ဒီ ယန္တြကို မူရင်းကျမ်းမှာတော့ ရွှေပြားပေါ်မှာရေးထွင်းရမယ်လို့
ဆိုထားပါတယ်။ မူကွဲကျမ်းတချို့ကမှာ ကတော့ ငွေပြား၊ ကြေးပြားလိုအရာတွေပေါ်မှာပါ ရေးထွင်းစီရင်နိုင်တယ်လို့
ဆိုထားပါတယ်။ ဒီမှာတော့ ကျနော်အသုံးပြုခဲ့တဲ့ လွယ်ကူတဲ့နည်းလမ်းကိုပဲ ပြောပြပါမယ်။
ဒီယန္တြက အသက်ဓာတ်ကိုဖြစ်စေတဲ့ ယန္တြဖြစ်ပါတယ်။
ဒီတော့ အသက်ရှည်မှု၊ နုပျိုမှု၊ ကျန်းမာမှုတွေကို ပေးစွမ်းနိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင်
စိတ်ကျရောဂါခံစားနေရသူတွေအတွက်၊ အမျိုးသမီးရောဂါဆိုင်ရာများအတွက်ပါ အသုံးပြုနိုင် တယ်လို့
ဆိုပါတယ်။
အသုံးပြုနည်း …
ပြထားတဲ့ ယန္တြကို မျဉ်းကြောင်းမပါတဲ့ စက္ကူအဖြူတစ်ရွက်ပေါ်မှာ
ခဲတံနဲ့ပုံတူ ကူးရေးလို့ဖြစ်စေ၊ မိတ္တူကူးယူလို့ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ ကျနော်ကတော့
အသုံးပြုမယ့်သူရဲ့ မွေးနေ့ မနက် ၉း၄၅ မှာ မိတ္တူကူးယူစေပြီးမှ ကြွေပန်းကန်ပြားတစ်ချပ်ရဲ့အလယ်မှာ
ကော်နဲ့ကပ်ခိုင်းလေ့ရှိပါတယ်။ ပြီးရင် အဲဒီ ပန်းကန်ထဲမှာ အရည်ရွှမ်းတဲ့သစ်သီး ( ၉ )
မျိုုးကို ထည့်ခိုင်းပြီး အောက်ပါဂါထာနဲ့ ၉ ခေါက်ရွတ်ခိုင်းလေ့ရှိပါ တယ်။
"Sudha-dhara-sarais carana-yugalanta vigalitaih
Prapancham sinchanti punarapi ras'amnaya-mahasah;
Avapya svam bhumim bhujaga-nibham adhyusta-valayam
Svam atmanam krtva svapishi kulakunde kuharini."
မူရင်းမှာတော့ ၁၀၀၀ ( တစ်ထောင် ) ရွတ်ရမယ်လို့ဆိုပါတယ်။ ရွတ်နိုင်ရင်တော့
အကောင်းဆုံးပါပဲ။ ဒါပေမယ့် ကျနော်ကတော့ အရှေ့အရပ်လှည့်ထိုင်ပြီး တစ်နေ့ ( ၉ ) ခေါက်နှုန်းနဲ့
၉ ရက်ရွတ်ဆိုခိုင်းလေ့ရှိပါတယ်။ ဘယ်လောက်ခက်ခဲပါစေ … နောက်ဆုံးအဆင်ပြေသွားတာချည်းပါပဲ။
ဂါထာက လူတိုင်းလိုက်ရွတ်ဖို့ အဆင်မပြေတတ်ပါဘူး။ ဒီတော့ ကျနော်ဘယ်လိုလုပ်ခိုင်းသလဲဆိုရင်
အဲဒီဂါထာရွတ်ထားတဲ့ အသံဖိုင်ကို ဖုန်းနဲ့ဖွင့်ခိုင်းပြီး စိတ်ထဲကနေ လိုက်ပါရွတ်ဆိုနေဖို့
အကြံပြုလေ့ရှိပါ တယ်။ ဒီလိုလုပ်လည်း အဆင်ပြေပါတယ်။ အသံဖိုင်ကို လိုချင်ရင် အောက်မှာ
ဒေါင်းယူပါ။ နမူနာ နားထောင်လို့ရအောင်လည်း ဖန်တီးပေးထားပါတယ်။
Download Mp3
ပညာရှင်များအတွက်ကတော့ ဒီယန္တြ ကို ပုလင်းအစီရင်တွေနဲ့တွဲပြီး
အသုံးပြုနိုင်အောင် သီးသန့် သင်ခန်းစာပြုလုပ်ပေးပါမယ်။
0 Comments
Post a Comment