အမြင်လှအောင် ဖန်တီးထားတာမဟုတ်လို့ 

အမြင်မလှဘူးလို့ပြောလည်း ခံရမှာပါပဲ။

အသုံးချ ဆော့ဝဲအဖြစ်ရေးထားခြင်းသာဖြစ်ပါတယ်။ 

ခုလောလောဆယ် ရေးသားဆဲအဆင့်ဖြစ်ပါတယ်။ 

အသုံးဝင်မယ့် Function တွေထပ်မံထည့်သွင်းရဦးမှာပါ။

တချို့ Function တွေကို သီးသန့်နေရာမပေးချင်တဲ့အတွက် ပေါင်းစပ်ရေးသားထားပါတယ်။ ဥပမာ... ဂြိုဟ်မြင်ဆိုပါတော့... သီးသန့်အနေနဲ့ဇယားချမပြတော့ပဲ သိလိုတဲ့ ဂြိုဟ်ပေါ်နှိပ်ကြည့်လိုက်ရင် အဲဒီဂြိုဟ်ကနေ အခြားဂြိုဟ်တွေကိုဘယ်လိုမြင်သလဲဆိုတာပြလာအောင် ရေးထားပါတယ်။ အယနမှာလည်း အခြား အယနတွေက အသုံးနည်းတယ်လို့ယူဆတဲ့အတွက် အသုံးများတဲ့ ၄ မျိုးလောက်ပဲထည့်သွင်းထားပါတယ်။ အဋ္ဌဝဂ္ဂစနစ်မှာလည်း ဂြိုဟ်တစ်လုံးခြင်းရဲ့ တွက်ပုံဇယားတွေကို ဖော်ပြမနေတော့ပဲ အကုန်ပေါင်းတွက်ထားတဲ့ သဗ္ဗဝဂ္ဂတစ်ခုကိုသာဖော်ပြခဲ့ပါတယ်။ နေရာကျဥ်းစေလိုတဲ့အတွက်ဖြစ်ပါတယ်။ 

လတ်တလောပြီးစီးမှုအနေနဲ့...

( ၁ ) ရာသီစက်၊ ဘာဝစက်၊ နဝင်းစက်

( ၂ ) ဝဂ္ဂစက် ၁၄ စက်

( ၃ ) ဝိသုတ္တရီဒသာ

( ၄ ) သဗ္ဗဝဂ္ဂ ( အဋ္ဌဝဂ္ဂဇယားချုပ် ) 

( ၅ ) ပဥ္စင်္ဂ ( အခါရွေးခြင်းအတွက် ) 

( ၆ ) အယနလေးမျိုး ( မြန်မာ၊ လဟီးရီး၊ ရာမန်၊ ကေပီ ) 

( ၇ ) ဂြဟဗလ ( ဂြိုဟ်မြင်အား ရူပ၊ ဝိရူပ )