ယုံကြည်မယ်ဆိုရင် လုပ်ပါ။

ဖြစ်ဖူးကြမှာပါ။ ရင်ထဲမှာ ပြောချင်တာတွေတအားများပြီး ပြည့်ကျပ်နေတာပဲ … ဒါပေမယ့် ရင်ဖွင့်လို့ကလည်း မဖြစ်၊ ရင်ထဲမှာ မျိုသိပ်ထားရလွန်းလို့ ပေါက်ကွဲချင် စိတ်ပါပေါက်နေပြီ။ ဒါပေမယ့် လက်တွေ့မှာတော့ ပေါက်ကွဲလို့ကလည်း မဖြစ်နိုင်။ ထုတ်ပြောလို့ကလည်းမရ။ ဘေးကျပ်နံကျပ်နဲ့ ဖြေရှင်းရခက်ခဲပြီး စိတ်ရှုပ်လွန်းလို့ သတ်သေချင်စိတ်ပါပေါက်ကုန်တာမျိုးတွေပေါ့ဒီလိုပြဿနာတွေ ဟာ ကြာရှည်ထိန်းသိမ်းထားလို့ ကောင်းတဲ့အရာမျိုးမဟုတ်ပါဘူး။ ကြာရင် မိမိရဲ့စိတ်အခြေအနေဟာ Depression ဘက်ကိုပါရောက်သွားပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ ဖြေရှင်းလို့ရတဲ့နည်းလမ်းအမျိုး မျိုးရှိပါတယ်။ သိပ္ပံနည်းကျဖြေရှင်းနည်းတွေရော၊ ဝိဇ္ဇာနည်းကျဖြေရှင်းနည်းတွေရော စုံလို့ပါပဲ … ဒါပေမယ့် ကျနော်က ဂမ္ဘီရပညာရပ်တွေကိုလိုက်စားထားတော့ ဂမ္ဘီရအလိုအရ ဖြေရှင်းနည်းကိုပဲ ပြောပြ ပါတော့မယ်။ အရမ်းလွယ်ပါတယ်။ လွယ်တယ်ဆိုပြီး ပေါ့ပေါ့တန်တန်တော့မထားပါနဲ့ဗျာအလကား ပေးလို့ အလကားပညာအဖြစ်မခံချင်ပါဘူး။ ဒါပေမယ့် ဒီနည်းလမ်းဟာ လူတိုင်းအတွက် အသုံးကျမှာမို့ မျှဝေပေးလိုက်ပါတယ်။ တချိန်က ကျနော်ကိုယ်တိုင် အခက်အခဲ၊ အကျပ်အတည်းပေါင်းများစွာ ရှိခဲ့ဖူးပါ တယ်။ ဒါပေမယ့် ဒီလိုနည်းလမ်းတွေနဲ့ပဲ အလျဉ်းသင့်သလို ဖြတ်ကျော်ခဲ့ရပါတယ်။ အဲဒီနည်းလမ်းတွေ ထဲမှာ ဒီနည်းကလည်း ကျနော် မကြာခဏ လုပ်ဖြစ်တဲ့နည်းတစ်ခုပေါ့ …

မနက်အိပ်ရာက ထထခြင်း၊ မိမိနှာခေါင်းပေါက်နှစ်ဘက်ရဲ့ ဝင်လေထွက်လေ အခြေအနေကို စမ်းသပ်​ ကြည့်ပါ။ ဝင်လေထွက်လေဟာ ပြိုင်တူထွက်ခဲပြီး တဖက်ဖက်က ခပ်ကြမ်းကြမ်းလေး ဖြစ်ပေါ်နေတာကို ခံစားသိရှိနိုင်ပါတယ်။ စမ်းသပ်တဲ့အခါ လက်ခုံနဲ့စမ်းသပ်ပါက ပိုပြီး ထိရောက်ပါတယ်။ ဝင်လေထွက်လေ များတဲ့ဘက်အခြမ်းက လက်နဲ့ ဘီးတစ်ချောင်းကို ကိုင်ပါ။ ( ဘီးဆိုတာ ခေါင်းဖီးတဲ့ ဘီးကို ပြောတာပါ။ ) 



ပြီးရင် သရဏဂုံ ( ၃ ) ပါးကို တတိယမ္ပိအထိကို တစ်ခေါက်နှုန်းသတ်မှတ်ပြီး ( ၃ ) ခေါက် ဘီးကို ရွတ်မန်းပါ။ ပြီးရင် အဲဒီဘီးနဲ့ပဲ … ခေါင်းကိုဖီးရင်း …

ဥုံ ဗုဒ္ဓံ ရှဲ

ဥုံ ဓမ္မံ ရှဲ

ဥုံ သံဃံ ရှဲ

လို့ တစ်ခေါက်စီရွတ်ရင်း ( ၃ ) ကြိမ်ခေါင်းကို ဖီးချပါ။ ခေါင်းက ဆံပင်တွေရှုပ်နေတာကို ဖီးချလိုက်တဲ့ နိမိတ်ဟာ ခေါင်းရှုပ်နေသမျှကို ဖြေရှင်းလိုက်တဲ့ နိမိတ်ပါ။ ဒီလိုပဲ … သရဏဂုံဆိုတဲ့ ပန်းသုံးပွင့်ကို ခေါင်းမှာ ပန်ဆင်လိုက်ပါပြီ။ မကောင်းတဲ့ အရာရာတွေကိုလည်း ရတနာသုံးပါးရဲ့ ဂုဏ်နဲ့ ( ရှဲသွားအောင် ) ဖယ်ရှားလိုက်ပါပြီ။ အဲဒီအလိုတွေပြည့်၀စေဖို့ ဝင်လေထွက်လေသဘောနဲ့လည်း အတည်ပြုခဲ့ပါပြီ။ ကဲ … မိတ်ဆွေ … ဘာစဉ်းစားနေတာလဲဟုတ်မှဟုတ်ပါ့မလားလို့ သံသယဝင်နေတာလား။ သံသယဝင် နေမယ့်အစား လက်တွေ့စမ်းကြည့်ပါလားဗျာမိတ်ဆွေအတွက် အချိန်အများကြီးလည်းမကုန်၊ ငွေအများကြီးလည်းမကုန်တဲ့ ဒီလိုနည်းလမ်းလေးကိုမှ မိတ်ဆွေကြီးက စဉ်းစားနေရတယ်ဆိုရင် မဟုတ်သေးပါဘူး။ ကြာနေပြီဗျာ … တွေးမနေနဲ့ … တွေဝေမနေနဲ့မနက်မိုးလင်းတာနဲ့ လုပ်ပေတော့ဗျာ …