ဒီ ယန္တြကို မူရင်းကျမ်းမှာတော့ ရွှေပြားပေါ်မှာရေးထွင်းရမယ်လို့
ဆိုထားပါတယ်။ မူကွဲကျမ်းတချို့ကမှာ ကတော့ ငွေပြား၊ ကြေးပြားလိုအရာတွေပေါ်မှာပါ ရေးထွင်းစီရင်နိုင်တယ်လို့
ဆိုထားပါတယ်။ ဒီမှာတော့ ကျနော်အသုံးပြုခဲ့တဲ့ လွယ်ကူတဲ့နည်းလမ်းကိုပဲ ပြောပြပါမယ်။
မိမိလင်ယောကျ်ားနဲ့အဆင်ပြေစေဖို့၊ နားလည်မှုရရှိစေဖို့၊ ချက္ကရများကို ဟန်ချက်ညီစေဖို့၊
ရပ်ဝေးမှလူ ပြန်လာစေဖို့၊ ခန္ဓာကိုယ်မှ ဓာတ်လေး ပါးညီမျှပြီး ကျန်းမာစေဖို့အတွက် အသုံးပြုနိုင်ပါတယ်။
အသုံးပြုနည်း …
ပြထားတဲ့ ယန္တြကို မျဉ်းကြောင်းမပါတဲ့ စက္ကူအဖြူတစ်ရွက်ပေါ်မှာ
ခဲတံနဲ့ပုံတူ ကူးရေးလို့ဖြစ်စေ၊ မိတ္တူကူးယူလို့ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ ကျနော်ကတော့
အသုံးပြုမယ့်သူရဲ့ မွေးနေ့ မနက် ၉း၄၅ မှာ မိတ္တူကူးယူစေပြီးမှ ကြွေပန်းကန်ပြားတစ်ချပ်ရဲ့အလယ်မှာ
ကော်နဲ့ကပ်ခိုင်းလေ့ရှိပါတယ်။ ပြီးရင် အဲဒီ ပန်းကန်ထဲမှာ ပန်းအဖြူ ( ၄၅ ) ပွင့် ( သို့
) နွားနို့တစ်ခွက်ကို ထည့်ခိုင်းပြီး အောက်ပါဂါထာနဲ့ ၄၅ ခေါက်ရွတ်ခိုင်းလေ့ရှိပါ တယ်။
"Mahim muladhare kamapi manipure huthavaham
Sthitham svadhistane hridi marutamakasam upari;
Mano'pi bhruu-madhye sakalamapi bhittva kula-patham
Sahasrare padme saha rahasi patyaa viharase."
မူရင်းမှာတော့ ၁၀၀၈ ( တစ်ထောင့်ရှစ်ခေါက် ) ရွတ်ရမယ်လို့ဆိုပါတယ်။
ရွတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ကျနော်ကတော့ အရှေ့မြောက်အရပ်လှည့်ထိုင်ပြီး
တစ်နေ့ ( ၄၅ ) ခေါက်နှုန်းနဲ့ ၄၅ ရက်ရွတ်ဆိုခိုင်းလေ့ရှိပါတယ်။ ဘယ်လောက်ခက်ခဲပါစေ
… နောက်ဆုံးအဆင်ပြေသွားတာချည်းပါပဲ။ ဂါထာက လူတိုင်းလိုက်ရွတ်ဖို့ အဆင်မပြေတတ်ပါဘူး။
ဒီတော့ ကျနော်ဘယ်လိုလုပ်ခိုင်းသလဲဆိုရင် အဲဒီဂါထာရွတ်ထားတဲ့ အသံဖိုင်ကို ဖုန်းနဲ့ဖွင့်ခိုင်းပြီး
စိတ်ထဲကနေ လိုက်ပါရွတ်ဆိုနေဖို့ အကြံပြုလေ့ရှိပါ တယ်။ ဒီလိုလုပ်လည်း အဆင်ပြေပါတယ်။
အသံဖိုင်ကို လိုချင်ရင် အောက်မှာ ဒေါင်းယူပါ။ နမူနာ နားထောင်လို့ရအောင်လည်း ဖန်တီးပေးထားပါတယ်။
Download Mp3
ပညာရှင်များအတွက်ကတော့ ဒီယန္တြ ကို ပုလင်းအစီရင်တွေနဲ့တွဲပြီး
အသုံးပြုနိုင်အောင် သီးသန့် သင်ခန်းစာပြုလုပ်ပေးပါမယ်။
0 Comments
Post a Comment