Code Box ထည့်နည်းကို ဒီမှာလည်းရှင်းပြထားပါတယ်။ ဒါပေမယ့် အသုံးပြုရတာ နည်းနည်းမျက်စိ လည်တတ်ပြီး တခုခု မှားယွင်းသွားလို့ Theme Backup မရှိခဲ့ရင် အခက်အခဲတွေ့နိုင်ပါတယ်။ ဒီတော့ Blog မှာ မိမိ Code တွေကိုလည်း ဖော်ပြချင်တယ်။ အလုပ်လည်း မရှုပ်စေချင်ဘူးဆိုရင် ရိုးရိုးနဲ့ ရှင်းရှင်းပဲ ခုလို ပြုလုပ်နိုင်ပါတယ်။ ပိုပြီးလှပစေချင်ရင်တော့ ဒီမှာသွားဖတ်ပါ။ ခုတော့ ရိုးရိုးလေးနဲ့ စလိုက်ရအောင် … 

( ၁ ) Post တင်ဖို့အတွက် New Post ကို နှိပ်ပါ။

( ၂ ) HTML view ကို ပြောင်းပါ။

( ၃ ) အောက်က code ကို Copy ကူးပြီး မိမိဖော်ပြချင်တဲ့နေရာမှာထည့်ပါ။

<textarea rows="5" cols="70">
ဒီအထဲမှာ ကိုယ်ကြိုက်တာကိုယ်ရေးပါ။
</textarea>

( ၄ ) ဒီလိုပုံစံလေးပေါ်လာပါလိမ့်မယ်။