ဒီ ယန္တြကို မူရင်းကျမ်းမှာတော့ ရွှေပြားပေါ်မှာရေးထွင်းရမယ်လို့ ဆိုထားပါတယ်။ မူကွဲကျမ်းတချို့ကမှာ ကတော့ ငွေပြား၊ ကြေးပြားလိုအရာတွေပေါ်မှာပါ ရေးထွင်းစီရင်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒီမှာတော့ ကျနော်အသုံးပြုခဲ့တဲ့ လွယ်ကူတဲ့နည်းလမ်းကိုပဲ ပြောပြပါမယ်။ တစ်ဦးနဲ့တစ်ဦးဆွဲဆောင်မှုဖြစ်လိုတဲ့အ ခါမျိုးတွေ၊ သံလိုက်ဓာတ်၊ ညှို့ဓာတ်တိုးပွားလိုတဲ့အခါမျိုးတွေ၊ အချစ်ရေး၊ အိမ်ထောင်ရေးတိုးတက်စေလို တဲ့အခါမျိုးတွေ၊ လူချစ်လူခင်များလိုတဲ့အခါမျိုးတွေမှာ အသုံးပြုုနိုင်ပါတယ်။

 

အသုံးပြုနည်း …

ပြထားတဲ့ ယန္တြကို မျဉ်းကြောင်းမပါတဲ့ စက္ကူအဖြူတစ်ရွက်ပေါ်မှာ ခဲတံနဲ့ပုံတူ ကူးရေးလို့ဖြစ်စေ၊ မိတ္တူကူးယူလို့ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ ကျနော်ကတော့ အသုံးပြုမယ့်သူရဲ့ မွေးနေ့ မနက် ၉း၄၅ မှာ မိတ္တူကူးယူစေပြီးမှ ကြွေပန်းကန်ပြားတစ်ချပ်ရဲ့အလယ်မှာ ကော်နဲ့ကပ်ခိုင်းလေ့ရှိပါတယ်။ ပြီးရင် အဲဒီ ပန်းကန်ထဲမှာ ပန်းအနီ ( ၁၂ ) ပွင့်ကို ထည့်ခိုင်းပြီး အောက်ပါဂါထာနဲ့ ၁၂ ခေါက်ရွတ်ခိုင်းလေ့ရှိပါ တယ်။

 

"Haris tvam aradhya pranata-jana-saubhagya-jananim

Pura nari bhutva Pura-ripum api ksobham anayat;

Smaro'pi tvam natva rati-nayana-lehyena vapusha

Muninam apyantah prabhavati hi mohaya mahatam."

 

မူရင်းမှာတော့ ၁၀၀၁ ( တစ်ထောင့်တစ်ခေါက် ) ရွတ်ရမယ်လို့ဆိုပါတယ်။ ရွတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ကျနော်ကတော့ အရှေ့အရပ်လှည့်ထိုင်ပြီး တစ်နေ့ ( ၁၂ ) ခေါက်နှုန်းနဲ့ ၁၂ ရက်ရွတ်ဆိုခိုင်းလေ့ရှိပါတယ်။ ဘယ်လောက်ခက်ခဲပါစေ … နောက်ဆုံးအဆင်ပြေသွားတာချည်းပါပဲ။ ဂါထာက လူတိုင်းလိုက်ရွတ်ဖို့ အဆင်မပြေတတ်ပါဘူး။ ဒီတော့ ကျနော်ဘယ်လိုလုပ်ခိုင်းသလဲဆိုရင် အဲဒီဂါထာရွတ်ထားတဲ့ အသံဖိုင်ကို ဖုန်းနဲ့ဖွင့်ခိုင်းပြီး စိတ်ထဲကနေ လိုက်ပါရွတ်ဆိုနေဖို့ အကြံပြုလေ့ရှိပါ တယ်။ ဒီလိုလုပ်လည်း အဆင်ပြေပါတယ်။ အသံဖိုင်ကို လိုချင်ရင် အောက်မှာ ဒေါင်းယူပါ။ နမူနာ နားထောင်လို့ရအောင်လည်း ဖန်တီးပေးထားပါတယ်။

 Download Mp3

ပညာရှင်များအတွက်ကတော့ ဒီယန္တြ ကို ပုလင်းအစီရင်တွေနဲ့တွဲပြီး အသုံးပြုနိုင်အောင် သီးသန့် သင်ခန်းစာပြုလုပ်ပေးပါမယ်။