အဆင့် (၁) 

မြန်မာသက္ကရာဇ်ကို ၇ နဲ့ စားပြီး အကြွင်းကို မှတ်ထားပါ။ 


တကယ်လို့ မိတ်ဆွေက မြန်မာသက္ကရာဇ်ကို မသိဘူး။ အင်္ဂလိပ်သက္ကရာဇ် (ခရစ်သက္ကရာဇ်) ကိုပဲ သိတယ်ဆိုရင် အောက်ပါအတိုင်း မြန်မာသက္ကရာဇ်ကို အရင်ရှာနိုင်ပါတယ်။

✅ ဇန်နဝါရီလ 1 ရက်ကနေ ဧပြီလ 16 ရက်အတွင်းမွေးသူတွေက အင်္ဂလိပ်ခုနှစ်ထဲကနေ 639 ကို နုတ်ပါ။ မြန်မာသက္ကရာဇ်ရပါမယ်။

✅ ဧပြီလ 17 ရက်ကနေ ဒီဇင်ဘာလ 31 ရက်အတွင်းမွေးသူတွေက အင်္ဂလိပ်ခုနှစ်ထဲကနေ 638 ကို နုတ်ပါ။ မြန်မာသက္ကရာဇ်ရပါမယ်။

ဥပမာ ... 7.1.1985 မွေးသူရဲ့ မြန်မာသက္ကရာဇ်ကို ရှာကြည့်မယ်ဆိုရင် ... ဇန်နဝါရီလ 1 ရက်ကနေ ဧပြီလ 16 ရက်အတွင်းမွေးတာဖြစ်လို့ ... 1985 - 639 = 1346 ရပါတယ်။

1346 ဟာ မြန်မာသက္ကရာဇ်ဖြစ်လာတဲ့အတွက် အဆင့် (၁) အရ ၇ နဲ့ စားလိုက်ရင် 2 ကြွင်းပါတယ်။


အဆင့် (၂) 

မိမိဟာ ဘာနေ့မွေးသူလဲဆိုတာသိရပါမယ်။ ဥပမာ ... တနင်္ဂနွေသားသမီးလား၊ တနင်္လာသားသမီးလား ...စသဖြင့်ပေါ့။

တကယ်လို့ မိတ်ဆွေဟာ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမွေးလို့ ရာဟုသားသမီးဖြစ်နေခဲ့ရင်လည်း ဗုဒ္ဓဟူးနေ့မွေးသူလို့သာ ဒီစနစ်အရ ယုံကြည်ထားပါ။ ဒီစနစ်အရ ရာဟုသားသမီးအတွက် မရှိပါဘူး။


အဆင့် (၃)

ပြီးရင်တော့ ရလာတဲ့ အကြွင်းနဲ့ နေ့သားသမီးအရ အောက်က ဇယားမှာ ပြန်ရှာပြီး မိမိရဲ့ ဓာတ်ပန်းချီကို ဒေါင်းယူနိုင်ပါပြီ။


✅ သေသေချာချာတွက်ချက်စဥ်းစားပြီးမှသာ ကိုယ်တိုင်စိတ်ကြိုက် ဒီဇိုင်းဖန်တီးထားတာဖြစ်လို့ စိတ်ချလက်ချဆောင်ထားပါ။ အကျိုးထူးပါလိမ့်မယ်။

✅ ​မွေးနေ့မနက် ၉း၄၅ မှာ မိမိရဲ့ဖုန်း Wall Paper အဖြစ် Setup လုပ်ထားလိုက်ပါ။ ထူးခြားတဲ့ ကံကောင်းခြင်းတွေကို မကြာခင်ပိုင်ဆိုင်ခွင့်ရရှိပါလိမ့်မယ်။