နာမည်တစ်ခုကို စနစ်ကျကျရွေးချယ်တော့မယ်ဆိုရင် ဆန်းကျမ်းပညာအရ...
✅ ဂြိုဟ်ကောင်းတွေရဲ့လွှမ်းမိုးမှု
✅ အက္ခရာနဲ့သရတွေရဲ့တွဲစပ်မှုတင်မက...
✅ တွဲလုံးစပ်ခြင်းကိုပါ သိထားရပါမယ်။
တကယ်တော့ ဒါက အနှစ်ချုပ်သဘောကိုပြောပြတာပါ။ ပထမနှစ်ခုရဲ့အကျယ်ကို နာမက္ခရဆန်း၊ နာမသုဒ္ဓိဆန်းတွေမှာလေ့လာရင် သဘောပေါက်လွယ်မှာပါ။ ခုရှင်းပြချင်တာက တတိယတစ်ခုဖြစ်တဲ့ တွဲလုံးစပ်ခြင်းနိယာမသဘောတရားဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ တော်ရုံဗေဒင်ဆရာတွေ ကြားဖူးချင်မှ ကြားဖူးပါလိမ့်မယ်။ ရှေးမှီနောက်မှီဆရာကြီးတွေနဲ့ ဆရာကြီးဦးမြတ်ရင်တပည့်တွေကတော့ ကြားဖူးကြမှာပါ။ ခုက သင်တန်းပေးနေတာမျိုးမဟုတ်လို့ ဗဟုသုတလောက်ပဲ နားလည်အောင်ရှင်းပြပါရစေ။ ဒီထက်မက လိပ်ပတ်လည်ပြီး အထူးနားလည်ချင်တာမျိုးဆိုရင်တော့ ကျနော့်ရဲ့ ဗေဒင်ပညာသင်တန်းခွဲတစ်ခုဖြစ်တဲ့ နာမက္ခရသင်တန်းကို ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။ တခါထဲပြောထားပါရစေ။ သင်တန်းဖိတ်ခေါ်တယ်ဆိုလို့ ငွေပေးနိုင်ရင် တက်လို့ရပြီလို့ မထင်မှတ်စေချင်ပါဘူး။ ကျနော်လက်မခံတဲ့သူမျိုးဆို သင်ပေးမှာမဟုတ်ပါဘူး။ ဒါကြောင့် လူစိစစ်ပြီးမှသာ သင်ပေးတတ်တာမို့ မိတ်ဆွေဘက်က တစုံတရာရိုးသားမှုမရှိဘူးဆိုတာနဲ့ အကြောင်းပြချက်မရှိပယ်ချလိုက်မှာဖြစ်ပါတယ်။ ဒါလေးကိုတော့ နားလည်ပေးပေါ့ဗျာ။ ဒါကလည်း ကျနော့်ပညာပေးနည်း မူတစ်ခုပါပဲ။ ကျနော့်ဆီလာမသင်လည်း တပည့်မရလို့ စိတ်မဆိုးတတ်ပါဘူး။ လာသင်တဲ့လူတိုင်းကိုလည်း ကျနော့်ဆီက အောင်လက်မှတ်ရထားသူကိုတောင် တပည့်လို့ လိုက်မကြွားတတ်ပါဘူး။ ပညာစစ်၊ ပညာမှန်ကို တကယ်လိုလားလို့ ပညာခံယူကြတဲ့ ပညာညီကိုမောင်နှမတွေလို့ပဲ သဘောထားပါတယ်။ ဒါကြောင့် ပညာစစ်၊ ပညာမှန်ကို တကယ်လိုချင်ရင်တော့ လာခဲ့ပါ။ မျက်နှာဖုံးတွေတော့ ထားခဲ့ပါ။ မျက်နှာဖုံးပါနေရင်တော့ ပညာစစ်ပညာမှန်ကို ဘယ်တော့မှ ရဖို့မရှိပါဘူး။ မိတ်ဆွေတို့ ဘယ်သူဘယ်ဝါဆိုတာ ကျနော်မသိပါဘူး။ မျက်နှာဖုံးပါလာရင်တော့ ဘယ်သူဘယ်ဝါဖြစ်နေပါစေ... ကျနော့်သင်တန်းက လုံးဝလက်မခံပါခင်ဗျား...
ကဲ... ကြော်ငြာဝင်တာ တော်တော့်ကိုများသွားပြီ။ လိုရင်း ရုန်းလိုက်ကြစို့ရဲ့။
တွဲလုံးစပ်ခြင်းနိယာမဆိုတာက...
သဘာဝနဲ့ယထာဘူတစနစ်ကို အခြေခံပါတယ်။
ကျနော် တခါက ပြောခဲ့ဖူးသလိုပေါ့...
ဇာတာမှာ... တနင်္ဂနွေ နဲ့ ကြာသပတေးအားကောင်းတယ်ဆိုရုံနဲ့...
အောင်မင်း
အောင်မြ
အောင်ပိုင်
အေးမင်း
အေးမြင့်
အိအိမောင်
အဲ့ဒီလိုတွေပေးလိုက်ရင် ပြီးရောလားဗျ။ တာဝန်ကျေပြီလို့များထင်သလား?
ပညာရှင်ဆိုတာ တဖက်လူရဲ့ ငွေကြေးရလိုဇောတစ်ခုနဲ့ ထင်ရာမလုပ်ရဘူးဗျ။ စားရတဲ့ ထမင်း... အပင်းထက် ဆိုးသွားမယ်။ ပညာရှင်ဆိုတာ ကိုယ်ယူတာနဲ့တန်အောင် ကိုယ့်ဘက်ကလည်း ပြန်ပေးဆပ်ရတယ်ဗျ။
တနင်္ဂနွေနဲ့ ကြာသပတေးကောင်းနေတာပဲ... အဲ့ဒီနာမည်တွေပေးလို့ရော မရလို့လား? ဘာများမှားနေလို့လဲ? လို့မေးစရာရှိတယ်။ ပေးလို့ရတယ်။ မမှားဘူး။ ဒါပေမယ့် လိုအပ်ချက်အများကြီး ရှိနေသေးတယ်လို့ သိထားရမယ်။ ခု ကျနော်ပြောတာကို ခင်ဗျားက မယုံပါဘူးဆိုရင် ... တောင်ပေါ်ရောက်နေတဲ့လူက အဝေးက ရေတံခွန်လေးကိုကြိုမြင်လို့ ပြောပြနေတာကို တောင်အောက်ကလူက မမြင်ရတာနဲ့ ရေတံခွန်မရှိပါဘူးလို့ ငြင်းသူလို ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်ဗျ။
တွဲလုံးစပ်ခြင်းနိယာမက ဒီနေရာမှာစကားပြောလာပြီ။
ကောင်း... ဆိုတဲ့ အလုံးကို... မြ ဆိုတဲ့ အလုံးနဲ့ တွဲလိုက်ရင် အဲ့ဒီလူဟာ ဥာဏ်နီဥာဏ်နက်များသွားရောဗျ။ ကျနော့် အကောင့်ထဲမှာ ကိုကောင်းမြဆိုတဲ့ နာမည်ပိုင်ရှင်တွေများတိုက်တိုက်ဆိုင်ဆိုင်ပါခဲ့ရင် နာမည်တူမရှား၊ လူတူမရှားလို့ပဲ နားလည်ပေးပါဗျာ။ ပညာရေးတစ်ခုအနေနဲ့ပြောပြခြင်းလို့ပဲ နားလည်စေချင်ပါတယ်။ ပုဂ္ဂိုလ်ရေးကို ထိခိုက်စေဖို့မရည်ရွယ်ပါဘူး။
ဒီတော့ ကောင်းနဲ့မြ ဘာဖြစ်လို့ တွဲလိုက်တာနဲ့ ဥာဏ်နီဥာဏ်နက်များစေသလဲဆိုရင်... တွဲလုံးစပ်ဥပဒေသအရ မသင့်လို့ပါ။ အကျယ်တော့ သင်တန်းမှပြောမယ်နော်။ ဒီတော့ဗျာ... ဥာဏ်နီဥာဏ်နက်များတယ်ဆိုလို့ ဒီနာမည်မျိုး ရှောင်ရမှာလား? မပေးရတော့ဘူးလားဆိုပြန်တော့... ဒီလိုလည်း မဟုတ်သေးဘူးဗျ။ ကလေးတစ်ယောက်ဟာ အေးတဲ့စရိုက်အခြေခံပြီး၊ ခပ်ထုံထုံ၊ ခပ်အအနဲ့ လူကလည်းကြောက်တတ်သေး၊ စကားပြောကလည်း နောက်ကျဆိုရင် ဒီနာမည်မျိုး ပေးလို့ရပါတယ်။ အဲ... တနင်္လာနဲ့ ကြာသပတေးကလည်း ဂြိုဟ်နေဂြိုဟ်ရပ်ကောင်းဦးမှနော်။ မဟုတ်ပဲ သွားပေးလို့မရဘူး။
ကောင်းနဲ့ သန့် တွဲလိုက်ရင်ရောဗျာ... ကောင်းသန့်တဲ့... လှလိုက်တဲ့နာမည်၊ ရိုးလိုက်တဲ့နာမည်ဗျာ... ဟုတ်ရဲ့လား? ဇွတ်အထင်မကြီးနဲ့ဦးဗျ။ တွဲစပ်လုံးရဲ့ နိယာမအဆိုအမိန့်က ထူးချွန်ထက်မြက်စေပြီး ကိုယ့်ဘဝကိုပြန်ဖျက်တတ်ပါသတဲ့ဗျာ... ဘာလို့လဲ? ဘာကြောင့်လဲ? ဆိုတာတော့ သင်တန်းမှပေါ့နော်။ ဒီနာမည်မျိုးဟာ ကြိုးစားမှုရှိတတ်ပြီး ကြိုးစားသလောက်လည်း အရာပေါက်တဲ့နာမည်ဗျ။ ပညာတတ်တွေအဖြစ်များတတ်သလို၊ ဇာတာမခိုင်လို့ ကံခေပြီး ပညာမတတ်ပါဘူးဆိုရင်တောင် တခုခုမှာတော့ မုချထူးချွန်တတ်သဗျ။ ဒါပေမယ့် သူတို့ဟာ တခုခုနဲ့ ကိုယ့်ကိုယ်ကို ပြန်ဖျက်မိတတ်ကြလေ့ရှိတယ်။ ဥပမာ... အရက်၊ မိန်းမ၊ လောင်းကစားတွေနဲ့ပေါ့။ ပညာတတ်ပြီး မကောင်းမှုအပေါ် အရမ်းစွဲလမ်းသွားတာမျိုးပေါ့။ ပြောရရင်တော့ အများကြီးပေါ့ဗျာ။ ဇာတာခွင်တွေဘာတွေချပြီး ဆွေးနွေးပြရမယ်ဆို ဒီထက်မက ပြောလို့ရပါသေးတယ်။
ဒါပေမယ့် ဒီထက်ပိုပြောရင် မကောင်းပါဘူး။ တိုးတိုးတိတ်တိတ် တိုင်ပင်ချင်ရင်တော့ ဗေဒင်ရက်ချိန်းလေးဘာလေးယူပြီး လာတိုင်ပင်ပေါ့... ဝေလေလေတော့ လာမလုပ်နဲ့ဦး... ကျနော်က ကျနော့်အချိန်ကို လာနှောင့်ယှက်ရင် ဘယ်သူ့မှ သည်းခံလေ့မရှိဘူး။ ဒီတော့ ခင်ဗျားတို့လည်း အကျိုးမရှိဘူးထင်ရင် အချိန်ကို အလဟဿအကုန်မခံကြနဲ့ဗျ။ ကုန်သွားတဲ့အချိန်တစ်ခုဟာ ကိုယ့်အတွက်ရော၊ အများအတွက်ရော သေချာပေါက်အကျိုးရှိအောင်လုပ်ကြ။ အဲ့ဒါတွေက အစားပြန်မရဘူးနော်။
0 Comments
Post a Comment