"ဖတ်... ဖတ်... ဖတ်... မပြောကောင်း မဆိုကောင်း၊ လွဲပါစေ... ဖယ်ပါစေ..."

ရှေးလူကြီးတွေ အ,မင်္ဂလာစကားကြားတိုင်း အခုလို ပါးစပ်က ရွတ်ဆိုတာကို ကြားဖူးကြပါလိမ့်မယ်။ ဒါပေမယ့်... ဒီ "ဖတ်" ဆိုတဲ့ အသံဟာ သာမန်အသံ မဟုတ်ဘဲ မကောင်းတဲ့ စိတ်လှိုင်းတွေကို ချက်ချင်းရှင်းလင်းပေးနိုင်တဲ့ လျှို့ဝှက်စွမ်းအင်တစ်ခုဆိုတာ လူသိနည်းပါတယ်။

မူရင်းသက္ကတစကားလုံးအရ "ဖဋ် (Phaṭ)" လို့ အသံထွက်ပြီး ဂမ္ဘီရပညာရပ်တွေမှာ "Astra Mantra" (စိတ်စွမ်းအင်ဆိုင်ရာ လက်နက်) အဖြစ် သတ်မှတ်ပါတယ်။ ဒီအသံကို သာမန်အသံရှည် မဟုတ်ဘဲ အသံတိုတို၊ ပြတ်ပြတ်သားသား ဆောင့်ပြီး ရွတ်ဆိုတဲ့အခါ ထူးခြားတဲ့ စွမ်းအားလှိုင်းတစ်ခု ဖြစ်ပေါ်လာပါတယ်။

ခေါင်းထဲမှာ အဆိပ်အတောက်အတွေးတွေ၊ အတိတ်က နာကျင်မှုတွေနဲ့ စိုးရိမ်စိတ်တွေ အဆက်မပြတ် ရိုက်ခတ်နေချိန်မှာ "Phaṭ" ဆိုတဲ့ အသံထွက်တစ်ချက်တည်းနဲ့တင် အဲဒီအတွေးလှိုင်းတွေကို ရုတ်တရက် ရပ်တန့်ပစ်နိုင်ပါတယ်။

ခေတ်သစ်စိတ်ပညာမှာ Pattern Interrupt လို့ခေါ်တဲ့ နည်းလမ်းတစ်ခု ရှိပါတယ်။ ကိုယ့်ကိုယ်ကို သံသယဝင်တာ၊ မကောင်းတဲ့အတွေးကွင်းဆက် (Loop) ထဲ နစ်မြောနေချိန်မှာ အသံ၊ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတစ်ခုခုနဲ့ ရုတ်တရက် ဖြတ်မချနိုင်သရွေ့ ဦးနှောက်က အဆိုးတွေကိုပဲ ထပ်ခါထပ်ခါ ထုတ်လုပ်နေတတ်ပါတယ်။

"Phaṭ" ဆိုတဲ့ အသံက အဲဒီ မကောင်းတဲ့ အတွေးသံသရာကို ချက်ချင်းဖြတ်တောက်ပြီး စိတ်ကို မူလဗလာ အခြေအနေ (Pure Awareness) ဆီ တိုက်ရိုက်ဆွဲတင်ပေးတာပါ။

အဆိုးမြင်စိတ်တွေ၊ စိုးရိမ်ပူပန်မှုတွေ ခေါင်းထဲဝင်လာတဲ့အခါ ဒီအသံကို အပြင်မှာ ကျယ်ကျယ်လောင်လောင် ဖြစ်စေ၊ စိတ်ထဲကနေ ပြတ်ပြတ်သားသား ဖြစ်စေ ရွတ်ဆိုလိုက်မယ်ဆိုရင် ...


✅ အတွေးဆိုး ကွင်းဆက်တွေ ရုတ်တရက် ရပ်တန့်သွားမယ်။

✅ စိတ်ခံစားချက်ရဲ့ ချုပ်ကိုင်မှု ချက်ချင်း ပြေလျော့သွားမယ်။

✅ စိတ်ဟာ ပစ္စုပ္ပန်တည့်တည့်ဆီ ချက်ချင်း ပြန်ရောက်လာမယ်။

ဒါဟာ မကောင်းတဲ့ နိမိတ်တွေကို အလွယ်တကူ ရှင်းလင်းဖယ်ရှားပေးနိုင်တဲ့ အသံစွမ်းအင်ရဲ့ လျှို့ဝှက်ချက်ပဲ ဖြစ်ပါတယ်။

ဒီအသံရဲ့ နောက်ခံအကြောင်းအရာ အသေးစိတ်ကိုတော့ အောက်ပါဆောင်းပါးမှာလည်း လေ့လာနိုင်ပါတယ်။


🔗https://sacredlegends.wordpress.com/2025/06/08/phat-psychic-sword-mantra-power/


(ဒီအသံလိုပဲ "ဥုံ ဖွ" လို့ သုံးကြတဲ့ "ဖွ" အသံရဲ့ အသုံးဝင်ပုံကိုလည်း နောက်ထပ် Post တစ်ခုမှာ ဆက်လက် ဖော်ပြပေးသွားပါမယ်။)