2024-02-04 14:50:11 ကနေ 2044-02-04 11:16:45 အထိကို Flying Star (Period 9) လို့ခေါ်ပါတယ်။ Feng Shui (ဖုန်းရွှေ) သဘောတရားအရ Period 9 ကို Li Trigram (離) က လွှမ်းမိုးထားပြီး အဲဒီ Trigram ရဲ့ အဓိပ္ပာယ်က "မီး" (Fire) ဖြစ်ပါတယ်။  ဒါကြောင့် ဒီကာလဟာ မီးဓာတ်နဲ့ သက်ဆိုင်တဲ့ ပြောင်းလဲမှုတွေ အရှိန်အဟုန်နဲ့ ဖြစ်လာတော့မှာပါ။


✅ Period 9 မှာ ဖြစ်လာမယ့် ထူးခြားချက်များ ✅

မီး (Fire) ဓာတ်ရဲ့ သဘောသဘာဝအရ အောက်ပါအချက်တွေ ထင်ရှားလာပါလိမ့်မယ်။


✅ နည်းပညာ နဲ့ AI ✅

မီးဟာ လျှပ်စစ်နဲ့ အလင်းရောင်ကို ကိုယ်စားပြုတဲ့အတွက် Artificial Intelligence (AI)၊ နည်းပညာအသစ်တွေ၊ အာကာသစုံစမ်းရေးနဲ့ Digital ငွေကြေးတွေဟာ အထွတ်အထိပ်ကို ရောက်လာပါလိမ့်မယ်။


✅ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ✅

Li Trigram ဟာ "အလယ်အလတ်အရွယ် အမျိုးသမီး" (Middle-aged Women) ကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်တွေ၊ နိုင်ငံရေးနဲ့ လူမှုရေးနယ်ပယ်တွေမှာ အသက် ၃၀ ကျော်ကနေ ၅၀ ကြား အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုနဲ့ အောင်မြင်မှုတွေဟာ သိသိသာသာ မြင့်တက်လာမှာပါ။


✅ စိတ်ဝိညာဉ်နဲ့ စိတ်ကျန်းမာရေး ✅

မီးဟာ နှလုံးနဲ့ စိတ်ဝိညာဉ်ကိုလည်း ကိုယ်စားပြုပါတယ်။ လူတွေဟာ ရုပ်ဝတ္ထုထက် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု၊ Occult နယ်ပယ်၊ တရားဓမ္မနဲ့ စိတ်ပညာပိုင်းဆိုင်ရာတွေကို ပိုပြီး အာရုံစိုက်လာကြပါလိမ့်မယ်။


✅ အမြင်အာရုံနဲ့အလှအပ ✅

"မျက်စိ" ကို ကိုယ်စားပြုတဲ့အတွက် Visual Content တွေ (ဥပမာ ... Video, VR, AR) နဲ့ အလှအပဆိုင်ရာ လုပ်ငန်းတွေ (Cosmetics, Plastic Surgery) ပိုပြီး ခေတ်စားလာမှာပါ။


✅ စီးပွားရေးအရ အကျိုးပေးမယ့် နယ်ပယ်များ ✅

Period 9 မှာ "မီး" နဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေဟာ အခွင့်အလမ်း ပိုများပါတယ်။


✅နည်းပညာ ✅

Programming၊ Software Development၊ Cybersecurity။


✅ စွမ်းအင် ✅

နေရောင်ခြည်စွမ်းအင် (Solar)၊ လျှပ်စစ်ကား (EV)။


✅ ဖျော်ဖြေရေး ✅

Social Media၊ ရုပ်ရှင်၊ Content Creation။


✅ စိတ်ပိုင်းဆိုင်ရာ ✅

Astrology၊ Tarot၊ Meditation၊ အကြံပေး (Counseling) လုပ်ငန်းများ။


✅ Kua 7 သမားများအတွက် ✅


Period 9 ရဲ့ "မီး" (Fire) ဟာ Kua 7 ရဲ့ "သတ္တု" (Metal) ဒြပ်စင်ကို အရည်ဖျော်ပစ်နိုင်တဲ့ သဘောရှိပါတယ်။ ဒါကို "Fire melts Metal" လို့ ခေါ်ပါတယ်။


✅ သတိထားရန် ✅

စိတ်ဖိစီးမှု ဒဏ်ကို ပိုခံရတတ်ပြီး နှလုံး (သို့မဟုတ်) အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။


✅ ကြိုတင် ပြင်ဆင်ရန် ✅

Period 9 ရဲ့ အကောင်းဆုံး အရပ်မျက်နှာက တောင်ဘက် (South) ဖြစ်ပါတယ်။ ဒါပေမယ့် Kua 7  အတွက် တောင်ဘက်က Wu Gui (ရန်ပွဲ/မီးဘေး) ဖြစ်နေတဲ့အတွက် မိမိအိမ်ရဲ့ တောင်ဘက်ခြမ်းမှာ မီးနဲ့ဆိုင်တဲ့ အရောင်တွေဖြစ်တဲ့ (အနီ၊ လိမ္မော်) ရောင်မျိုးတွေ၊ မီးစက်၊ ကွန်ပြူတာ စတဲ့ပစ္စည်းမျိုးတွေ မထားသင့်ပါဘူး။ အဲဒီအရပ်မျိုးမှာ မြေဓာတ် (Earth) နဲ့ သက်ဆိုင်တဲ့ အဝါရောင်၊ အညိုရောင်တွေ၊ ကြွေပန်းအိုး၊ စဉ့်ပန်းအိုးတွေ၊ ကျောက်မျက်ရတနာပစ္စည်းမျိုးတွေ ထားပြီး "မီး" ရဲ့ အရှိန်ကို လျှော့ချပေးဖို့ လိုအပ်ပါတယ်။


ဗေဒင်မေးရန် ... https://jhoro.com/appointment/

Kua Number တွက်ချက်ရန် ... https://jhoro.com/

ဖုန်ရွှေပညာသင်ကြားရန် ... https://course.jhoro.com/