ဒီ ယန္တြကို မူရင်းကျမ်းမှာတော့ ရွှေပြားပေါ်မှာရေးထွင်းရမယ်လို့ ဆိုထားပါတယ်။ မူကွဲကျမ်းတချို့ကမှာ ကတော့ ငွေပြား၊ ကြေးပြားလိုအရာတွေပေါ်မှာပါ ရေးထွင်းစီရင်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒီမှာတော့ ကျနော်အသုံးပြုခဲ့တဲ့ လွယ်ကူတဲ့နည်းလမ်းကိုပဲ ပြောပြပါမယ်။ ကျက်သရေတိုးတက်စေဖို့၊ အဆိပ်အတောက်ဘေးကင်းဝေးစေဖို့ အသုံးပြုနိုင်ပါတယ်။

 

အသုံးပြုနည်း …

ပြထားတဲ့ ယန္တြကို မျဉ်းကြောင်းမပါတဲ့ စက္ကူအဖြူတစ်ရွက်ပေါ်မှာ ခဲတံနဲ့ပုံတူ ကူးရေးလို့ဖြစ်စေ၊ မိတ္တူကူးယူလို့ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ ကျနော်ကတော့ အသုံးပြုမယ့်သူရဲ့ မွေးနေ့ မနက် ၉း၄၅ မှာ မိတ္တူကူးယူစေပြီးမှ ကြွေပန်းကန်ပြားတစ်ချပ်ရဲ့အလယ်မှာ ကော်နဲ့ကပ်ခိုင်းလေ့ရှိပါတယ်။ ပြီးရင် အဲဒီ ပန်းကန်ထဲမှာ အုန်းသီး တစ်လုံးကို ထည့်ခိုင်းပြီး အောက်ပါဂါထာနဲ့ ၂၅ ခေါက်ရွတ်ခိုင်းလေ့ရှိပါ တယ်။

 

"Kirantim angebhyah kirana-nikurumba'mrta-rasam

Hrdi tvam adhatte hima-kara-sila murthimiva yah;

Sa sarpanam darpam samayati sakuntadhipa iva

Jvara-plustan drshtya sukhayati sudhadhara-siraya."

 

မူရင်းမှာတော့ ၁၀၀၀ ( တစ်ထောင် ) ရွတ်ရမယ်လို့ဆိုပါတယ်။ ရွတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ကျနော်ကတော့ မြောက်အရပ်လှည့်ထိုင်ပြီး တစ်နေ့ ( ၂၅ ) ခေါက်နှုန်းနဲ့ ၂၅ ရက်ရွတ်ဆိုခိုင်းလေ့ရှိပါတယ်။ ဘယ်လောက်ခက်ခဲပါစေ … နောက်ဆုံးအဆင်ပြေသွားတာချည်းပါပဲ။ ဂါထာက လူတိုင်းလိုက်ရွတ်ဖို့ အဆင်မပြေတတ်ပါဘူး။ ဒီတော့ ကျနော်ဘယ်လိုလုပ်ခိုင်းသလဲဆိုရင် အဲဒီဂါထာရွတ်ထားတဲ့ အသံဖိုင်ကို ဖုန်းနဲ့ဖွင့်ခိုင်းပြီး စိတ်ထဲကနေ လိုက်ပါရွတ်ဆိုနေဖို့ အကြံပြုလေ့ရှိပါ တယ်။ ဒီလိုလုပ်လည်း အဆင်ပြေပါတယ်။ အသံဖိုင်ကို လိုချင်ရင် အောက်မှာ ဒေါင်းယူပါ။ နမူနာ နားထောင်လို့ရအောင်လည်း ဖန်တီးပေးထားပါတယ်။

 Download Mp3

ပညာရှင်များအတွက်ကတော့ ဒီယန္တြ ကို ပုလင်းအစီရင်တွေနဲ့တွဲပြီး အသုံးပြုနိုင်အောင် သီးသန့် သင်ခန်းစာပြုလုပ်ပေးပါမယ်။