (ဦးနှောက်ရှေ့ပိုင်း အပေါ်ယံလွှာ) ဟာ အသက် ၂၅ နှစ် ဝန်းကျင်မှသာ လုံးဝ အပြည့်အဝ ဖွံ့ဖြိုးတာ ဖြစ်ပါတယ်။
ဒီခေတ်မှာ ဒစ်ဂျစ်တယ် မီဒီယာတွေကြောင့် ကလေးတွေရဲ့ Dopamine system (ချက်ချင်း ပျော်ရွှင်မှုရလိုစိတ်) က ပိုမိုလှုံ့ဆော်ခံရပါတယ်။
ဖုန်းကြည့်နေချိန်၊ ဒါမှမဟုတ် ဂိမ်းဆော့နေချိန်မှာ မိဘက ခိုင်းလိုက်ရင် ဦးနှောက်ရဲ့ ပျော်ရွှင်မှုဖြစ်စဉ်ကို ရုတ်တရက် ဖြတ်တောက်လိုက်သလို ဖြစ်သွားတာကြောင့် အလွန်အမင်း ငြင်းဆန်ချင်စိတ် ဖြစ်ပေါ်စေပါတယ်။
✅ Communication Gap (ဆက်ဆံရေးဆိုင်ရာ ဟာကွက်)
==================================================
အဓိက ကွာခြားချက်ကတော့ မိဘအများစု သုံးလေ့ရှိတဲ့ Authoritarian Style (အမိန့်ပေး စည်းကမ်းနည်းလမ်း) နဲ့ ကလေးတွေ တောင်းဆိုနေတဲ့ Authoritative Style (နားလည်မှုရှိပြီး မျှတတဲ့ စည်းကမ်းနည်းလမ်း) တို့ရဲ့ ထိတွေ့မှု ဖြစ်ပါတယ်။
အရင်ခေတ်ကတော့ "လူကြီးပြောရင် ငြိမ်ခံ" ဆိုတဲ့ လူမှုအသိုင်းအဝိုင်း Mindset။ ဒီဘက်ခေတ်မှာတော့ "ဘာကြောင့်လဲဆိုတာ ရှင်းပြမှ နားလည်မယ်" ဆိုတဲ့ တတ်သိနားလည်လိုစိတ် မြင့်မားတဲ့ Mindset ဖြစ်နေတဲ့အတွက် မတူညီတဲ့ ခေတ်ရေစီးကြောင်းသဘောကို မိဘတွေအနေနဲ့ အရင် နားလည်ထားဖို့ လိုပါတယ်။
ဒီတော့ ဒီအခြေအနေတွေကို ဘယ်လို ကောင်းကောင်း ကိုင်တွယ်ရမလဲ?
✅ အမိန့်အစား ရွေးချယ်ခွင့်ပေးပါ။
"စာသွားကျက်တော့" လို့ တိုက်ရိုက်အမိန့်ပေးမယ့်အစား "စာကို အခု ၁၀ မိနစ်ဆော့ပြီးမှ ကျက်မလား၊ ဒါမှမဟုတ် ရေမိုးချိုးပြီးမှ ကျက်မလား" ဆိုပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရရှိထားတယ်လို့ ခံစားရအောင် ပြောပေးရပါတယ်။
✅ အကြောင်းအရင်းကို ရှင်းပြပါ။
ကလေးတွေကို "ဘာလို့ လုပ်ရမှာလဲ" ဆိုတဲ့ Reasoning ကို ပြောပြပေးဖို့ လိုပါတယ်။ စည်းကမ်းတစ်ခု သတ်မှတ်တိုင်း နောက်ကွယ်က စေတနာနဲ့ အကြောင်းအရင်းကို လေးစားစွာ ရှင်းပြတာက ခုခံလိုစိတ်ကို လျှော့ချပေးပါတယ်။
✅ ဆွေးနွေးမှု (Active Listening) ပြုလုပ်ပါ။
ကလေးက စကားမနားထောင်ဘဲ ငြင်းဆန်နေတဲ့အခါ ရုတ်တရက် ဒေါသ မထွက်ဘဲ "မင်း ဘာကြောင့် ဒါကို မလုပ်ချင်ရတာလဲ" ဆိုတာမေးပြီး သူ့ဘက်က စကားကို အရင်နားထောင်ပေးခြင်းအားဖြင့် သူတို့မှာ လေးစားခံရမှု ခံစားချက် (Sense of respect) ကိုရရှိစေပါတယ်။
ဒီတော့ ဒီဘက်ခေတ်ကလေးတွေဟာ မိဘရဲ့ပြောစကားကို နားမထောင်တာထက် "အမိန့်ပေးတာကို မကြိုက်တာ" နဲ့ "အကြောင်းပြချက်မရှိဘဲ ခိုင်းတာကို မခံယူချင်ကြတာ" လို့ စိတ်ပညာသဘောအရ အရင်နားလည်ထားသင့်ပါတယ်။ ပြီးမှ အခု ကျနော်ပြောပြမယ့် ကိုယ့်အပြောကို နားဝင်လွယ်စေမယ့် "ဟန့်ပါဝါ" အစီရင်ကို ပြုလုပ်သင့်ပါတယ်။ ဟန့်ပါဝါဆိုတဲ့ စကားလုံးက ကျနော်တီထွင်လိုက်တာပါ။ ဒီပညာက ရှေးဟောင်း အမောင်းအဟန့်ပညာအမျိုးအစားထဲမှာပါဝင်ပေမယ့် အမောင်းအဟန့်လို အကြမ်းစားစွမ်းအင်မျိုးမဟုတ်တဲ့အတွက် အမောင်းအဟန့်လို့ တိုက်ရိုက် မသုံးချင်တာကတကြောင်း၊ အမောင်းအဟန့်ပညာနွယ်မျိုးဖြစ်ကြောင်း သိစေလိုတာကတကြောင်း။ Power ဆိုတဲ့ စွမ်းအားပါဝင်ကြောင်းကိုလည်းသိစေချင်ပေမယ့် Power လို့ တိုက်ရိုက်သုံးစွဲလိုက်ရင် စာစကားမလှသလိုခံစားရတာက တကြောင်းတို့ကြောင့် "ဟန့်ပါဝါ" လို့ တီထွင်လိုက်ရတာပါ။ စကားဆန်းသွားလို့ ရယ်ရွှင်ဖွယ်ဖြစ်သွားရင်လည်း နားလည်ပေးပါ။ နာမည်ထက် ပညာရပ်ကသာအရေးကြီးတာမို့ လုပ်ပုံလုပ်နည်းကိုပဲ အရယူထားပါ။ ဒီပညာရပ်ဟာ ကျနော့်ရဲ့ဆရာကြီးဦးမြတ်ရင်ရဲ့ ကိုယ်ပိုင်နည်းတစ်ခုဖြစ်တာကြောင့် "တခြားသောပညာရှင်တစ်ဦးဦးအနေနဲ့ နည်းယူပြီး တဆင့်ပြန်ကူညီချင်တယ်ဆိုရင် ကျနော့်ရဲ့ခွင့်ပြုချက်ဖြစ်စေ၊ ဆရာကြီးဦးမြတ်ရင်ရဲ့ သားတပည့်တစ်ဦးဦး
ခွင့်ပြုချက်ဖြစ်စေ... ကြိုတင်ရယူထားဖို့ လိုအပ်ပါကြောင်း ဦးစွာပဏာမ အသိပေးပါရစေ" မဟုတ်ရင် ပညာအမွေခံမထိုက်တဲ့အတွက် ထိရောက်မှာမဟုတ်ပါဘူး။ ကိုယ်တိုင်အသုံးပြုချင်တဲ့သူတွေအတွက်ကတော့ လက်ရှိကျနော့်ရဲ့ ခွင့်ပြုချက်ကို ရယူထားပြီးဖြစ်လို့ ပညာရပ်ရဲ့အကျိုးကို လက်တွေ့မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရရှိစေမှာဖြစ်ပါတယ်။ လုပ်နည်းမမှားစေဖို့နဲ့ ကျနစေဖို့ အဆင့်လိုက်ပြောပြတာကို သတိပြုပြီး ဖတ်စေချင်ပါတယ်။ ကြားဖြတ်အနေနဲ့ တစ်ခုကြိုပြောချင်တာက ဒီအစီရင်ကို ယုံမှလုပ်ပါ။ မယုံရင် ကျော်ထားခဲ့ပါ။ မယုံတဲ့သူကို ပေးနေတာမဟုတ်ပါဘူး။ ဒါ့အပြင် ဒီအစီရင်ကိုပြုလုပ်မိလို့ မိမိရဲ့သားသမီးကို ထိတာ၊ ခိုက်တာမျိုးလည်း လုံးဝမရှိကြောင်း ကျနော်တာဝန်ယူပါတယ်။
အဆင့် (၁)
===========
ကလေးရဲ့ မွေးနံအရ ဆပွတ်နေ့နံအသားကို ရယူပါ။ နားမလည်ဘူးလုပ်နေမှာစိုးလို့ အသင့်တွက်ပေးလိုက်ပါတယ်။
တနင်္ဂနွေသားသမီး = သီဟိုဠ်
တနင်္လာသားသမီး = ဒန်း
အင်္ဂါသားသမီး = အုန်း
ဗုဒ္ဓဟူး၊ ရာဟုသားသမီး = ကံ့ကော်
ကြာသပတေးသားသမီး = ဇီး
သောကြာသားသမီး = လင်းလွန်း
စနေသားသမီး = ပေါက်
အဆင့် (၂)
===========
စောစောက ဆပွတ်ဓာတ်သားနဲ့ သန်လျှက်ပုံထုလုပ်ပါ။ သန်လျှက်နဲ့အတိအကျတူအောင် ပန်းပုဆရာကောင်းကောင်းဆီမှာအပ်နှံပါ။ ပန်းပုဆရာတောင်းတဲ့ ထုလုပ်ခ ကို ကိုယ်မတတ်နိုင်ရင် တခြားပန်းပုဆရာကိုရှာပါ။
✅ ဘယ်တော့မှ ထုလုပ်ခကို စျေးမစစ်ပါနဲ့။ ✅
သန်လျှက်အရွယ်အစား သတ်မှတ်ချက်မရှိပါ။ အဆောင် Size လို့ပြောလိုက်ရင် ပန်းပုဆရာနားလည်ပါတယ်။ ထုလုပ်ခိုင်းရမယ့်နေ့ရက်ကတော့ ဘယ်နေ့သားသမီး ကလေးငယ်အတွက်ဖြစ်ပါစေ... လဆန်းနဲ့တိုက်ဆိုင်တဲ့ စနေနေ့ဖြစ်သင့်ပါတယ်။ လောကီပညာအလိုအရ စနေဆန်းလို့ခေါ်တဲ့ လဆန်း ၁ ရက်နဲ့ စနေနေ့တိုက်ဆိုင်ချိန်ဆို ပိုစွမ်းပါတယ်။ အချိန်ကတော့ အရေးမကြီးပါဘူး။
အဆင့် (၃)
==========
ရလာတဲ့ သန်လျှက်ကို ဘုရားစင်ရှေ့ယူသွားပါ။ ဘုရားရှိခိုး၊ ငါးပါးသီလခံယူပြီးတာနဲ့ သန်လျှက်ကို လက်ဝါးပေါ်တင်ပြီး ပုံမှာပြထားတဲ့ ဂါထာတော်နဲ့ ခေါက်ရေ ၁၀၈ ခေါက်ရအောင် အနည်းဆုံးထားပြီး ရွတ်မန်းပါ။ ဒီထက်ပိုထူးခြားသိသာစေချင်ရင် ၁၀၈၀ ခေါက်ရအောင် ရွတ်ဆိုပါ။
ဒီသုံးဆင့်လုံးကို မိဘကလုပ်ဆောင်ရပါတယ်။ ကလေးက မိန်းကလေးဆိုရင် ဖခင်ကပြုလုပ်ပေးရပြီး သားယောကျ်ားလေးဆိုရင် မိခင်ကပြုလုပ်ပေးရပါတယ်။ အားလုံးပြီးစီးရင်တော့ ဘယ်မိဘပဲဖြစ်ဖြစ် စတင် အသုံးပြုလို့ရပြီပဲဖြစ်ပါတယ်။ အသုံးပြုပုံကလွယ်ပါတယ်။ ပြောဆိုဆုံးမချင်တဲ့အချိန် သန်လျှက်ကို ဆောင်ထားပြီး ပြောဆိုဆုံးမပေးရပါတယ်။
အစီရင်ကတော့ ဒါပါပဲ... ဒီအစီရင်နဲ့ပတ်သက်ပြီး....
✅ မရှင်းတာ မေးလိုရင်ဖြစ်စေ...
✅ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်သိလိုရင်ဖြစ်စေ...
✅ စိတ်ချရအောင် ကျနော့်ကိုတွက်ချက်ပေးစေလိုရင်ဖြစ်စေ...
✅ သားသမီးနဲ့ပတ်သက်တဲ့ စိတ်ပညာပိုင်းဆိုင်ရာ လမ်းညွှန်မှုကို ရယူလိုရင်ဖြစ်စေ...
ကျနော့်ရဲ့ Viber နံပါတ်ဖြစ်တဲ့ +61 406 867 708 ကို #Child26 ဆိုတဲ့ ကုဒ်နဲ့အတူ ကလေးရဲ့နာမည်၊ မွေးသက္ကရာဇ် ကို ပြည့်ပြည့်စုံစုံရေးသားပြီး ပေးပို့ထားလို့ရပါတယ်။
✅ ရက်ချိန်းတော့ ကြိုယူထားဖို့လိုနိုင်ပါတယ်။
✅ ကျနော်ကိုယ်တိုင် သန်လျှက်ပြုလုပ်ပေးမှာမဟုတ်ပါဘူး။

0 Comments
Post a Comment