ဖုန်းရွှေပညာရပ်ကို လေ့လာတော့မယ်ဆိုရင် လေ့လာသင့်တဲ့ အခြေခံအုတ်မြစ် အဆင့် (၄) ဆင့် ရှိပါတယ်။


✅ အဆင့် (၁) - အခြေခံသီအိုရီများ (The Foundations)

ဒီအဆင့်က ရှုပ်ထွေးတဲ့ တွက်ချက်မှုတွေ မလုပ်ခင် စကြဝဠာရဲ့ သဘောတရားကို နားလည်အောင် အရင်လုပ်ရတဲ့ အဆင့်ဖြစ်ပါတယ်။ ဒီသင်ခန်းစာပိုင်းမှာ အောက်ပါအချက်တွေကို အဓိက သင်ကြားရပါတယ်။


Qi (ချီစွမ်းအင်): စွမ်းအင်တွေ ဘယ်လိုစီးဆင်းလဲ?၊ ဘယ်မှာ ပိတ်ဆို့နေလဲဆိုတာကို မျက်စိနဲ့ မြင်အောင်ကြည့်တဲ့နည်း။

Yin & Yang (ယင်နဲ့ယန်): အလင်း/အမှောင်၊ အတက်/အကျ ဟန်ချက်ညီအောင် ညှိတဲ့သဘောတရား။

The Five Elements (ဓာတ်ကြီး ၅ ပါး): သစ်၊ မီး၊ မြေ၊ သတ္တု၊ ရေ တို့ရဲ့ အပြန်အလှန် အကျိုးပြုပုံနဲ့ ဖျက်ဆီးပုံ (Generating & Controlling Cycles) သီအိုရီ။


✅ အဆင့် (၂) - ပုံသဏ္ဌာန်စနစ် (Form School)

ဖုန်းရွှေပညာမှာ "School" ဆိုတာဟာ စာသင်ကျောင်းကို ဆိုလိုတာမဟုတ်ပါဘူး။ "အတွေးအခေါ် စနစ်" (System of Thought/Methodology) ကို ဆိုလိုတာပါ။

Form School ဟာ မျက်စိနဲ့ မြင်ရတဲ့ အရာတွေကို လေ့လာတဲ့စနစ်ပါ။ အောက်ပါအခြေအနေမျိုးတွေပေါ့။


အိမ်ရဲ့ အနေအထား၊ လမ်းဆုံမှာ ရှိနေတာလား၊ တောင်ကုန်းပေါ်မှာလား။

အိမ်ထဲက ပရိဘောဂတွေရဲ့ အနေအထား (ဥပမာ - အိပ်ရာက တံခါးနဲ့ တည့်တည့်ဖြစ်နေလား)။

Poison Arrows: ချွန်ထက်တဲ့ အနားသတ်တွေက ကိုယ့်ကို ထိုးနေသလား ဆိုတာတွေကို ကြည့်တာပါ။


✅ အဆင့် (၃) - သင်္ချာနှင့် နက္ခတ်ဗေဒင်စနစ် (Compass School)

ဒါကတော့ သံလိုက်အိမ်မြှောင်စနစ်လို့ ခေါ်နိုင်ပါတယ်။ ဒီအပိုင်းမှာက သင်္ချာတွက်ချက်မှုဆိုင်ရာတွေ ပါဝင်လာပါပြီ။ ရှုပ်ထွေးတဲ့ သင်္ချာတွက်ချက်မှုတွေအပေါ် အခြေခံထားပါတယ်။ ဒီအပိုင်းမှာ အောက်အချက်တွေကို လေ့လာရပါမယ်။


Kua Number: သုတအတွက် ကျွန်တော် တွက်ပေးခဲ့သလိုမျိုး လူတစ်ဦးချင်းစီရဲ့ အကျိုးပေးအရပ်ကို ရှာတာ။

Bagua Map: အိမ်တစ်အိမ်ရဲ့ ဧရိယာ ၉ ခုကို ကဏ္ဍအလိုက် ခွဲခြားတာ။

Flying Stars (Xuan Kong): ဒါကတော့ အဆင့်မြင့်ဆုံးပါ။ အချိန်ကာလအလိုက် စွမ်းအင်တွေ ပြောင်းလဲပုံကို သင်္ချာနည်းနဲ့ တွက်ချက်တာ ဖြစ်ပါတယ်။


✅ အဆင့် (၄) - လက်တွေ့အသုံးချခြင်း (Remedies & Enhancers)

စွမ်းအင်မကောင်းတဲ့ နေရာကို ဘယ်လိုကုမလဲ (Cure)၊ ကောင်းတဲ့နေရာကို ဘယ်လို ပိုကောင်းအောင် လုပ်မလဲဆိုတဲ့ (Enhance) ဆိုလိုတာပါ။ ဥပမာ ... အိမ်တစ်အိမ်ရဲ့ မီးဖိုနားမှာ လက်ဆေးခွက်ရှိနေမယ်ဆိုပါစို့ ... ဒါကို ဖုန်းရွှေပညာအရ မကောင်းဘူးလို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေနဲ့မီးဟာ ပဋိပက္ခဓာတ်ဖြစ်နေလို့ပါ။ ဒီလိုအခြေအနေမှာ အဲဒါကို ဘယ်လိုပြင်ဆင်မလဲ။ ကုစားရမလဲဆိုတာဟာ (Remedies & Enhancers) ပညာဖြစ်ပါတယ်။ အဲဒါကို ကောင်းကောင်းနားလည်ထားဖို့က ... ဓာတ်ငါးပါးရဲ့သံသရာ (Five Element Cycles) ကို သိထားသင့်ပါတယ်။ အောက်ပါအချက်တွေကို ဆိုလိုပါတယ်။

 

The Productive Cycle

The Weakening Cycle 

The Destructive Cycle 


အခု ကျနော်က Flying Star ရဲ့တွက်ချက်မှုတွေကို လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန်တွက်ချက်နိုင်ဖို့ ... ဗေဒင်စွယ်စုံထဲမှာ ဖန်တီးပုံဖော်ပေးထားပါတယ်။ Master Plan သမားတွေအတွက်ကတော့ လက်တွေ့စတင်အသုံးပြုနိုင်ပါပြီ။ ဒီ Program ကိုရေးသားဖို့ ကြိုးစားတဲ့အခါ ကျနော်ကိုယ်တိုင် နှစ်ပေါင်းများစွာ မသိပဲ ချာလည်လည်နေခဲ့ရတဲ့ အယူအဆတစ်ခုကိုပါ ပြင်ဆင်ပြီး ထည့်သွင်းခဲ့ရပါတယ်။ အဲဒီလျှို့ဝှက်ချက်ကို ဖုန်းရွှေသင်တန်းမှာ အကျယ်တဝင့်ရှင်းပြပေးပါမယ်။ ဒီမှာတော့ သာမန်ဗဟုသုတအနေနဲ့ပဲ မြင်သာအောင် ရှင်းပြပေးပါမယ်။ 


မိတ်ဆွေတို့လည်း ကြားဖူးမှာပါ။ နဂါးနှစ်ဘွားတို့၊ ကြွက်နှစ်ဖွားတို့ ... စတဲ့ အယူအဆတွေပေါ့။ ပြီးတော့ ... လက်ရှိနှစ်ဟာ မြွေနှစ်ဖြစ်တယ်။ ကြက်နှစ်ဖြစ်တယ်ဆိုတာမျိုးတွေပေါ့ ... အဲဒါကို လူအများစု လက်ခံထားတာက ... Chinese New Year အပေါ် အခြေခံပြီး ယူဆနေကြတာပါ။ ဆိုလိုတာက ... Chinese New Year နေ့ပြီးတာနဲ့ အဲဒီ နှစ်ဘွားယူဆချက်ဟာ စတင်ပြီး နောင်လာမယ့် Chinese New Year အထိလို့ လက်ခံသုံးစွဲတတ်ကြပါတယ်။ Chinese Calendar မှာတွက်ချက်ပုံ စနစ်နှစ်မျိုးရှိပါတယ်။ ဖုန်းရွှေပညာ ( အထူးသဖြင့် Flying Stars နဲ့ BaZi ပညာ) ကို နေသွားပြက္ခဒိန် (Solar Calendar) စနစ်ဖြစ်တဲ့ Lichun ရက်စွဲအပေါ် အခြေခံပြီး တွက်ချက်လေ့ရှိပါတယ်။

Chinese New Year ဆိုတာက လသွားပြက္ခဒိန် (Lunar Calendar) အပေါ်မှာ အခြေခံပြီးတွက်ချက်တာပါ။ Lichun (立春) ဆိုတာ "နွေဦး၏ အစ" လို့ အဓိပ္ပာယ်ရပါတယ်။ ဖုန်းရွှေပညာအရတော့ ဒါဟာ စွမ်းအင်သစ်တွေ စတင်စီးဆင်းတဲ့ တကယ့်နှစ်သစ် ဖြစ်ပါတယ်။

အဲဒီနှစ်ခုကို ကျနော်မကြာခဏ ရောထွေးခဲ့ပါတယ်။ ကျနော့်စိတ်ထဲ ဒီရက်စွဲနှစ်ခုဟာ တူတူပဲလို့ နားလည်ခဲ့တာပါ။ ကျနော်မှမဟုတ်ပါဘူး။ တကယ့်ဖုန်းရွှေပညာရှင်တွေကြားထဲမှာတောင် အဲဒီအယူအဆနှစ်မျိုးကို အငြင်းပွားနေကြပါတယ်။ 

ဒါကြောင့် အင်တာနက်ပေါ်က တွက်ရိုးတွေကို လေ့လာကြည့်တဲ့အခါ တွက်ရိုးမတူတာတွေ၊ တချို့က တူညီသလိုလိုရှိနေပြီး လက်တွေ့ ရက်စွဲတွေကို ခွဲခြားတွက်ကြည့်တဲ့အခါမှ တစ်ခုနဲ့ တစ်ခု မတူညီတော့တာတွေ စသဖြင့်တွေ့ရတတ်ပါတယ်။

ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ မဟာဘုတ်တွက်ရိုးစနစ်နဲ့ပဲ ဥပမာပေးရအောင်  ... ဒါဆို ပိုပြီး မြင်သာမယ်လို့ ထင်လို့ပါ။ ကျနော်တို့ မြန်မာတွေရဲ့နှစ်သစ်စချိန်ဟာ နှစ်ဆန်းတစ်ရက်နေ့ဖြစ်ပါတယ်။ ဇန်နဝါရီလို့ မယူဆပါဘူး။ ဒီတော့ ... မြန်မာတွေရဲ့ နှစ်ဆန်းတစ်ရက်နေ့ဟာ အများအားဖြင့် ဧပြီလ ၁၇ ရက်နေ့ဖြစ်ပါတယ်။ ဒီတော့ ... ပျမ်းမျှအားဖြင့် ဧပြီလ ၁၇ ရက်နေ့ကျော်မှမွေးသူ၊ မကျော်ခင်မွေးသူဆိုပြီး ပရိုဂရမ်ကို အလွယ်စီစဉ်လိုက်ရင်လည်း ရပါတယ်။ ဒါပေမယ့် နှစ်ရှည်ပြီး မှန်အောင် စဉ်းစားတဲ့အခါ တခါတရံ လွဲချော်မှုတွေဖြစ်ကောင်းဖြစ်တတ်ပါသေးတယ်။

ဒီတော့ ... မြန်မာပြက္ခဒိန်အရ ဘယ်ကာလဟာ နှစ်ဆန်းတစ်ရက်နေ့တိတိကျကျဖြစ်တယ်ဆိုတာ အရင်ရှာဖွေပြီးမှ မြန်မာလို ဘယ်နှစ်ဖြစ်ကြောင်း တိတိကျကျသိပြီး မဟာဘုတ်တွက်ချက်လိုက်တာမျိုးကသာ ပိုပြီး တိကျမှန်ကန်တယ်လို့ ဆိုရမှာပါ။ အခုလည်း ဒီလိုပါပဲ ... အင်တာနက်ပေါ်က Flying Star တွက်နည်းတချို့ဟာ အများအားဖြင့် မှန်ကန်တတ်ကြပေမယ့် တချို့နေရာတွေမှာ တွက်ကိန်းဆင်ပုံ ကြမ်းတဲ့အတွက် ရံခါ တက်တက်စင်အောင် လွဲမှားနေတာတွေ၊ ကိန်းကိုင်တွယ်ပုံတချို့ စနစ်မကျတာတွေ တွေ့ရတတ်ပါတယ်။ ဒီတော့ ကျနော်က Program ကို ပြန်ရေးတဲ့အခါ ...

ပထမဆုံးအချက်အဖြစ် Lichun ရက်စွဲဟာ ဘယ်နေ့ဖြစ်မလဲဆိုတာကို တိတိကျကျ အရင်ရှာဖွေရပါတယ်။ ပြီးမှ တွက်ချက်မှုတွေကို အဆင့်ဆင့်ပြုလုပ်ရပါတယ်။ ဒီတော့ ကျနော့်ရဲ့ Flying Star တွက်ရိုးမှာ အောက်ပါ Feature တွေပါဝင်လာပါတယ်။

ဒီ Program အတွက် VSOP87 (Variations Séculaires des Orbites Planétaires) လို့ခေါ်တဲ့ NASA နဲ့ အဆင့်မြင့် နက္ခတ်ဗေဒပညာရှင်တွေ သုံးတဲ့ ဂြိုဟ်ပတ်လမ်းဆိုင်ရာ Algorithm ကို အဓိက အသုံးပြုထားပါတယ်။

အထူးသဖြင့် Lichun ရက်စွဲကို ပျမ်းမျှယူမထားပဲ နေရဲ့ တည်နေရာဖြစ်တဲ့ 315 (Lichun Degree) အပေါ် အခြေခံထားပါတယ်။ ဒါကြောင့် Kua Number နဲ့  Flying Star တွေကို တွက်ချက်ရာမှာ အမှားအယွင်း မရှိနိုင်ပါဘူး။

ဒီနေရာမှာ Kua Number တွက်ချက်မှုမှာလည်း လျှို့ဝှက်ချက်တစ်ခု ရှိနေပါသေးတယ်။ အဲဒါကို သတိမမူမိရင် ... တွက်ချက်မှုအဖြေမှားယွင်းလာနိုင်ပါတယ်။ အဲဒါကတော့ ... တွက်ရိုးအရ Kua Number 5 ဖြစ်လာတဲ့အခါ ... ကျနော်တို့က 5 လို့ ယူဆလို့ မရပါဘူး။ ဒီလိုအခြေအနေဆိုရင် ... ယောကျ်ားလေးအတွက် 2, မိန်းကလေးအတွက် 8 လို့ ပြောင်းလဲယူဆရပါတယ်။ အဲဒီ Rule ကိုတော့ ကျနော် Kua Calculator မှာ ထည့်သွင်းထားပါတယ်။ ခုက အဲဒါကို ရှင်းပြနေတာမဟုတ်လို့ ခဏချန်ထားပါရစေ။

Flying Star အကြောင်း ပြန်ဆက်ရရင် ... အောက်က ပုံကိုကြည့်ပါ။ 



ဒါက ကျနော့်ရဲ့ ဗေဒင်စွယ်စုံတွက်ရိုးထဲက ဖြစ်ပါတယ်။  ပုံထဲမှာ ဇယားကွက် ၉ ခု ပါဝင်ပါတယ်။ ဇယားကွက်တစ်ခုထဲမှာ အခြေအနေ ၅ မျိုးပါဝင်ပါတယ်။ အဲဒီအခြေအနေ ၅ မျိုးဟာ ...


✅ Base Star ✅

အလယ်ဗဟိုက နီညိုရောင်နဲ့ပြထားတဲ့ ဂဏန်းအကြီးဆုံးကို Base Star (သို့) Period Star လို့ခေါ်ပါတယ်။ အဲဒါက ... အိမ်တစ်အိမ်ရဲ့ အခြေခံစွမ်းအင်ကို ဖော်ပြနိုင်ပါတယ်။


✅ Mountain Star ✅

ဘယ်ဘက်အပေါ်ထောင့်က အပြာရောင်နဲ့ပြထားတဲ့ ဂဏန်းကိုတော့ Mountain Star လို့ခေါ်ပါတယ်။ 24 Mountains Logic အရ ယင်နဲ့ယန် ကို ပေါင်းစပ်ပြီး တွက်ချက်ထားတဲ့ စနစ်ပါ။ 

အိမ်သားတွေရဲ့ ကျန်းမာရေးနဲ့ ဆက်ဆံရေးကို ဖော်ပြနိုင်ပါတယ်။


✅ Water Star ✅

ညာဘက်အပေါ်ထောင့်က အစိမ်းရောင်နဲ့ ပြထားတဲ့ ဂဏန်းကို Water Star လို့ခေါ်ပါတယ်။ စီးပွားရေးနဲ့ ငွေကြေးကံကို ဖော်ပြနိုင်ပါတယ်။


✅ House Direction ✅

အောက်ဘယ်ဘက်ထောင့်က မီးခိုးရောင်မြန်မာစာတွေနဲ့ ပြထားတဲ့နေရာကိုတော့ House Direction လို့ခေါ်ပါတယ်။ အိမ်တစ်အိမ်ရဲ့ အစိတ်အပိုင်းဋ္ဌာနတွေကို ကိုယ်စားပြုပါတယ်။

ဒါကိုကြည့်ပြီး ဘယ်အရပ်ဋ္ဌာနဟာ အိမ်ရဲ့ ဘယ်အပိုင်းအဖြစ် ကျရောက်နေတယ်ဆိုတာနဲ့ ကောင်းကျိုးဆိုးပြစ်တွေကို တွက်ချက်စဉ်းစားနိုင်ပါတယ်။


✅ Annual Star ✅

အောက်ညာဘက်ထောင့်က လိမ္မော်ရောင်နဲ့ပြထားတဲ့ ဂဏန်းတွေဟာ Annual Star တွေဖြစ်ပါတယ်။ အဲဒါက လက်ရှိနှစ်အရ ဘာတွေအပြောင်းအလဲရှိနိုင်မလဲဆိုတာကို ခန့်မှန်းဖို့အတွက်ဖြစ်ပါတယ်။


ပုံထဲမှာ ထည့်ပြလို့ မရတဲ့ Feature တချို့ကတော့ Video စီစဉ်ပြီး ရင်မြင်တွေ့ရပါလိမ့်မယ်။ ဒီမှာတော့ ... စာနဲ့ပဲ ပြောပါရစေ ... 


မိတ်ဆွေဟာ ... အိမ်တစ်အိမ်ကို ဆောက်တော့မယ်ဆိုရင်ပဲဖြစ်ဖြစ်၊ အိမ်တစ်အိမ်ကို ငှားနေရတော့မယ်ပဲဖြစ်ဖြစ် ... အဲဒီအခြေအနေမှာ အဲဒီအိမ်ရဲ့ အခြေအနေကို သိချင်တာမျိုး၊ ဒါမှမဟုတ်လည်း လက်ရှိနေထိုင်တဲ့ အိမ်ရဲ့ ဖွဲ့စည်းပုံက အကျိုးပေးမပေး၊ စနစ်ကျမှုရှိမရှိ သိချင်တာမျိုးပဲဖြစ်ဖြစ် ...

ဒါဆိုရင် ... ဒီတွက်ရိုးကို စတင်တွက်ချက်နိုင်ပါပြီ။ ... ဒါကို တွက်ချက်ဖို့ ... တွက်ချက်ချင်တဲ့ ရက်စွဲရယ်၊ အဲဒီ အိမ်ရဲ့ အရပ်လှည့် (ဒီဂရီ) ရယ် ... သက်ဆိုင်ရာဒေသရယ်ကို Program ထဲမှာ ထည့်သွင်းပြီး ခလုတ်တစ်ချက်နှိပ်လိုက်ပါ ... အခုလို ဇယားပေါ်လာပါလိမ့်မယ်။ ဒီဇယားပေါ်က ကိန်းဂဏန်းတွေရဲ့ 

အလုပ်လုပ်ပုံနဲ့ အယူအဆအသေးစိတ်ကတော့ ဖုန်းရွှေပညာသင်မထားပဲ ဟောတတ်မှာ မဟုတ်ပါဘူး။ ဒါကို လေ့လာနိုင်ဖို့ ဒီမှာ အရှည်ကြီးထပ်မရှင်းပြတော့ပါဘူး။ ကျနော့်ရဲ့ ဖုန်းရွှေပညာသင်တန်းမှာ ဆက်လက်လေ့လာပါ။ ခုပြောချင်တာက Program ကို အလွယ်သုံးပြီး အဟောထုတ်နိုင်ဖို့ပါပဲ။

ဒီအတွက် မိတ်ဆွေက ဖုန်းရွှေပညာတတ်မထားရင်လည်း အကြောင်းမဟုတ်ပါဘူး။ ဇယားကို မိတ်ဆွေတို့ရဲ့ အိမ်တစ်အိမ်အဖြစ် မြင်ယောင်ကြည့်ပါ။ အိမ်ရဲ့ အရပ်လှည့်အပေါ် အခြေခံထားပြီးဖြစ်တဲ့အတွက် အိမ်ရှေ့ဘက်ဟာ ဘယ်ဇယားကွက်နဲ့သက်ဆိုင်မယ်။ အိမ်နောက်ဟာ ဘယ်ဇယားကွက်နဲ့ သက်ဆိုင်မယ်ဆိုတာမျိုးကို 

ဇယားပေါ် ကြည့်ရုံနဲ့ သိနိုင်လိမ့်မယ်ထင်ပါတယ်။ မသိဘူးဆိုရင်တော့ ကိုယ့်အိမ်ပုံစံ အကြမ်းကို စာရွက်ပေါ်ချရေးပြီး ခုဇယားနဲ့ ယှဉ်ကြည့်ပါ။ ပြီးရင်တော့ ကိုယ်သိချင်တဲ့ အရပ်ကို ခလုတ်တစ်ချက်နှိပ်လိုက်ရုံပါပဲ။ ဒါဆို အဲဒီအရပ်အတွက် အကျိုးပေးနဲ့ ပြုလုပ်ရမယ့် ယတြာဆိုပြီး ပေါ်လာပါလိမ့်မယ်။

ဒီအဟောတွေကို ဘာလို့ ဒီလိုဟောမလဲဆိုတာနဲ့ အယူအဆအသေးစိတ်တွေကိုတော့ Program ထဲမှာ ထည့်ရှင်းမပြထားပါဘူး။ 


✅ Program ရဲ့ ရည်ရွယ်ချက်က လက်တွေ့အသုံးချမှုအတွက်ပါ။

✅ အယူအဆပိုင်း၊ သင်ခန်းစာပိုင်းသီးသန့်ဆိုရင်တော့ WizAstro သင်တန်းနဲ့သာသက်ဆိုင်ပါလိမ့်မယ်။


မှတ်ချက် ... ဖုန်းရွှေသင်တန်း လက်ရှိတင်မပေးရသေးပါဘူး။ Flying Star နဲ့ Kua Number အတွက်ကတော့ ဗေဒင်စွယ်စုံရဲ့ Master Level ကဏ္ဍမှာ ခုပဲ ဝင်လေ့လာနိုင်ပါပြီ။

ဗေဒင်စွယ်စုံ ... https://jhoro.com/

WizAstro Course: https://course.jhoro.com/