ဒီ ယန္တြကို မူရင်းကျမ်းမှာတော့ ရွှေပြားပေါ်မှာရေးထွင်းရမယ်လို့ ဆိုထားပါတယ်။ မူကွဲကျမ်းတချို့ကမှာ ကတော့ ငွေပြား၊ ကြေးပြားလိုအရာတွေပေါ်မှာပါ ရေးထွင်းစီရင်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒီမှာတော့ ကျနော်အသုံးပြုခဲ့တဲ့ လွယ်ကူတဲ့နည်းလမ်းကိုပဲ ပြောပြပါမယ်။ အပြိုင်အဆိုင်နိုင်လိုတဲ့ကိစ္စတွေ၊ အထူးသဖြင့် ပြိုင်ပွဲလိုအရာမျိုးတွေမှာ အနိုင်ရချင်တဲ့အခါမျိုးတွေ၊ အထက်လူကြီးဆီကနေအကူအညီရ လိုတဲ့အခါမျိုးတွေ၊ သားသမီးကောင်းရရှိလိုတဲ့အခါမျိုးတွေ ( ပန်းသေပန်းညိုးတာကိုလည်း ကုစားနိုင် တယ်လို့ ဆိုထားပါတယ်။ ) ဘက်စုံအောင်မြင်လိုတဲ့အခါမျိုးတွေမှာ အသုံးပြုနိုင်ပါတယ်။

 

အသုံးပြုနည်း …

ပြထားတဲ့ ယန္တြကို မျဉ်းကြောင်းမပါတဲ့ စက္ကူအဖြူတစ်ရွက်ပေါ်မှာ ခဲတံနဲ့ပုံတူ ကူးရေးလို့ဖြစ်စေ၊ မိတ္တူကူးယူလို့ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ ကျနော်ကတော့ အသုံးပြုမယ့်သူရဲ့ မွေးနေ့ မနက် ၉း၄၅ မှာ မိတ္တူကူးယူစေပြီးမှ ကြွေပန်းကန်ပြားတစ်ချပ်ရဲ့အလယ်မှာ ကော်နဲ့ကပ်ခိုင်းလေ့ရှိပါတယ်။ ပြီးရင် အဲဒီ ပန်းကန်ထဲမှာ ပန်းအဖြူ ( ၂၄ ) ပွင့်ကို ထည့်ခိုင်းပြီး အောက်ပါဂါထာနဲ့ ၂၄ ခေါက်ရွတ်ခိုင်းလေ့ရှိပါ တယ်။

 

"Dhanun paushpam maurvi madhu-kara-mayi pancha visikha

Vasantaha samanto Malaya-marud ayodhana-rathah;

Tatha'py ekah sarvam Himagiri-suthe kam api kripaam

Apangat te labdhva jagadidam Anango vijayate."

 

မူရင်းမှာတော့ ၅၀၀ ( ငါးရာ ) ရွတ်ရမယ်လို့ဆိုပါတယ်။ ရွတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ကျနော်ကတော့ အရှေ့အရပ်လှည့်ထိုင်ပြီး တစ်နေ့ ( ၂၄ ) ခေါက်နှုန်းနဲ့ ၂၄ ရက်ရွတ်ဆိုခိုင်းလေ့ရှိပါတယ်။ ဘယ်လောက်ခက်ခဲပါစေ … နောက်ဆုံးအဆင်ပြေသွားတာချည်းပါပဲ။ ဂါထာက လူတိုင်းလိုက်ရွတ်ဖို့ အဆင်မပြေတတ်ပါဘူး။ ဒီတော့ ကျနော်ဘယ်လိုလုပ်ခိုင်းသလဲဆိုရင် အဲဒီဂါထာရွတ်ထားတဲ့ အသံဖိုင်ကို ဖုန်းနဲ့ဖွင့်ခိုင်းပြီး စိတ်ထဲကနေ လိုက်ပါရွတ်ဆိုနေဖို့ အကြံပြုလေ့ရှိပါ တယ်။ ဒီလိုလုပ်လည်း အဆင်ပြေပါတယ်။ အသံဖိုင်ကို လိုချင်ရင် အောက်မှာ ဒေါင်းယူပါ။ နမူနာ နားထောင်လို့ရအောင်လည်း ဖန်တီးပေးထားပါတယ်။

 Download Mp3

ပညာရှင်များအတွက်ကတော့ ဒီယန္တြ ကို ပုလင်းအစီရင်တွေနဲ့တွဲပြီး အသုံးပြုနိုင်အောင် သီးသန့် သင်ခန်းစာပြုလုပ်ပေးပါမယ်။