ဒီ ယန္တြကို မူရင်းကျမ်းမှာတော့ ရွှေပြားပေါ်မှာရေးထွင်းရမယ်လို့
ဆိုထားပါတယ်။ မူကွဲကျမ်းတချို့ကမှာ ကတော့ ငွေပြား၊ ကြေးပြားလိုအရာတွေပေါ်မှာပါ ရေးထွင်းစီရင်နိုင်တယ်လို့
ဆိုထားပါတယ်။ ဒီမှာတော့ ကျနော်အသုံးပြုခဲ့တဲ့ လွယ်ကူတဲ့နည်းလမ်းကိုပဲ ပြောပြပါမယ်။
အမှုအချုပ်ကနေလွတ်မြောက်လိုတဲ့အခါ မျိုးတွေ၊ တရားတဘောင်အမှုအခင်းကြုံနေရတဲ့အခါမျိုးတွေ၊
လိုအင်ဆန္ဒပြည့်၀လိုတဲ့အခါမျိုးတွေ၊ အကြွေးကင်းလိုတဲ့အခါမျိုးတွေ၊ နေရာကောင်းရလိုတဲ့အခါမျိုးတွေမှာအသုံးပြုနိုင်ပါတယ်။
အသုံးပြုနည်း …
ပြထားတဲ့ ယန္တြကို မျဉ်းကြောင်းမပါတဲ့ စက္ကူအဖြူတစ်ရွက်ပေါ်မှာ
ခဲတံနဲ့ပုံတူ ကူးရေးလို့ဖြစ်စေ၊ မိတ္တူကူးယူလို့ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ ကျနော်ကတော့
အသုံးပြုမယ့်သူရဲ့ မွေးနေ့ မနက် ၉း၄၅ မှာ မိတ္တူကူးယူစေပြီးမှ ကြွေပန်းကန်ပြားတစ်ချပ်ရဲ့အလယ်မှာ
ကော်နဲ့ကပ်ခိုင်းလေ့ရှိပါတယ်။ ပြီးရင် အဲဒီ ပန်းကန်ထဲမှာ ပန်းအနီ ( ၁၆ ) ပွင့်ကို ထည့်ခိုင်းပြီး
အောက်ပါဂါထာနဲ့ ၁၆ ခေါက်ရွတ်ခိုင်းလေ့ရှိပါ တယ်။
"Sudha-sindhor madhye sura-vitapi-vati parivrte
Mani-dweepe nipo'pavana-vathi chintamani-grhe;
Shivaakare manche Parama-Shiva-paryanka-nilayam
Bhajanti tvam dhanyah katichana chid-ananda-laharim."
မူရင်းမှာတော့ ၁၀၀၈ ( တစ်ထောင့်ရှစ်ခေါက် ) ရွတ်ရမယ်လို့ဆိုပါတယ်။
ရွတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ကျနော်ကတော့ အရှေ့မြောက်အရပ်လှည့်ထိုင်ပြီး
တစ်နေ့ ( ၁၆ ) ခေါက်နှုန်းနဲ့ ၁၆ ရက်ရွတ်ဆိုခိုင်းလေ့ရှိပါတယ်။ ဘယ်လောက်ခက်ခဲပါစေ
… နောက်ဆုံးအဆင်ပြေသွားတာချည်းပါပဲ။ ဂါထာက လူတိုင်းလိုက်ရွတ်ဖို့ အဆင်မပြေတတ်ပါဘူး။
ဒီတော့ ကျနော်ဘယ်လိုလုပ်ခိုင်းသလဲဆိုရင် အဲဒီဂါထာရွတ်ထားတဲ့ အသံဖိုင်ကို ဖုန်းနဲ့ဖွင့်ခိုင်းပြီး
စိတ်ထဲကနေ လိုက်ပါရွတ်ဆိုနေဖို့ အကြံပြုလေ့ရှိပါ တယ်။ ဒီလိုလုပ်လည်း အဆင်ပြေပါတယ်။
အသံဖိုင်ကို လိုချင်ရင် အောက်မှာ ဒေါင်းယူပါ။ နမူနာ နားထောင်လို့ရအောင်လည်း ဖန်တီးပေးထားပါတယ်။
Download Mp3
ပညာရှင်များအတွက်ကတော့ ဒီယန္တြ ကို ပုလင်းအစီရင်တွေနဲ့တွဲပြီး အသုံးပြုနိုင်အောင် သီးသန့် သင်ခန်းစာပြုလုပ်ပေးပါမယ်။
0 Comments
Post a Comment