ဒီ ယန္တြကို မူရင်းကျမ်းမှာတော့ ရွှေပြားပေါ်မှာရေးထွင်းရမယ်လို့
ဆိုထားပါတယ်။ မူကွဲကျမ်းတချို့ကမှာ ကတော့ ငွေပြား၊ ကြေးပြားလိုအရာတွေပေါ်မှာပါ ရေးထွင်းစီရင်နိုင်တယ်လို့
ဆိုထားပါတယ်။ ဒီမှာတော့ ကျနော်အသုံးပြုခဲ့တဲ့ လွယ်ကူတဲ့နည်းလမ်းကိုပဲ ပြောပြပါမယ်။
ရှုပ်ထွေးပြီး ခက်ခဲနက်နဲတဲ့ ပြဿနာ ဆိုင်ရာကိစ္စတွေကိုဖြေရှင်းပေးနိုင်ပါတယ်။ အထူးသဖြင့်
မြုံနေတဲ့ အမျိုးသမီးတွေအတွက် ကိုယ်ဝန်ကို ရရှိစေတယ်လို့လည်းဆိုထားပါတယ်။
အသုံးပြုနည်း …
ပြထားတဲ့ ယန္တြကို မျဉ်းကြောင်းမပါတဲ့ စက္ကူအဖြူတစ်ရွက်ပေါ်မှာ
ခဲတံနဲ့ပုံတူ ကူးရေးလို့ဖြစ်စေ၊ မိတ္တူကူးယူလို့ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ ကျနော်ကတော့
အသုံးပြုမယ့်သူရဲ့ မွေးနေ့ မနက် ၉း၄၅ မှာ မိတ္တူကူးယူစေပြီးမှ ကြွေပန်းကန်ပြားတစ်ချပ်ရဲ့အလယ်မှာ
ကော်နဲ့ကပ်ခိုင်းလေ့ရှိပါတယ်။ ပြီးရင် အဲဒီ ပန်းကန်ထဲမှာ ထောပတ် အနည်းငယ်ကို ထည့်ခိုင်းပြီး
အောက်ပါဂါထာနဲ့ ၁၈ ခေါက်ရွတ်ခိုင်းလေ့ရှိပါ တယ်။
"Chaturbhih shri-kantaih shiva-yuvatibhih panchabhir
api
Prabhinnabhih sambhor navabhir api mula-prakrthibhih;
Chatus-chatvarimsad vasu-dala-kalasra-trivalaya-
Tri-rekhabhih sardham tava sarana-konah parinatah."
မူရင်းမှာတော့ ၁၀၀၀ ( တစ်ထောင် ) ရွတ်ရမယ်လို့ဆိုပါတယ်။ ရွတ်နိုင်ရင်တော့
အကောင်းဆုံးပါပဲ။ ဒါပေမယ့် ကျနော်ကတော့ မြောက်အရပ်လှည့်ထိုင်ပြီး တစ်နေ့ ( ၁၈ ) ခေါက်နှုန်းနဲ့
၁၈ ရက်ရွတ်ဆိုခိုင်းလေ့ရှိပါတယ်။ ဘယ်လောက်ခက်ခဲပါစေ … နောက်ဆုံးအဆင်ပြေသွားတာချည်းပါပဲ။
ဂါထာက လူတိုင်းလိုက်ရွတ်ဖို့ အဆင်မပြေတတ်ပါဘူး။ ဒီတော့ ကျနော်ဘယ်လိုလုပ်ခိုင်းသလဲဆိုရင်
အဲဒီဂါထာရွတ်ထားတဲ့ အသံဖိုင်ကို ဖုန်းနဲ့ဖွင့်ခိုင်းပြီး စိတ်ထဲကနေ လိုက်ပါရွတ်ဆိုနေဖို့
အကြံပြုလေ့ရှိပါ တယ်။ ဒီလိုလုပ်လည်း အဆင်ပြေပါတယ်။ အသံဖိုင်ကို လိုချင်ရင် အောက်မှာ
ဒေါင်းယူပါ။ နမူနာ နားထောင်လို့ရအောင်လည်း ဖန်တီးပေးထားပါတယ်။
Download Mp3
ပညာရှင်များအတွက်ကတော့ ဒီယန္တြ ကို ပုလင်းအစီရင်တွေနဲ့တွဲပြီး
အသုံးပြုနိုင်အောင် သီးသန့် သင်ခန်းစာပြုလုပ်ပေးပါမယ်။
0 Comments
Post a Comment