ကျနော်တို့အဘမင်းသိင်္ခက ဘာကိုပဲလုပ်လုပ် စနစ်တကျ လုပ်လေ့ရှိသူဖြစ်တယ်။ ပမာပြရမယ်ဆိုရင် တပည့်တွေ အလည်လာတဲ့အခါ ပဲကုလားဟင်းချက်ကျွေးတယ်ဆိုပါစို့။ ဒီအခါ အဘက အောက်ပါ အစီအစဉ်အတိုင်း ပစ္စည်း ၁၆ မျိုးကို ရအောင် ရှာပြီးမှသာ ချက်ကျွေးတတ်ပါတယ်။

  • ( ၁ ) ငါးခြောက်အရိုး ( ကကူရံခြောက် ကို ဦးစားပေးရွေးချယ်တတ်ပါသည်။ )
  • ( ၂ ) ကုလားပဲ
  • ( ၃ ) ခရမ်းသီး
  • ( ၄ ) ပဲသီး
  • ( ၅ ) ဒန့်သလွန်သီး
  • ( ၆ ) ဗူးသီး
  • ( ၇ ) ရုံးပတီသီး
  • ( ၈ ) အာလူး
  • ( ၉ ) ပဲစောင်းလျားသီး
  • ( ၁၀ ) ဆီ၊ ဆား
  • ( ၁၁ ) မဆလာ
  • ( ၁၂ ) ကြက်သွန်နီ
  • ( ၁၃ ) ကြက်သွန်ဖြူ
  • ( ၁၄ ) ငရုတ်သီး
  • ( ၁၅ ) မန်ကျည်းသီးမှည့်
  • ( ၁၆ ) ဖီးကြမ်းငှက်ပျောသီးအစိမ်း

ဘာလို့ ဒီလို စီစဉ်ထားရသလဲဆိုရင် … ပဲကုလားဟင်းစားရတဲ့ တပည့်အချင်းချင်းဆုံတဲ့အခါ … ငါ့အလှည့်တုန်းက ဘာတွေပါတယ်။ သူ့အလှည့်မှာ ဘာတွေမပါဘူး ဆိုပြီး အငြင်းမပွားစေဖို့ အတွက် ဖြစ်ပါတယ်။ ဒါက အဘရဲ့စနစ်တကျ အလုပ်လုပ်တတ်ပုံကို ဥပမာတခုအဖြစ်ပြောပြပေးလိုက်တာပါ။ ဒီလိုပဲ ကလေးနာမည်ပေးတော့မယ်ဆိုရင်လည်း အဘဟာ ကလေးတစ်ယောက်ရဲ့နာမည်မှာ ဘာတွေပါသင့်တယ်။ ဘယ်လိုတွေပါရမယ် စသဖြင့် အသေးစိတ်ကို စဉ်းစားပြီးမှ အခုလိုပဲ အစီအစဉ်လေးနဲ့ ပေးလေ့ရှိပါတယ်။ မဟုတ်ရင် … ငါ့အလှည့်တုန်းက ဘယ်အချက်တွေပါတယ်။ သူ့အလှည့်ကျတော့ ဘယ်အချက်တွေမပါဝင်ဘူးစသဖြင့် အငြင်းမပွားစေဖို့ ရည်ရွယ်ပါတယ်။ ကလေး နာမည်ပေးအတွက် အဘမင်းသိင်္ခဟာ အောက်ပါအချက်တွေကို ထည့်သွင်းစဉ်းစားပြီးမှသာ ပေးလေ့ရှိ ပါတယ်။

  • ( ၁ ) အမည်ပေးရတဲ့ အကြောင်းအရင်း
  • ( ၂ ) နာမည်ပေးအခမ်းအနားပြုလုပ်ပုံ
  • ( ၃ ) မွေးသက္ကရာဇ်အပြည့်အစုံ
  • ( ၄ ) မွေးဖွားရာဒေသ
  • ( ၅ ) မွေးဂဏန်းအကြောင်း
  • ( ၆ ) စိတ်နေစိတ်ထား
  • ( ၇ ) ပညာရေး
  • ( ၈ ) အိမ်ထောင်ရေး
  • ( ၉ ) ကျန်းမာရေး
  • ( ၁၀ ) တတ်စာ ( ဓာတ်စာမဟုတ်၊ နားလည်တတ်ကျွမ်းလို့ ပေးတဲ့အတွက် တတ်စာ )
  • ( ၁၁ ) သတိပြုရမယ့် အန္တရာယ်
  • ( ၁၂ ) ကလေးအတွက် ဘ၀တဆစ်ချိုးပြောင်းလဲသွားမည့်ကာလများ
  • ( ၁၃ ) ကလေးနှင့်မိဘအကျိုးပေး
  • ( ၁၄ ) ပန်းမြတ်မာလာ
  • ( ၁၅ ) ပြောစကားဆိုစကားနားထောင်စေဖို့
  • ( ၁၆ ) ဘ၀တသက်စာအဆောင်
  • ( ၁၇ ) ဘ၀တသက်စာအရောင်
  • ( ၁၈ ) ဘ၀တသက်စာနေ့ကောင်း
  • ( ၁၉ ) ဘ၀တသက်စာရက်သာ
  • ( ၂၀ ) ပဌာန်းဆက်
  • ( ၂၁ ) ပဌာန်းဆက်များအတွက် လှူဖွယ်ပစ္စည်းများ
  • ( ၂၂ ) ကလေးမွေးနေ့နှင့်တူသော ကမ္ဘာကျော်ပုဂ္ဂိုလ်များ

ကျနော်တို့ အဘတပည့်တွေကိုလည်း အဘက သူ့ရဲ့ အစီအစဉ်အတိုင်း ရွေးချယ်ပေးဖို့ သင်ပြခဲ့ပါတယ်။ ဒါကြောင့်လည်း အဘတပည့်တွေအားလုံးဟာ အဘရဲ့ မူအတိုင်း ပုံသေရွေးချယ်ပေးလေ့ရှိတတ်ပါတယ်။ အဘရဲ့ရည်ရွယ်ချက်က ကျနော် အထက်မှာ ပြောခဲ့သလိုပဲ … သူ့အလှည့်ကျ ဘယ်အချက်တွေပါတယ်။ ငါ့အလှည့်ကျ ဘာတွေမပါဘူးဆိုတာမျိုးကို မဖြစ်စေချင်လို့ဖြစ်ပါတယ်။ ဒီတော့ အဘတပည့်တစ်ဦးဖြစ် တဲ့ ကျနော်လည်း အဘရဲ့မူအတိုင်း အဲဒီအချက်တွေပါအောင် ထည့်သွင်းရွေးချယ်ပေးရပါတယ်။ ဒါပေမယ့် အဘပေးထားတဲ့ နာမည်ကိုက သုတဆန်း ဖြစ်နေတဲ့ကျနော်ဟာ ဆန်းပြားတဲ့ သုတတွေကို အခြေပြုပြီး အဘရဲ့မူကို အောက်ပါအတိုင်း အနည်းငယ်ပြောင်းလဲဖြည့်စွက်ပြီး ကလေးနာမည်ပေးကို ရွေးချယ်ပေးလေ့ရှိပါတယ်။ အဘရဲ့မူလည်းမပျက်၊ ခေတ်မှီတိုးတက်နေတဲ့ မူလည်း မကျန်ခဲ့စေဖို့ အထူး ရည်ရွယ်ပါတယ်။

  • ( ၁ ) ကလေးမွေးသက္ကရာဇ်အပြည့်အစုံ ( ခရစ်သက္ကရာဇ် ရက်၊ လ၊ နှစ်၊ နာရီ၊ မိနစ်၊ စက္ကန့်၊ မြန်မာသက္ကရာဇ် နှစ်၊ လ၊ ( လဆန်း/လပြည့်ကျော် ရက် ) မွေးနေ့၊ မွေးရပ်ဇာတိ။ )
  • ( ၂ ) ကလေးအမည်ပေးရတဲ့အကြောင်း ( သို့ ) အကြံပြုချက်များ
  • ( ၃ ) နာမကရဏမင်္ဂလာ ခေါ် နာမည်ပေးမင်္ဂလာအခမ်းအနားပြုလုပ်ပုံ
  • ( ၄ ) မွေးဇာတာအကြောင်း ( မဟာဘုတ်၊ ဂဏန်းဗေဒင်၊ နက္ခတ်ဗေဒင် )
  • ( ၅ ) စိတ်နေစိတ်ထား
  • ( ၆ ) အနာဂတ် စီးပွားရေး
  • ( ၇ ) အနာဂတ် အိမ်ထောင်ရေး
  • ( ၈ ) အနာဂတ် ပညာရေး
  • ( ၉ ) အနာဂတ် ကျန်းမာရေး
  • ( ၁၀ ) သတိပြုရမယ့် ရောဂါ၊ ဘေးအန္တရာယ်
  • ( ၁၁ ) ကျန်းမာရေးအတွက် တသက်စာ တတ်စာ ( တတ်လို့ ပေးတဲ့အစာ၊ ဓာတ်စာဟု ဆိုချင်ဆို )
  • ( ၁၂ ) မိဘအပေါ် အကျိုးပေးပုံပေးနည်း
  • ( ၁၃ ) ဘ၀တဆစ်ချိုး ပြောင်းလဲသွားမည့်ကာလများ
  • ( ၁၄ ) တသက်စာအကျိုးပေးသော အဆောင်ပန်းများ ( ပန်းမြတ်မာလာ )
  • ( ၁၅ ) တသက်စာ အဆောင်
  • ( ၁၆ ) တသက်စာ အရောင်
  • ( ၁၇ ) တသက်စာ နေ့ကောင်း
  • ( ၁၈ ) တသက်စာ ရက်သာ
  • ( ၁၉ ) ပဌာန်းဆက်ပုဂ္ဂိုလ်၊ လှူဖွယ်ပစ္စည်း
  • ( ၂၀ ) အကျိုးပေးကောင်းသော ပထမတန်းစား အမည် ၁ မျိုး
  • ( ၂၁ ) အကျိုးပေးကောင်းသော ပထမတန်းစား အင်္ဂဝိဇ္ဇာအမည် ၅ မျိုး
  • ( ၂၂ ) အကျိုးပေးကောင်းသော ပထမတန်းစား ဆန်းကျမ်းပညာ အမည် ၅ မျိုး ( နာမက္ခရ၊ ဆန်းမဟာမူ )
  • ( ၂၃ ) ကလေးဇာတာနှင့် တူညီသော ကမ္ဘာကျော်ပုဂ္ဂိုလ်များ

ဒါတွေဟာ ကျနော် အသုံးပြုတဲ့ ကလေးနာမည်ပေးအတွက် ပုံသေ ခေါင်းစဉ်တွေဖြစ်ပါတယ်။ အကျယ်ရှင်းပြချက်တွေကိုတော့ နာမည်ပေးဟောစာတမ်းထဲမှာ အကျယ်ဖတ်ရှုနိုင်ပါတယ်။ ဥပမာ အားဖြင့် … နာမကရဏမင်္ဂလာ ခေါ် နာမည်ပေးမင်္ဂလာအခမ်းအနားပြုလုပ်ချင်တဲ့အခါ မွေးစကနေ ရက် ၁၀၀ ပြည့်တဲ့နေ့မှာ ပြုလုပ်ရမယ်လို့ အဆိုရှိပါတယ်။ ဒါပေမယ့် ရက် ၁၀၀ ပြည့်တဲ့နေ့ဟာ ကလေးအတွက် အခါကောင်းတစ်ခုမဟုတ်ခဲ့ရင် ကောင်းတဲ့အခါကို ထပ်မံစိစစ်ရွေးချယ်ပါတယ်။ ဒီတော့ ကလေးဟာ ရက် ၁၀၀ တိတိပြည့်တဲ့နေ့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ၁၀၁၊ ၁၀၅၊ ၁၁၀ စသဖြင့် ရက်တခုခုလည်းဖြစ်သွားနိုင်ပါတယ်။ ဒီလိုဘာကြောင့်ဖြစ်သွားရသလဲဆိုတာကိုတော့ ဟောစာတမ်းထဲ မှာ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။ နာမည်တွေကို မိမိသဘောနဲ့ မိမိ ဖြုတ်၊ ပယ်၊ ပြောင်းလဲခွင့်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကလေးနာမည်ကို ရွေးချယ်တဲ့နေရာမှာ နာမည်တွဲလုံးစနစ်တွေကိုပါ ထည့်သွင်း စဉ်းစားခဲ့ရတဲ့အတွက် မိမိသဘောနဲ့ မိမိဖြုတ်ပယ်လိုက်မယ်။ ဒါမှမဟုတ် ထပ်မံဖြည့်စွက်လိုက်မယ်ဆို ရင် ကလေးရဲ့ဘ၀ဟာ အပြောင်းအလဲတွေ အများကြီးဖြစ်သွားစေနိုင်ပါတယ်။ ဥပမာ …

တနင်္ဂနွေအစ၊ ကြာသပတေးအဆုံးဖြစ်အောင် နာမည်ပေးမယ်ဆိုပါစို့ …

ကျနော်က အောင်မြတ်မော် လို့ နာမည်ပေးမိတယ်ဆိုပါစို့။ ဒါကို ကလေးမိဘတွေက အောင်မြတ်မော် ဆိုတဲ့နာမည်မှာ ( မော် ) ဆိုတာကို မကြိုက်လို့ ( မောင် ) လို့ပြင်ပြီး ထပ်ပေါင်းလိုက်မယ်ဆိုရင် ( အောင်မြတ်မောင် ) လို့ အမည်က ပြောင်းသွားမှာပါ။ ( တနင်္ဂနွေအစ၊ ကြာသပတေးအဆုံးဖြစ်တာခြင်း ကတော့ တူညီပါတယ်။ ) ဒီလိုပဲ … အောင်မြတ်မော် အစား ( မော် ) ကို ဖြုတ်ပယ်ပြီး ( အောင်မြတ် ) လို့ ခေါ်ဝေါ်သုံးစွဲမယ်ဆိုရင်လည်း ရတာပါပဲ။ ( တနင်္ဂနွေအစ၊ ကြာသပတေးအဆုံးဖြစ်တာခြင်း တူညီနေပါတယ်။ ) ဒါက သဘောတရားကို ပြောတာပါ။ လက်တွေ့မှာတော့ … ကျနော်တို့ ဗေဒင်ပညာ အရ …

  • အောင်မြတ်
  • အောင်မြတ်မော်
  • အောင်မြတ်မောင်

ဆိုတဲ့ အတွဲတွေဟာ မတူညီသလို၊ ကလေးရဲ့ဘ၀ကံကိုလည်း များစွာအပြောင်းအလဲဖြစ်သွားစေနိုင်ပါ တယ်။ ဒါကြောင့် ကျနော်ပေးတဲ့အမည်တွေကို ပြောင်းလဲချင်တယ်။ ဖြုတ်ပယ်ချင်တယ်။ ထပ်ပေါင်းချင် တယ်ဆိုရင် ကျနော်နဲ့ ထပ်မံဆွေးနွေးညှိနှိုင်းဖို့ လိုအပ်ပါမယ်။

နောက်ဆုံးအကြံပြုချင်တာကတော့ တချို့သော ကလေးမိဘတွေဟာ ကလေးရဲ့အမည်မှာ မိမိတို့ အမည် တွေကိုပါ ပေါင်းစပ်မှည့်ဆိုချင်တတ်ကြပါတယ်။ ဥပမာ … ဦးရာဇာရဲ့သမီး … ဧကရီရာဇာ စသဖြင့်ပေါ့။ ဒါတွေက ပေါင်းထည့်ချင်တိုင်း ပေါင်းထည့်လို့မရတတ်ပါဘူး။ ကလေးရဲ့ဇာတာထဲမှာ အကျိုးပေးလို့ ပေါင်းထည့်ရမယ်ဆိုရင် ပြဿနာမရှိပေမယ့် ကလေးအတွက် အကျိုးမပေးပဲနဲ့ ပေါင်းထည့်ပေးရမယ်ဆို ရင် ကလေးရဲ့ဘ၀ကို မိဘကိုယ်တိုင်က ဖျက်ဆီးလိုက်တာနဲ့ အလားတူပါတယ်။ ဒီတော့ … ကလေးမိဘ တွေအနေနဲ့ … မိမိအမည်နာမတွေကို ကလေးနာမည်မှာ ပေါင်းထည့်ချင်တယ်ဆိုရင် ကျနော်နဲ့ အထူးတိုင်ပင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှ ကျနော့်ဘက်က ပေါင်းထည့်သင့်မသင့် ဆိုတာမျိုးကို ပြန်ပြီးအကြံပြုပေးနိုင်မှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲနဲ့ … ငါတို့က မိဘပဲ ငါတို့ ပေးချင်တာပေးမယ်။ ဖြစ်အောင်သာ ပေါင်းထည့်ပေး ဆိုရင်တော့ … ကျနော်ကတော့ တာဝန်မယူပါဘူး။ ကလေးနာမည်အတွက် မိမိတို့ဘာသာ ပေးချင်လည်းပေးပါ။ ဒါမှမဟုတ် တခြားပေးချင်တဲ့ ဆရာတွေနဲ့ တိုင်ပင်ချင်တိုင်ပင်ပါ။

ကျနော့်ဆီမှာ ကလေးနာမည်ပေးချင်တယ်ဆိုရင်တော့ … အခမဲ့ မပေးပါဘူး။

သက်ဆိုင်ရာ ဉာဏ်ပူဇော်ခနှုန်းယူပါတယ်။

ဘယ်လောက်ယူသလဲ၊ ဘယ်လိုပေးရမလဲဆိုတာတွေ မမေးပါနဲ့ ... အောက်ပါလင့်မှာ ဝင်ကြည့်ပါ။ ဒါမှ နားမလည်ပါဘူးဆိုရင်တော့ … ကျနော်လည်း ဒီထက်ပိုပြီး ရှင်းမပြတတ်တော့ပါဘူး။ မိမိဘာသာ နှစ်သက်ရာဆရာတွေနဲ့ တိုင်ပင်ပါလို့ပဲ အကြံပြုလိုက်ပါတယ်ခင်ဗျာ …

ကလေးနာမည်ပေးရန် Click Here!